အရင်ကလို မစိမ်းလန်းတော့ဘူး
ရာသီဥတု အစိုးမရဘူး
အလိုလိုနေရင်း စိတ်အလိုမကျဘူး
အုံ့အုံ့မှိုင်းမှိုင်းနဲ့ အခန်းထောင့်မှာ
အထီးကျန်မှုနဲ့ ပုံလျက်သား ။
ပြတင်းတံခါးတွေလိုစိတ်တွေမှာ
ဖွင့်ထားလိုက်၊ ပြန်ပိတ်သွားလိုက်
ဖြာကျလာတဲ့ အလင်းလို အလွမ်းက
အခန်းထဲ နေရာအနှံ့က တရစပ်တိုးဝင်လာ
တစ်ယောက်ထဲလည်း စကားတွေပြောလား ပြောရဲ့
အရူးလိုပဲ ။
အဟောင်းကြီးပါကွာလို့ ပြောရအောင်ကလဲ
လတ်တလော ဖြစ်နေတဲ့ ကိစ္စ
လောကဓံ လို့မှတ်ယူပါ့မယ်
ဖြတ်သွားဖြတ်လာ တဝီဝီနဲ့မို့
အရှေ့နောက်၊ ဘေး ဘယ်ညာ သေချာကြည့်
မီးစိမ်းမှ ကူးပါ ။
8:10 PM
November 29, 2011