လေသလပ်ခံခဲ့တဲ့ညနေ
ဒီနေရာကိုရောက်တော့
တောနံ့ တောင်နံ့တွေ ပြန်ရတယ်။
မြို့ကြီးပြကြီးရဲ့ အဆင်းတန်ဆာတစ်ခု
ထမ်းပိုးထားရတဲ့အရာတွေခဏတာဖြေလျှော့တဲ့နေရာ
အနဲဆုံးတော့ လတ်ဆက်တဲ့လေ အလကားရတယ်။
မြစ်ကမ်းနဘေးမှာ
နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ
အတွေးဟာ တိပ်ခွေတစ်ခွေလို
ကျော်ချင်တဲ့နေရာကိုကျော်
ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ်
လေသလပ်ခံခဲ့တဲ့ညနေ။
မြစ်ရဲ့ကျောကုန်းပေါ်
မျောပါလာတဲ့ အမှိုက်များနဲ့ကျွန်တော်
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ နောက်ထပ်အမှိုက်တစ်စ
ရစ်ခွေဆန်တက်သွားတဲ့ မြစ်ကြောင်းအတိုင်း
ချိတ်ချင်တဲ့ကိုင်းနဲ့ချိတ်
ညှိချင်တဲ့ နေရာမှာညှိလို့
ရေကြီးသုတ်ပြာနဲ့ အရုဏ်တက်ရမယ့် မနက်မှမဟုတ်ပဲ။
ပူနွေးလာတဲ့ကမ္ဘာကြီးနဲ့
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး
အိုဇုန်းလွှာ ပေါက်ခဲ့တဲ့အကြောင်း
အိမ်တစ်အိမ်မှာ အကြီးကောင်က ထင်းခုတ်လိုက်လို့
မျိုးတုံးသွားတဲ့သစ်ပင်
ညည ငါအိပ်လို့မရတာကအစ
ကြက်ခြေနီသုတ်ဘယ်လိုကောင်းကြောင်းညွန်း
နာနတ်သီးကို ငါလဲကောင်းကောင်းမသိဘူး
မင်းကလက်တန်းကောင်းတယ်ဆိုပြီး
ငါတို့ ညှိခဲ့ကြတယ်
ချိတ်ခဲ့ကြတယ်။
ကဲပြန်ကြဦးစို့ ဘိုညိမ်းရေ
ငါတို့အပြန်လိုက်ပို့မယ့်မိုးကလဲ
တာစူနေပြီ
မြေပုံတွေဘေးအုတ်ဂူတွေနား ဖြတ်လျှောက်ခဲ့ရင်း
မျက်စောင်းတွေလဲ လှမ်းထိုးခဲ့ကြဦးစို့
နောက်နှစ်နွေလဲ
ဒီပန်းသီးပင်တွေပေါတဲ့
ပန်းခြံထဲမှာ ခေါင်းလောင်းလာထိုးကြသေးတာပေါ့ကွာ ။ ။
23 comments:
မြစ်ရဲ့ကျောကုန်းပေါ်
မျောပါလာတဲ့ အမှိုက်များနဲ့ကျွန်တော်
ကျွန်တော့်ဘေးမှာထိုင်နေတဲ့ နောက်ထပ်အမှိုက်တစ်စ
အမ် ဘိုတင့်ရေ နာ့ကိုပြောတာလားဟ :P ဆက်ဖတ်ကြည့်ဦးမှ
ကဲပြန်ကြဦးစို့ ဘိုညိမ်း
ငါတို့အပြန်လိုက်ပို့မယ့်မိုးကလဲ
တာစူနေပြီ
ဟားဟား ဟုတ်နေပါရောလားကွ :D
နောက်တာပါ ဘိုတင့်ရေ ကဗျာကောင်းတပုဒ်ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ပျော်ရွှင်ပါစေ သူငယ်ချင်းရေ ...။
ဘိုညိမ်းနဲ့  ဘိုတင့်
လေသလပ်ခံတာများပြီး
ဖျားနာနေဦးမယ်..
မြို့ကြီးပြကြီးရဲ့ အဆင်းတန်ဆာတစ်ခု
ထမ်းပိုးထားရတဲ့အရာတွေခဏတာဖြေလျှော့တဲ့နေရာ
အနဲဆုံးတော့ လတ်ဆက်တဲ့လေ အလကားရတယ်။
အင်း....ဟုတ်သားပဲ။ တော်တယ်။:D
အင်း ငါမပါတာကောင်းတာပဲ
မဟုတ်ရင် ငါလည်းပဲ အမှိုက်ဖြစ်နေဦးမှာ
အဟားဟား....း)ကောင်းလိုက်တဲ့ကဗျာလေး
ကောင်းတယ် ဘိုတင့်ရေ. တစ်ခါတစ်လေလည်း လေသလပ်ခံဦးမှ တော်ရာကျတာကိုး.
တစ်ခါတစ်ခါ..မြို့ ကြီးပြကြီးနဲ့ ဝေးဝေးနေပြီ..လတ်ဆတ်တဲ့
လေနုလေအေးလေးတွေနဲ့ လေသလပ်ခံရတဲ့ဘ၀လေးကို
ခဏတော့လိုချင်တယ်။
မဆိုးဘူးပဲ လတ်ဆတ်တဲ့လေ အလကားရတယ်ဆိုတော့ကာ...:P
ချစ်လိုက်ကြတဲ့ သူငယ်ချင်းတွေ အားကျစရာ ညီတော့ လေသလပ်မခံနိုင်ဘူးဗျ ကိုယ်ခန်ဓာက လေတိုက်၇င် ပါနိုင်လို့း)
ဒီနေရာကို ပြန်ရောက်တော့
အရက်နံရတယ်.... ဟားဟား.....
နောက်တာ.......... နော်
ကဗျာလေးက ကောင်းတယ် အတင့်ရေ
ညီလေး လိမ္မာလာပြီး ဟီးဟီး ဆီပုံးပိတ်ချင်ပိတ် ဒါလေးတော့ ဖွင့်ပေး ဒီအိမ်ရှင် အကုန်လုံးပိတ်ထားလို့ ကတော့ နာမယ်း) ကြောက်လား
ပုံ....အစ်ကိုကြီးမျိုး
ခံစားချက်အပြည့်နဲ့ရေးထားတဲ့ ကဗျာကောင်းတပုဒ်ပါ။ အတွေးကောင်း။
အရေးကောင်းပါပဲ။
ဘိုတင့်ရေ... ဒီလူနှစ်ယောက် ဘာလို့များ လေသလပ်ခံနေ ကြပါလိမ့်...း) လာပြန်မယ်ကွာ... လေသလပ်ခံနေပေမယ့် သလပ်တဲ့လေထဲမှာ မိုးသက်လေနံ့ရနေပြီ...
သေချာနားမလည်ဘူး ဒါပေမဲ့ စိတ်တွေများ ဒွဟဖြစ်နေလားလို့ သိစိတ်ကို မသိပါဘူး ဆိုတာကြီးနဲ့ အတင်း ကာကွယ်နေသယောင်..
အော်ချင်တာလေ..........
ဆီဗုံးလဲရှိဘူး................
ကိုတင့်ရေ!
ဒီတစ်ခေါက်လည်းကောင်းပြန်ပလားဗျ....
အဟဲ.. ညီရေ လာလာဖတ်တယ်နော်။ ဒီကဗျာလည်း ကြိုက်တယ်။
ဘိုတင့်ရေ.... ငါလည်း ခပ်တည်တည်နဲ့ လာပြီး
လေသလပ်ခံသွားတယ်....ဒါပေမယ့် ဟိုဟာတွေတော့
မျက်စောင်းကိုယ့်ဖာသာထိုးတော့ ငါက ငယ်သေးတယ်...
ဟဲ....ဟဲ......
ကိုတင့်ရေ....
အသစ်လေးရေးပါဦးဗျ......
ဖတ်ချင်လို့.......
အောက်တော့... ငုံ့မကြည့်ပါရစေနဲ့
ဆရာရယ်.....ဟေးးးဟေးးး
ဟေ့လူ... အအေးပတ်တော့မယ်... လေသလပ်ခံတော့နဲ့ဗျာ.. အိုကေလား...
ကျွန်တော်လဲရေးချင်တာတစ်ခြား
ထွက်လာတာကပေါက်ကရဖြစ်နေတယ်ဗျ........
ပူးရင်တော့သံချောင်းခေါက်ဗျာ..........
မျှော်နေမယ်....ကောင်းသောနေ့ပါဗျာ....
ဒီလူတွေ ဘယ်တော့တိုးနေကြပြန်ပီတုန်း မသိဘူး။
ကြည့်လုပ်အုံး ဦးတင့် လေသလပ်လို့ အအေးပတ်နေမယ်။း)
"တင့်ထူးရွှေ၊ ညိမ်းညို စသောကဗျာဆရာတွေ အသက်ရှင်နေသ၍ အကျွန်ုပ် ဘယ်တော့မှ ကဗျာမရေးပါ။" သေလောက်တယ်ကွာ စကားလုံးတွေက...။
Post a Comment