တေးတစ်စ
ရင်ထဲ တမ်းတလိုက်ရုံနဲ့ မွှေးပျံ့နေမယ့်
ပန်းကလေးရဲ့ ရနံ့ဟာ မင်းပေါ့
ကိုယ့်အိပ်မက် တတောလုံး ပွင့်လန်းနေပုံများ
ယဉ်ယဉ်လေးနဲ့ လှတယ်
ချစ်ခြင်းရဲ့ ဦးတည်ရာလမ်းကြောင်းအတိုင်း
စိတ်ကူးတို့ အစီးသန်ခဲ့ပုံ
စိုထိုင်းဆ စိတ်အစဉ်တစ်ချို့ကို
အရုဏ်ဦးမှာ လှဲကျင်းလို့
လေဆန်ကို ထိုးခွဲပျံသန်းမယ့် ငှက်တို့အကြား
ချစ်စကားတစ်ခွန်း အမှာပါးလိုက်ပါရဲ့ ။
2 comments:
တေးကလေးပါ အလွမ်းငွေ့တွေ ဝေနေတယ်း))
သူသိအောင် ဝေဒနာအဆွေးကို
လေပြေလေညှင်းကလေးရယ် ...
ဖေးမလို့ ဆောင်ကြဉ်းပေးပါကွယ်... :)
Post a Comment