ဂျလုန်း
ဂျလုန်းကို ဂျလုန်းလို့ခေါ်တယ်
ဂျလုန်းဟာ ဘယ်တော့မှ အိပ်ရာမသိမ်းဘူး
မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အိပ်မိတဲ့ နေရာဟာ အိပ်ရာပဲ
ဂျလုန်းမှာ တိုးလိုးတွဲလောင်း ဖြစ်နေတဲ့
တစ်စစီ ပြန့်ကျဲနေတဲ့ အိပ်ရာတွေရှိတယ် ။
ဂျလုန်းမှာ စားစရာမရှိဘူး
ဂျလုန်းကို ကျွေးချင်မွေးချင်တဲ့သူတွေပေါတယ်
ဂျလုန်းက ဘယ်သူလိုချင်ချင် မလိုချင်ချင်
လိုအပ်မယ် ထင်တဲ့ အကူအညီတိုင်းကို အိတ်စိုက်ပေးတတ်တယ် ။
ဂျလုန်းဟာ ထူးခြားတဲ့ လူတစ်ယောက်ဖြစ်နေတယ်
ဂျလုန်းစိတ်ဟာ သာမာန်မဟုတ်တာသေချာတယ်
ဂျလုန်း တစ်နေရာရာကို ငေးနေပြီလား
ဂျလုန်း တစ်ယောက်ထဲ စကားပြောနေလား
ဂျလုန်း စွန်လွှတ်နေပြီလား
ဂျလုန်း ဂွေလိမ့်နေပြီလား
ဂျလုန်း ရေထမ်းနေသေးလား
ဂျလုန်း အုန်းပင်တက်နေတုံးလား
ဂျလုန်း ဆိုက္ကားနင်းတုံးလား
ဂျလုန်း လ္ဘက်ရည်ဆိုင်မှာပန်ကန်ဆေးနေလား
ဂျလုန်း အရင်ကလို ကမ်းနားမှာပဲ အလုပ်ဖြစ်နေသေးလား ။
ဂျလုန်းက သံယောဇဉ်ကင်းတယ်
ဂျလုန်းမှာ အပူအပင်မရှိဘူး
ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင်တူးခဲ့ဖူးတဲ့တွင်းတူးသမား
ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့
ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ
ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ ။
ဂျလုန်း ဘယ်ကလာလဲ ဘယ်သူမှမသိဘူး
ဂျလုန်းဘယ်ကိုသွားချင်နေလဲ ဘယ်သူမှမသိဘူး
အခုအချိန်ထိ ဒီရပ်ကွက်ထဲကလူတွေ
ဂျလုန်းဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိကြပေမယ့်
ဂျလုန်းမရှိရင် မဖြစ်ဘူးဆိုတာကိုတော့ သိနေကြပုံပဲ ။ ။
22 comments:
အလိပ် ၅၀ ဗျာ :)
တခါတလေကျတော့လည်း ဂျလုန်းလိုပဲ မျောလွင့်နေချင်တော့တယ်...
ဒါလည်း ရှင်သန်နည်းတစ်ခုပါပဲလေ...
ဂျလုန်းဟာ ဘယ်တော့မှ အိပ်ရာမသိမ်းဘူး
မနက်ဖြစ်ဖြစ် ညဖြစ်ဖြစ် အိပ်မိတဲ့ နေရာဟာ အိပ်ရာပဲ။
တို့ နဲ့ တူနေတယ်။ ကိုယ့်လိပ်ပြာကိုယ်မလုံဘူး။
အဟီး...........
ဘာမှလဲမဆိုင်ဘူးနော်။
ဂျလုန်း ဘယ်က လာတာပါလိမ့်....
ဘယ်သူလိုချင်ချင် မလိုချင်ချင် လိုအပ်မယ်ထင်ဲ့ အကူအညီတိုင်းကို အိတ်စိုက်ပေးတတ်တယ်
ဂျလုန်းအကြောင်းကိုလဲ အဲဒီထဲကလူတစ်ယောက်က ကဗျာစပ်နေတယ်
အဲဒါ ဂျလုန်းသိပါ့မလား
သိသိမသိသိ ဂျလုန်းကတော့ ကျေနပ်နေမှာပါ
ဂျလုန်းမှာ ခံစားတက်တဲ့ နှလုံးသာရှိတယ်ဟုတ်း) သိသလိုလိုနဲ့ ဂျလုန်းကို ဂရော ဂယောင် ဖတ်သွားတယ် ကိုတင့် ။
ဂျလုန်းကိုကဗျာတပုဒ်ဖြစ်အောင်ဖန်ဆင်းတဲံ့ကဗျာဆရာကို
လေးစားပါတယ်..။
ဂျလုန်းဆိုတဲ့ နာမည် ဘယ်သူပေးသွားသလဲ.. ဂျလုန်း မသိချင်ဘူးလား..။ လေးမ တော့ သိချင်တယ်။။
ဂျလုန်း....ဂျလုန်းဟာ
ဂလုံး...ဂလုံးနဲ့ ဘာတော်လဲ။
း)....good poem bro
ဂျလုန်းဆိုတာ အတင့်ကိုပြောတာလား :P
ဟုတ်လောက်တယ် ။ :D
JK ဂါဂါ ။ ကဗျာကောင်းတွေ အတွဲလိုက် ဖတ်ချင်တယ် ။ :)
ဂျလုံးကိုအားကျတယ်.........
ဂျလုံးပဲဖြစ်လိုက်ချင်တော့တယ်.......
ဘိုတင့်ရေ
အရောက်နောက်ကျတာ ခွင့်လွှတ်ကွာ
အလိပ် ၅၀ တောင်ပိုပါသဗျာ
နောက်လဲ အခုလိုမျိုးပဲ ကဗျာရဲ့ နေရာအနှံ့အပြားကို လျှောက်သွားနိုင်ပါစေဗျာ…အလေးအနက် ဆုတောင်းလျက်ပါ။
ဘရိုမှ...ဂျလုံး
ဘရိုမှ...ဂျလုံး
အကြိုက်ဆုံးတစ်ပုဒ်တိုး :P
တကယ်ကောင်းတယ်ဘရိုရာ....
ရှုပ်ကုန်ပြီ...
အမရာနာမည်နဲ့ဒုတိယမြောက် coment
ကျွန်တော်ပေးတာဘရိုရေ....
ကဗျာကောင်းတစ်ပုဒ်ကိုဖန်တီးရေးစပ်ထားတဲ့မောင်တင့် ပျော်ရွှင်ချမ်းမြေ့ပါစေ...
သိပ်ကောင်းတယ် ဘိုတင့်ရေ.
ဂျလုန်း ဘယ်သူမှန်းတော့ မသိဘူး.
ဒါပေမယ့် ဂျလုန်း မရှိရင် မဖြစ်ဘူး ဆိုတာတော့ သိကြပါတယ်. :)
ဂျလုန်း...ဂျလုန်း..။ အမှန်ဆုံးပေါ့..။
ဂျလုန်း ဂျလုန်း ဂျလုန်း . . .
စိတ်ထဲမှာ မိုးချုန်းသွားပါတယ်။
သာမာန်လူတွေဆိုတာ သာမာန်မဟုတ်တဲ့လူတွေကို လိုအပ်တယ်။
jalone တဲ့ ဒီနာမည်လေးကိုတွေ့ တိုင်းငါပေးခဲ့ နာမည်လေးဆိုပြီးအမှတ်ရနေပါစေ..ချစ်သူငယ်ချင်းလေး jalone အောင်မြင်မှု့ တွေဆွတ်ခူးနိုင်ပါစေ
Post a Comment