• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 26 October 2008

ချော်ထွက်နေတဲ့လမ်း

အဆင်ပြေရဲ့လား

နင်ငါ့ကိုမမေးဘူး

ဘန်ကီမွန်းထက် နင်ကပိုအလုပ်ရှုပ်တယ်

လာလဲသုတ်သုတ်

ပြန်လဲသုတ်သုတ်

အလုပ်ထဲမှာ အချိန်ကုန်နေရရင်

ကျန်တာတွေ အားလုံးမေ့လို့ရပါတယ်လို့ပြောတယ်

နေ့လဲမဟုတ် ညလဲမဟုတ်

လှောင်ပိတ်နေတဲ့အခန်းထဲမှာ

ငါတစ်ယောက်ထဲပါ

နင်မလာသေးဘူးလား

နင်ပြန်တော့မှာလား

ငါ့မှာ ဒါလေးတွေကလွဲပြီး

ဘာနဲ့များ ငါလမ်းကိုတည့်မတ်ပေးရမလဲ ။

24 comments:

Unknown said...

ကိုတင့်ရေ လမ်းလေးချော်နေလို့လား :)
ဘာတွေဖြစ်နေပါလိမ့် ကဗျာဆရာကြီး အဆင်ပြေပါစေကိုတင့်ရေ :) ကောင်းသောနေ့ပါ

လင်းဒီပ said...

ဟုတ်တယ်နော် ..ဒါလေးနဲ့ပဲ ကိုယ့်လမ်းကို တည့်အောင် ထိန်းထားရတာ...ဒါလေးကနားလည်ဖို့လိုတယ်..:P

ဖြိုးငယ် said...

ဟော ... ဖြစ်ပြီ .. ခက်ပါ့ ...
အဲဒါကြောင့် ငါပြောတာ .. ကတ္တရာ ကောင်းကောင်း လုပ်ပါလို့ ...
စတာပါ ...

thihanyein said...

ဘိုတင့်ရေ သိနေတယ်ဗျနော် ဟဟ
အဆင်ပြေမှာပါဗျ လှောင်ပိတ်နေတဲ့အခန်းတော့မဟုတ်ပါဘူးဗျာ ပြတင်းပေါက်တော့ရှိပါတယ် :P

Anonymous said...

ဟမ်းး...အဲ့လိုကြီးလား သနားလိုက်တာ အာကိုတင့်ရယ် အဟင့်း( ထားချင်ပါအုံး ရည်းစား ခုတော့ မှတ်ပြီးလား ဟိဟိ အနော်ပဲကောင်းတယ် တစ်ကောက်တည်း ကြွက် :P

အိုင်လွယ်ပန် said...

ရင်ထဲကလာတာနဲ့တူတယ်နော် ချစ်ကို.......:P

ခေါင်ခေါင် said...

ခံစားသွားပါတယ်......
နားလည်ပေးလိုက်ပါ.... အလုပ်ရှုပ်တာကိုး....

Unknown said...

မောင်လေး
သိနေတယ်နော်..ဘာလဲ..မျှော်ရလွန်းလို့
လည်ပင်းရှည်နေပြီလား.. တစုံတယောက်
ကမောင်လေးခံစားချက်တွေကိုအမြန်ဆုံး
နားလည်နိင်ပါစေဆုတောင်းပေးလိုက်တယ်..

ညိမ်းညို said...

ဘိုတင့်ရေ
ချော်နေတဲ့လမ်းကို ငါတို့က ရိုးရိုးသားသားပဲ တည့်မတ်ချင်တာဆိုတော့ ရင်းရင်းလာနေတဲ့ ရင်ကအနာကိုပဲ ကဗျာနဲ့ ကုစားကုစား နေရတာပေါ့ကွာ ....

ကဖြိုးငယ်ပြောတာလဲ ဟုတ်သဗျ
ကတ္တရာကောင်းကောင်းခင်းထား
ချော်တော့ဝူး တတ်နိုင်ရင် နိုင်လွန်ကတ္တရာလုပ်ပစ်လိုက် အဟဲ ဟဲ :P

Unknown said...

ခံစားချက်တွေလား..ကောင်း၏..အားပေးလျှက်ပါ။

မသက်ဇင် said...

နေ့လဲမဟုတ် ညလဲမဟုတ်
လှောင်ပိတ်နေတဲ့အခန်းထဲမှာ
ငါတစ်ယောက်ထဲပါ-----------------

ပြူတင်းပေါက်နဲ့
အဝင်ပေါက်တော့ရှိတယ်မို့လား
ခင်မင်လျက်
မသက်ဇင်

Layma said...

နင် ( ဘိုတင့်) တစ်ယောက်ထဲလား..
အဆင်ပြေတယ် မဟုတ်လား...
ရာဟု မလာဘူးလား...
မိုးလည်းချုပ်တော့မယ်...
......
....
မင်း မျက်လုံးများက ကြောင်တောင်တောင်နဲ့  ကွာ။

Kyaw Myat Thu said...

လမ်းချော်နေတယ် ပေါ့ ဘိုတင့်. :) ဘာနဲ့ တည့်ရမလဲ ဆိုရင်. စာတွေနဲ့ တည့်ပစ်လိုက်ပေါ့ကွာ. ဟုတ်တယ်ဟုတ်လား. :)

(မလေးမ ပြောသလိုတော့ မဖြစ်နဲ့ဦး ကိုယ့်လူ. ဟဲဟဲ)

Anonymous said...

ချော်ပါစေ ဘယ်လောက်ချော်မှာလဲ... အဟတ်ဟတ်... ဘတ်ကီမွန်းထက် အလုပ်ရှုပ်တယ်တဲ့... တနင်္ဂနွေမှာ ကျုပ်တို့နဲ့ အေးအေးလူလူ လိုက်သွားလိုက်ပါတဲ့... တဆင့်မှာပေးပါဆိုလို့ ပြောတာ... အဟတ်ဟတ်...

ဝေလေး said...

အခန်းကလှောင်နေရင် ပြူတင်းပေါက်တွေဖွင့်ထားရတယ်လေ.. :P
ဒါတောင် မွန်းကျပ်နေသေးရင် တံခါးကြီးပါဖွင့်ထားလိုက် လေအေးလေးတွေဝင်လာလိမ့်မယ်.... :)

thihanyein said...
This comment has been removed by a blog administrator.
thihanyein said...
This comment has been removed by a blog administrator.
thihanyein said...
This comment has been removed by a blog administrator.
သက်ထွန်းညိမ်း said...
This comment has been removed by a blog administrator.
thihanyein said...
This comment has been removed by a blog administrator.
Kyaw Nyo Thway said...

ကောင်းတဲ့ကဗျာလေးမို့
ကောင်းတယ်လို့ပြောရတာကိုပဲ
ကောင်းနေတယ်
း)

ရိုးမြင့်အောင် said...

ဒီလူ လမ်းချော်လို့ မပြီးသေးဘူးလား... ပြန်ပြန် ပြန်တည့်လိုက်ဗျာ... ဆက်လျှောက်ရအောင်... အဟတ်ဟတ်..

Moe Myint Tane said...

လမ်းလွဲနေသလားကိုတင့်ထူးရွှေ။ ကဗျာဆရာဘဲလေ ကဗျာတွေနဲ့ တည့်လိုက်ပါ။ ကဗျာမှာ မှော်ဝင်ရင် လမ်းတွေလည်း သူ့အလိုလို ပြင်လာလိမ့်မယ်။
ကဗျာကောင်းလေးကို လာအားပေးသွားတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

Mhu Darye said...

ဘယ်တုန်းက ရေးထားတဲ့ ကဗျာလည်းတော့ မသိဘူး။ ပြန်ဖတ်လိုက်တိုင်း နှစ်သက်စိတ်ကလေးနဲ့မို့၊ ကောမန့်လေး ရေးတာပါ။
ကောင်းတယ်လို့ မပြောတော့ဘူးလေ။
း)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe