ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ
ကြမ်းခင်းပေါ်မှာ အိပ်စက်ခဲ့ရလို့
ကျွန်တော့်အိပ်မက်တွေ ကြမ်းရှမနေခဲ့
မွေ့ယာပေါ်အိပ်စက်ခဲ့ရလဲ
ကျွန်တော့်အိပ်မက်တွေဟာ
အိစက်ညက်ညော မလာခဲ့ပြန်ဘူး ၊
အရင်ဘ၀ကလက်ကျန်
ဒီဘ၀အတွက်
ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့
သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ်
သူ့ကို ရှာတွေ့တဲ့အခါ
ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း
သူကပဲအခါခါကိုငြင်းနေတယ်
ဒါဆိုရင် တစ်နေရာရာမှာ တစ်ခုခုဟာ
အသေအချာကို လွဲချော်နေခဲ့ပြီ ၊
ငယ်ငယ်က ရခဲ့ဖူးတဲ့
အမှားခပ်များများလိုပဲ
သေတ္တာတစ်လုံးထဲ ထည့်သိမ်းမိ
သတိရလို့ ထုတ်ကြည့်တဲ့အခါ
အရောင်တွေဘာတွေလွင့်လို့၊
အဆိပ်အတောက်ဖြစ်ခဲ့တဲ့
အတိတ်ကရက်စွဲတွေကလဲ
ဒိုင်ယာရီစာအုပ်လေးထဲ
အလျှားလိုက်သေလို့၊
တစ်ပိုင်တစ်နိုင် မွေးမြုထားတဲ့
ကျွန်တော့်စိတ်ကူးတွေ ကြီးထွားလာခဲ့သော်
ကျွန်တော့်ပတ်ဝန်းကျင်သည်လဲ
ထို့အတူ လှပ လာပါလိမ့်မည် ။ ။
11 comments:
စိတ်ကူးစိတ်သန်းကောင်းတွေ ပွင့်ဖူးပြီး ပတ်ဝန်းကျင်လှပလာပါစေ..ကိုတင့်ရေ..
ငယ်ငယ်က ရခဲ့ဖူးတဲ့
အမှားခပ်များများလိုပဲ
သေတ္တာတစ်လုံးထဲ ထည့်သိမ်းမိ
သတိရလို့ ထုတ်ကြည့်တဲ့အခါ
အရောင်တွေဘာတွေလွင့်လို့၊
အဲဒါလေးကြိုက်တယ်ဘိုတင့်ရေ
ဖတ်နေတာ ၃ ခေါက် မူးလို့  ခဏနားတာက ၅ မိနစ် စဉ်းစားလိုက်ရလို့  မူးသွားတယ်လျှောပေးးတော့ အပေါ်ဆုံးတစ်ပိုဒ်ပဲ သိတယ် အောက်ကဟာတွေမဖတ်တက်ဘူးးး ပညာတွေ သိပ်မပြပါနဲ့ ဗျာ။။။
ကောင်းတယ်ချည်းပဲ ပြောပြောနေရတာ ရိုးလွန်းလို့ ဘိုတင့်ရာ ဆြာလွမ်းပြောသလို ဒီထက်ကောင်းတဲ့ ဆန်းတဲ့ စကားလုံးလေးများ ရှိရင် လက်ဆင့်ကမ်းလိုက်ပါဦးနော :)
ပျော်ရွှင်ပါစေ သူငယ်ချင်းရေ :)
ကောင်းတယ် ဘိုတင့်ရေ .. ဘာလိုပြောရမှန်းအောင် မသိဘူး .. အရေးအဖွဲ့လေးက ညက်ညောတယ် ..
ခင်ဗျား အိပ်မက်တွေလည်း ညာညော လာပါစေဗျာ
အရင်ဘ၀ကလက်ကျန်
ဒီဘ၀အတွက်
ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့
သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ်
အစ်မက အဲဒီနေရာလေး တအားသဘောကျတယ်။
ဂါဂါ စိတ်ကူးတွေ အမြန်ကြီးထွားလာပါစေ။ ဆုတောင်းပေးပါတယ် အစ်ကို ရ ။ အဆင်ပြေပါစေ ။
ညီငယ်။
အဟိ....
ကဗျာကိုဒီလိုရေးရတယ်လို့
လှလှပပပြသလား.......
ကိုငြိမ်းပြောသလိုကောင်းတယ်လို့ပြောရမှာ
ရိုးတယ်.....:P
ဟိုက် အသိနောက်ကျ လေခြင်း။ ကဗျာလေးက အလန်းလေးပါလား။ မိုက်တယ်။ အရမ်းနှစ်သက်မိတယ်။
စိတ်ကူးယဉ်ပန်းတွေလာကြည့်သွားတယ်နော်
မျှော်လင့်ချက်တိုင်း အမြန်ဆုံးအကောင်ထည်ဖော် ကျရောက်နိုင်ပါစေမောင်တင့်ရေ...
Post a Comment