• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Monday 12 January 2009

မေမေ

တစ်ခြမ်းပဲ့လနဲ့ သားတို့ဘ၀တွေကို
အလင်းရောင်ပေးခဲ့
ဆည်းလည်းလိုချိုတဲ့သားတွေရဲ့အသံနဲ့
နားရည်ဝခဲ့ရတဲ့မေမေ
ပိုး ဆိုထက်သတ္တ၀ါထက်
သားတို့ရဲ့ ငယ်ဘ၀ကနုခဲ့ရပါတယ် မေမေ ။

အကာအကွယ်တွေမဲ့နေတဲ့ စစ်တလင်းထဲမှာ
မေမေဟာ အောင်နိုင်သူ စစ်သူကြီးလိုပဲ
ငါ့သားတွေ အားနဲ့ အရာရာကို နိုင်အောင်တိုက်မယ်ဟဲ့ ဆိုတဲ့စိတ်နဲ့
မေမေ ၀င်ခဲ့တဲ့ တိုက်ပွဲတိုင်းဟာအောင်နိုင်ခဲ့ပါတယ် မေမေ ။

မေမေစီးဆင်းခဲ့တဲ့ မေတ္တာစမ်းချောင်းလေးဟာ
ဘယ်လောက်တောင် ချိုမြလိုက်သလဲဆိုရင်
သားတို့ရဲ့ငယ်ဘ၀က တစ်ကယ့်ကို လိုတရလက်စွပ်ကလေးလို
အရောင်တွေတလက်လက်ထနေခဲ့ပါတယ် မေမေ ။

ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်
မေမေ့ရဲ့ မြေပြင်မှာ ဒဏ်ရာတွေဗရပွ ဖြစ်နေပေမယ့်
အပျံတတ်သွားတဲ့ ငှက်ကလေးတွေလိုပဲ
သားတို့ပါးကို ဖွဖွလေးပဲနမ်းရက်ခဲ့တယ်
မေမေ့မေတ္တာမှာ မြင်သာအောင် ရေးထိုးထားခဲ့ပေမယ့်
စကားလုံးတွေ မဲ့နေတယ် မေမေ
ဘယ်လိုစကားလုံး မျိုးနဲ့ မေမေ့မေတ္တာကို
ဖော်ကျူးပြရမလဲ မေမေ ။

နံရံတွေ အထပ်ထပ်ခြားလောက်အောင်
မေမေနဲ့ သားတို့ ဝေးနေပေမယ့်
နွေးထွေးတဲ့ မေမေ့လက်တစ်စုံက
သားဘေးနားမှာ အမြဲကျောသပ်ပေးနေသလို
ဖက်တွယ်စရာ မြက်တစ်ပင်တောင် ဆုပ်ကိုင်မရခဲ့တဲ့အချိန်
ပစ်ပေါက်ကြဲလိုက်တဲ့ မေမေ့ရဲ့စကားတစ်ခွန်းက
သားအတွက် အနာကျက်ဆေး
မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြပါတယ် မေမေ ။

6 comments:

Unknown said...

မေမေရဲ့ မေတ္တာလက်နက်က
အရာအားလုံးထက် ထက်မြက်ပါတယ် မေမေ ..
တကယ်ကိုကောင်းတဲ့မေမေ အတွက်ကဗျာတပုဒ်ပါ..
ထက်မြကိုပြင်လိုက်အုံး...

တင့်ထူးရွှေ said...

ဟုတ်ကဲ့ ခင်ဗျ ၊ ပြင်လိုက်ပါပြီ အစ်မဘုန်းယု :)

Layma said...

တစ်ခြမ်းပဲ့လ ဖြစ်တဲ့အတွက် သားတွေ မမှောင်ရအောင် စွမ်းအားရှိသမျှ လင်းပေးတာ ဖြစ်မယ်.. ဘိုတင့်..။

ဘိုတင့်လည်း.. အစ်မလိုလောလောလောလော ဖြစ်လာပြီ..။ ဒီမှာကြည့်.. ပြင်စရာတွေ့ အောင်ရှာ..။ :)
ဘယ်လောင်တောင် မေမေ ပေါင်းသင်ပေးလိုက်သလဲဆိုရင်

တင့်ထူးရွှေ said...

ရှာလို့တွေ့သွားပြီး)
ပြင်လိုက်ပြီ ၊ အဲဒီနေ့ကလဲ လောတဲ့လူက လာလောနေတော့ ကျွန်တော်လဲ လောလောလောလောနဲ့ ရေးမိလိုက်တာပါ
အမှားတွေထပ်တွေ့ရင်လဲ ပြောပါဦး ။

Layma said...

မဟုတ်သေးဘူး..။ ဘိုတင့်မတွေ့ သေးဘူ.။ စီပုံးမှာ အော်လို့  မရလို့  ဒီမှာရေးတာ အားတော့နာတယ်.။ blogspot cbox တွေမှာ အော်လို့ မရဘူး ဖြစ်နေတယ်။

ကြယ်ပြာ said...

ကဗျာတစ်ပုဒ်လုံးနှစ်ခြိုက်မိပါတယ် ... အမေရဲ့မေတ္တာဖွဲ့ တခါမှမရေးဖူးဘူး ... အားကျမိတယ် ..

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe