ရေးပေးပါဆိုလို့ ...
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
5 comments:
အစ်ကိုရေ ကျေးဇူးနော်..
ကြားချင်နေတဲ့စကားတစ်ခွန်းမြန်မြန်ကြားရပါစေရှင်..
ရင်အခုန်ဆုံးအချိန်ကတော့ ရင်ခုန်ပြီလို့သိလိုက်ရတဲ့အချိန်ပါ၊ တဲ့..
တယ်ဆိုတဲ့ စာပါလား..
ဒါနဲ့  ဘယ်အချိန်က ရင်ခုန်သွားတာလဲ...
:)
တစ်စုံတစ်ယောက်ဆီကအခုထိ..လိုချင်တဲ့စကားလေးတခွန်းမရသေးဘူးလားမောင်လေးရေ..အမြန်ဆုံးရပါစေလို့ဆုတောင်းလေးလိုက်ပါတယ်.. မောင်လေးကဗျာတွေလည်းအမြဲရှင်သန်နေပါစေနော်..
ကိုတင့်တို့  ပျက်းချက်ကတော့နော် ပြောချင်တော့ဘူး အနောက်မှာ ကျားလိုက်နေသလိုပဲ ဖတ်ရတား) အလိုချင်ဆုံးလက်ဆောင်က တစ်ယောက်သောသူဆိုတော့ အာဘွား လိုချင်တာလားမသိ ဟီးး ၀က်သားတုတ်ထိုးကောကြိုက်တယ်ဆို ။
Post a Comment