လျှောက်ပြီးသားလမ်းတွေပဲ
နင့်မျက်နှာပေါ်က အရောင်တွေ အမျိုးမျိုးပြောင်းလဲ
နင့်ရဲ့ စိတ်တွေမှာ အလင်းရောင်တွေ
ပျောက်ပျောက်သွားတတ်တယ် ။
နင့်နဲ့ပါတ်သတ်လာရင် ငါကအတ္တသိပ်ကြီးတာ
“နင့်အတွက်မဟုတ်ရင် ဘယ်သူ့အတွက်မှ မဖြစ်စေရဘူး”
ဒီလို ရှိစုမဲ့စု မာနနဲ့
လက်ခမောင်းထထခတ်တယ် ။
“သ၀န်တိုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာရခြင်းရဲ့အစ” တဲ့
နင်ပဲ အပြောကောင်းခဲ့တာလား
အကောင်းပဲပြောခဲ့တာလား ။
စိုးရိမ်စိတ်က ရေဆူမှတ်ကျော်နေပြီ
မတော်တရော်တွေနဲ့ တွေ့မှဖြင့်
အရွယ်မရောက် သေးတဲ့ ကလေးလဲ မဟုတ်ပဲ
နားလည်ခြင်းတွေမှာ အဆိပ်ပြင်းပြင်းခပ်မိတယ် ။
အချစ်ဟာ အစိုဓါတ်ပြယ်သလို အငွေ့ပျံလွယ် ရမှာလား
မှတ်မိလွယ်တဲ့စွမ်းအားဆိုတာ
သံယောဇဉ်နဲ့ စိတ်ဝင်စားမှုအတိမ်အနက်အပေါ်လိုက်ပြီး
စွဲထင်တတ်တယ် ။
စိတ်ထဲထင်နေတဲ့အတိုင်းသာ သံသယတွေဖြစ်နေမယ်ဆိုရင်
ငါက အမြဲချောက်ကမ်းပါးထိပ်မှာ ရပ်နေရသူလိုပဲ ။ ။
10 comments:
ဘိုတင့်ရေ
အစိုဓာတ်လဲမပြယ်စေနဲ့ အငွေ့လဲမပျံစေနဲ့ဗျ :P
ကဗျာကောင်းတပုဒ် ဦးဦးဖျားဖျားဖတ်ခွင့်ရတာ ကျေးဇူးပါဗျာ..။
ချောက်ကမ်းပါး ထိပ်မှာတော့ ပုံသေကြီးရပ်မနေပါနဲ့ဗျာ... အသဲယားလွန်းလို့... သဝန်တိုတယ်ဆိုတာ ခွဲခွာခြင်းအစတော့ မဖြစ်တန်ကောင်းပါဘူးဗျာ...
သ၀န်တိုတယ်ဆိုတာချစ်လို့ မဟုတ်ဘူးလား
သ၀န်တိုတိုင်းသာခွဲခွာရမယ်ဆိုရင်
တကယ်မလွယ်တဲ့အချစ်ဘဲ...။
:P :P
ကဗျာလေးကောင်းပါတယ်
ွှံTHS ...အဆင်ပြေပါစေ..။
“သ၀န်တိုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာရခြင်းရဲ့အစ” အဲ့ဒါ ဟုတ်မယ်ဗျ ကြားဖူးတာ ခဏခဏပဲး) သ၀န်တိုအောင် လုပ်ရင်တော့ သ၀န်တိုမှာပေါ့နော့် အစိုဓာတ်လဲမပြယ်၊ အငွေ့လဲမပျံရအောင် ခွက်လေးတစ်လုံးနဲ့  ခံထား ဟီးးးးးးးးးး
ပွင့်ပွင့်လင်းလင်း ၀န်ခံလိုက်စမ်းပါ..။
ဘိုတင့် သ၀န်တို တတ်သည်ပေါ့...။
ဘိုတင့် ....
မိန်းမတွေက တခါတရံ ကျေကျေနပ်နပ်ကြီး
သ၀န်တိုခံချင် တတ်ကြတယ်...။ ခွဲခွာခြင်းရဲ့ အစလို့  ပြောတယ်ဆိုတာ သ၀န်တိုတာ လွန်ကဲနေလို့  အပြောခံရတာ ဖြစ်မယ်..။
အစ်ကိုရေ အူတိုတယ်ဆိုတာချစ်လွန်းလို့ နော
ညီလည်းသိတယ် ဘယ်သူ့မှမပြောဘူး :P ချောက်ကမ်းပါးစွန်းတော့မရပ်နဲ့ ရပ်မဲ့ရပ် တားဝေးပြေးတဲ့
ကားလမ်းလည်မှာသွားရမ် အကောင်းဆုံးပဲ ဟဲဟဲ နောက်တာအစ်ကို တကယ်မလုပ်ရဘူး :P
လျှောက်ပြီးသားလမ်းတွေပဲအစ်ကိုရယ်............
ကျေကျေနပ်နပ်ကြီးကို လျောက်ခဲ့ပြီးသား လမ်းတွေပဲ ဘိုတင့်ရေ.. လမ်းမမှားခဲ့ဘူးလို့တော့ ထင်တာပဲ... ဒါပေမယ့် မှားခဲ့ရင်လည်း ကျေနပ်မိဦးမှာပါပဲ.. တစ်ခါတစ်လေ. ခလုတ်တိုက်မိမှာကို စိုးရိမ်မိတာလေး တစ်ခုပါပဲ..
(ကဗျာကောင်းလေး အတွက် ကျေးဇူးပါဗျာ. :) )
ဖျောက်ပလိုက် အဲသံသယတွေကို ကြာရင် နှစ်ဦးလုံးတွက် ကောင်းဝူးး...:P
တွန်းချလိုက်လိမ့်မယ် ရပ်မနေနဲ့ ရှေ့ဆက်လျှောက်ပါဆိုလားပဲ...:P
Post a Comment