နစ်သွားတဲ့နေရာမှာ ဇတ်မြုပ်တယ်
သူပြန်လာမယ်
သူပြန်မလာဘူး
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ဟင်းလင်ပြင်ကြီးတစ်ခုထဲ
အရာဝထ္တုပေါင်းစုံ
တိုက်မိကြ ၊ ဆောင့်လိုက်ကြ
ဟိုး .. အမြင့်ကြီးဆီ မြင့်တက်သွားလိုက်
ဟိုး … အနိမ့်ဆုံးဆီ လိမ့်ကျသွားလိုက်
ရင်ထဲမှာ အေးခနဲ စိမ့်ကနဲ
ဘယ်တော့မှ ပြန်ကျမလာတော့ဘူး
ထင်လိုက်တာ
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
အရမ်းပျော်နေမယ်ဆို
သီချင်းအေးအေးလေးတွေ လိုက်ညည်းမယ်
အခံရခက်နေရင်
အပြင်းစား သီချင်းတွေနဲ့အော်ဟစ်ပစ်မယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ညဉ့်နက်သန်းခေါင်
တစ်ယောက်ထဲ လမ်းထ မလျှောက်တော့ဘူး
ယိမ်းထိုးနေတဲ့ ၀ါးခင်းပက်လက်ကုလားထိုင်လေးပေါ်
စိတ်အခွံ့ကြီးကိုပဲ ပစ်တင်ထားလိုက်တယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ဘယ်လိုမှ ဖမ်းဆုပ်လို့မရတဲ့ အခါ
ဖြေလျှော့ ထားလိုက်တယ်
အရပ်ထက် ရှည်တဲ့ အရိပ်
အရိပ်ထက် ရှည်တဲ့ အတိတ်
ကြိုကြိုကြားကြားကတောင်
ချိုထောင်မကြည့်လေနဲ့
အဲသလို …
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။ ။
၂၉၊၁၁၊၂၀၀၉။
3 comments:
မမြင်တာကြာတဲ့သူကို မထင်မှတ်ပဲ တွေ့လိုက်ရတဲ့အတွက် ၀မ်းသာတယ်။
အမြဲသတိရလျက်...
ပျောက်သောသူ ပေါ်လျှင်တွေ့ :P
ကဗျာ မဖတ်ရတာကြာတာနဲ့ အတော်ပဲဗျာ ..။
Green girl - အစ်မရေ ကျွန်တော်လဲ ၀မ်းသာပါတယ်း-)
ဘရို - ဘ၇ို ပေါ်လိုက်ပျောက်လိုက် :-P
Post a Comment