မှတ်တမ်းမရှိသော အရေးအကြောင်းများ
စာအုပ်တစ်အုပ် ကောက်ရတာက စလို့
ဘ၀ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ်
ကိုယ့်အထင်နဲ့ကိုယ် ရူးနှမ်းလိုက်ရာက စတယ် ။
မျက်နှာမမော့ရဲအောင်ကို သဲသဲမဲမဲ ရွာချတယ်
ပြည့်ကြပ်နေတဲ့ အချိန်ဇယားထဲမှာ
သင်ရိုးညွန်းတမ်းက အစီအစဉ် ကျတစ်ချက်မကျ တစ်ချက်
တစ်ခါတစ်လေ အချိန်ဆိုတာကို
ပိုက်ဆံပေးပြီး ဖြုန်းတီးမိရာကစလို့
ပြတ်ရွှေ့ကြောင်းတွေနဲ့ လက်ပွန်းတတီး နေမိတယ်
မြေစမ်းတဲ့ ခရမ်းက အပင်ပေါက်အသီးသီးတော့
အိမ်ဆိုတာကို ခင်တွယ်ရကောင်းမှန်းမသိခဲ့ဘူး ။
လက်နှစ်ဖက်ဝှေ့ယမ်းနှုတ်ဆက်ရုံကလွဲလို့
ဘာများတတ်နိုင်ဦးမှာလဲ
နေ့ချင်းညချင်းဆိုတာကို တကယ်သိလိုက်တော့
ကိုယ့်ဆံပင်တောင် ကိုယ်မပိုင်တော့ဘူး
ဘယ်လို ရည်ရွှယ်ချက်မျိုးပဲရှိရှိ
လက်ရှိအချိန်က စလိုက်တာဟာ တစ်ဝက်ပြီးမြောက်တာပဲပေါ့
ဒီလိုနဲ့ပဲ လယ်ယာအသစ်မှာ ပျိုးကြဲလိုက်တယ် ။
တာဝေးပြေးသမားတစ်ယောက်လို
မှန်မှန်နဲ့ မြန်မြန်ပြေးနေဖို့ပဲတဲ့
မေတ္တာတရားသံယောဇဉ် ချည်ကြိုးဟာ
မတန်တဆ ဈေးဆစ်ခံရတဲ့ ရောင်းကုန်လို
လိုလိုလားလား ကို အိတ်သွန်ဖာမှောက်
အမေ့ချွေးခံအိတ်ထဲက ထွက်ကျလာတယ်ဆိုတာ
သားအသိနောက်ကျခဲ့မိတယ်အမေ
ခေတ်ဟောင်းတေးတွေလဲ ကျွန်တော်ပြန်မဆိုဖြစ်တော့ပါဘူး
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရတဲ့အချိန်
ပစ်ပေါက်ကျဲလိုက်တဲ့ မေမေ့စကားက အနာကျက်ဆေး
ဒီလိုနဲ့ပဲ
ဘယ်နှစ်ကြိမ်မှန်းမသိတော့တဲ့ အိပ်မက်ထဲကနေ
ကျွန်တော်ကို လှုပ်နှိုးလိုက်ကြတယ် ။ ။
6 comments:
မှတ်တမ်းမရှိသောအရေးအကြောင်းများလည်း အခုတော့ ကဗျာတစ်ပုဒ်နဲ့မှတ်တမ်းဖြစ်သွားပီ :) ပျော်ရွှင်ပါစေ
အမေရေ ....
ဒီကဗျားလေး ကို ဘယ်နှစ်ခေါက်မှန်းမသိအောင် လာလာဖတ်နေတာ ကော့မန့် တောင်ပေးဖို့  လက်တွန့် နေတယ် အရမ်းကိုကြိုက်တယ် ပြီးတော့ အမေ ဆိုတာကြာပြီး အမေ့ကို လွမ်းသွားတယ်ဗျာ။
ကံကြမ္မာက မိုးတွေစွေနေတုံးပဲ
မျက်နှာမမော့ရဲအောင်ကို သဲသဲမဲမဲ ရွာချတယ်
မုန်တိုင်းပြီးတော့..လာမဲ့လေပြေလေညှင်းလေးတွေကလည်းအေးမြပါတယ်.... :)
ကိုယ့်ဆံပင်တောင် ကိုယ်မပိုင်ဘူး.. အင်း.. ဟုတ်တယ်..။
အသိနောက်ကျခဲ့ပေမယ်လည်း ခုပြန်ပြင်ရင်ကေသေးတယ်တဲ့ THS ရ...း)
Post a Comment