• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Thursday, 29 November 2007

ကျွန်တော်နဲ့သူမ (၂)

ကျွန်တော်နဲ့သူမ (၂)
ကျွန်တော်တို့ကျောင်းတော်မှာ
အချစ်ရဲ့ဝိညဉ်တွေ အသက်ဝင်တုံးက
သူမက သဲ့သဲ့လေးပြုံးတယ်
ဘယ်လိုနတ်ဆိုးတွေကြောင့်
ကျွန်တော့် နှုတ်တွေဆွံ့အ ခဲ့ပါသလဲ
တစ်တောလုံးလဲ စိမ်းနေတုံး
ကျွန်တော်စီးဆင်းခဲ့တဲ့ စမ်းချောင်းလေးရဲ့အစဟာ
သူ့နှုတ်ခမ်းစူပုံလေးမှာ မြစ်ဖျားခံခဲ့တယ်
ဘ၀တွေ ရေးဆွဲဖို့ စိစဉ်ကြတော့
ပန်းတစ်ခြင်းနဲ့လောကကို အလှဆင်မိတယ်
အလွမ်းကလဲ ကူးချည်သန်းချည်နဲ့
ထုတ်ကုန်တစ်မျိုးပေါ့
အကြိမ်ကြိမ်မေးခွန်းတွေ ပြောင်းမေးလဲ
ကျွန်တော့် အဖြေက တစ်ခုတည်း
ကျွန်တော် သူမ ကိုသိပ်ချစ်တယ် ။ ။

Sunday, 25 November 2007

အရှေ့အရပ်သို့မျက်နှာမူ၍

အရှေ့အရပ်သို့မျက်နှာမူ၍

လွှတ်ချလိုက်ပြီဆိုတော့မှ
နှမြောတသမှု့က ကပ်ပါလာသေးတယ်
အဲဒီနောက်ကွယ်မှာမှ မဟုတ်ဘူး
ဝင်ရိုးစွန်းပေါ်မှာ လည်ပတ်နေသမျှ
နေနဲ့ညကို တစ်လှည့်စီမြင်ခွင့်ရကြတယ်
ဝင်ရောက်မွေနှောက်ခံရတိုင်း
ဒီဦးနှောက်ထဲမှာ အမှိုက်တွေပုံနေပြီ
အဆင်မပြေတဲ့ အကြောင်းအရာနဲ့ကြုံတိုင်း
ကိုယ့်ကိုကိုယ်ပြေလည်အောင် ဖြေရှင်းပြတယ်
ယဉ်ကျေးမှု့တွေနဲ့ ပုံမှန်အတည်တကျပဲ
အရေပြားယားယံမှု့မှာ စိတ်တစ်ခုအနာဖြစ်တယ်
ကုတ်ပစ်ဖဲ့ပစ်ဖို့ ဆေးဝါးမလိုအပ်ဘူး
ဗလာအခင်းအကျင်းနဲ့ အူစိုရုံ
ကိုယ်ထင်ရာဝင်လုကြတော့ မကြာခဏ
စုပ်တသပ်သပ်ဖြစ်ရတယ်
ကွေးကောက်နေသော အရိပ်တွေအတွက်
သင်္ချိုင်း(၂)ခုရှာသူများကို အနမ်းတစ်ခုပေးချင်တယ်
သစ်ကိုင်းဖျားထိရောက်အောင်သွား
အဲဒီအသီးက ပိုချိုတယ်
ယေဘူယျ ကြီးရင့်မှု့ထက်
အတည်တကျ ရှင်သန်မှု့မှာ
ဒီကနေ့တွေ့တဲ့သူကို
ဒီညသန်းခေါင်ယံမှာသေဆုံးတော့မယ့်လူအဖြစ်
ဂရုတစိုက်ကြင်နာမှု့နဲ့ ဆက်ဆံမယ်
အရပ်လေးမျက်နှာရာယ်
နေထွက်ရာ အရပ်ကို ဦးတည့်ပေးပါ ။ ။

Friday, 23 November 2007

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်
ကျွန်တော်ဆီရောက်ကတည်းက
ကျွန်တော်ကိုယ်စား ရာသီဥတုဒဏ် မျှဝေခံစား
ဘယ်သွားသွား ကိုယ်ပေါ်မှာ တင်သွားခဲ့တယ်
ပူရင်ပူသလောက် အေးတော့လည်းအေးတဲ့အလျှောက်
တတ်နိုင်သလောက်တော့ တာဝန်ကျေတယ်
သူလည်းခံနိုင်ရည်ရှိသလောက်ပေါ့
ကျွန်တော်အပေါ် သစ္စာရှိတယ်။

စပေါ်စကတော့ လူတိုင်းလိုလို
သူဌေးကအစ လမ်းပေါ်ကလူအဆုံး
ဝတ်ဆင်ခဲ့ကြတယ်
ကာလဒေသ အရတော့
လူရာမ၀င်တဲ့အခါလည်း ရှိမပေါ့
လျှော်ဖွတ်တာများလေလေ
အရောင်မွဲလေလေနဲ့
အရောင်မွဲမှ ကြိုက်တဲ့ ကျွန်တော်အတွက်ကတော့
သူဖက်က မာနမကြီးတတ်ပါဘူး။

ကျွန်တော်ငယ်ငယ်က သူ့အသက်လည်း ခပ်ငယ်ငယ်ပေါ့
အရောင်မွဲသွားလည်း အတူတူတွဲသွားတယ်
ခေတ်ပေါ်ဒီဇိုင်းမျိုးစုံနဲ့လဲ
သဟဇာတ ဖြစ်ပါတယ်။

အသစ်တွေ ဘယ်လောက်ပြောင်းပြီးဝတ်ခဲ့ဝတ်ခဲ့
အရောင်ခပ်မွဲမွဲ အဲဒီဂျင်းအင်္ကျီလေးကိုတော့
ကျွန်တော်အမြတ်တနိုးထား ၀တ်ဆင်တတ်ခဲ့တယ် ။ ။


Tuesday, 20 November 2007

အပိုင်းအစ

အပိုင်းအစ
ခဲရာခဲဆစ်
စိတ်နဲ့ ခန္စာက အစဉ်မကပ်ဘူး
ထိုင်နေရင်းက လှုပ်ရှားမှုအပေါ်
ရသလောက် ရှာဖွေကြည့်တယ်
ရှုပ်ထွေးပွေလီစွာ
ဆင်းလိုက်တက်လိုက်နဲ့
ခန္ဓာကိုယ်ပေါ် နင်းသွားကြတယ်
ရင်ဘတ်တွေ အောင့်လောက်အောင်
အတ္တတွေဖျားနာခဲ့ကြ
မြစ်ထဲရေဆင်းသောက်တဲ့သက်တန့်မှာ
ငါ့တိမ်တွေ ပုံသဏ္ဍာန်ပြောင်းလဲကြ
ကြယ်ကြွေတစ်သိုက်နဲ့ မိုက်ကန်းကြတယ်
ကျွန်တော်စဉ်းစားကြည့်တယ်
အဲဒီမြို့ပျက်ထဲမှာကော
ညာဥ့်ငှက်ဘယ်နှစ်ကောင်များ ခိုအောင်းနေမလဲလို့ ။ ။

Friday, 16 November 2007

ယောနသံ

ယောနသံ
ပျံသန်းခြင်းအတတ်ပေါင်းစုံအတွက်
ငါ့အသိုက်အမြုံနဲ့ ရင်းနှီးခဲ့တယ်
ရဲ့ရင့်ခြင်းရဲ့ မမြင်နိုင်တဲ့စွမ်းအားတွေအပြင်
ပျံရင်းသေမဲ့နေ့သစ်တွေရှိမယ်
ကိုးကွယ်ဆည်းကပ်မှု့နည်းနာမှာ
ငါဟာ အတောင်ပံတစ်စုံပဲပိုင်တယ်
လေဟာနယ်ထဲမှာတောငါ့အတွက်
ထွက်ပေါက်တွေ ပိတ်မထားဘူး
အားအင်အသစ်တွေ တနံတလျားရွေ့လျှားပြီး
လိုချင်တာကိုရသလောက်ရှာကြည့်တယ်
ရေထဲကငါးတွေ အလုအယက်စားသောက်ကြရုံနဲ့
ငါ့ကိုယ်ငါ ဇင်ယော်အမျိုးလို့ ပြောမထွက်ဘူး
ကောင်းကင်ကြီးရဲ့ ဟိုးအစွန်းထိ
ဇင်ယော်အမျိုးတွေ မပျံလိုက်ရမှာကိုငါစိုးတယ်
နိမ့်တစ်ခါ မြင့်တစ်လှည့် လေအဝေ့မှာ
အတောင်တွေ ညောင်းလာရင် ခဏနားတယ်
အားစိုက်လို့ လေထုကိုထိုးခွဲထွက်
ဒီလက်မတင်လေး
ပြိုးပြိုးပျက်ပျက် ဇင်ယော်ငှက်တစ်ကောင်
ယောနသံ လို့အမည်တွင်ခဲ့တယ်။ ။


Wednesday, 14 November 2007

ဒိုင်ယာရီထဲက စာမျက်နှာတစ်ချို့

ဒိုင်ယာရီထဲကစာမျက်နှာတစ်ချို့

လွန်ခဲ့တဲ့ (၆)နှစ်က ဒိုင်ယာရီစာအုပ်ပြန်ဖတ်မိတိုင်း
အဲဒီရက်စွဲတွေအပေါ် အတွေးတွေဖြတ်လျှောက်မိတယ်
တစ်ပတ်ကြီးခေါင်းပေါင်းပြီး ထမင်းကြော်နေတဲ့ အမေ့ပုံရိပ်တွေ
ကျောင်းချိန်မီ အမြန်ပြေးခဲ့တဲ့ကျွန်တော့်ခြေထောက်တွေ
ရုန်းကန်မှုတွေအပေါ် အသက်ရှင်နေရတဲ့ သွေးကြောတွေ
ဘယ်တော့မှ အရှုံးမပေးဖို့ပြောခဲ့တဲ့ အမေ့စကားသံတွေ
လမ်းလျှောက်မရလို့ချိုင်းထောက်နဲ့ လျှောက်ခဲ့ရတဲ့နေ့တွေ။

ကံကြမ္မာဇာတ်ဆရာက အရှိန်ပြင်းပြင်းတီးလေ
ကျွန်တော်တို့ဇတ်က အသက်ဝင်လေလေနဲ့
ရန်ကုန်မြို့လယ်ကောင်က လူလိမ်ပွဲလည်း
တခမ်းတနား ၀င်ရောက်ဆင်နွဲဖူးခဲ့
ရေကျော်က ဆောက်လက်စတိုက်ခန်းထဲလဲ
ကျွန်တော့်ချွေးစက်တွေပါရဲ့
မိသားစုတွေ ပျော်ရွှင်ဖို့ အပန်းဖြေစရာနေရာမှာ
ကျွန်တော့်အလုပ်ခန်းက ခပ်ကျဉ်းကျဉ်းရာယ်။

အချိုးအဆစ်တွေနဲ့ ဘ၀ရဲ့ တည်ဆောက်ပုံတွေ
ဘ၀ဆီကနေ ပိုပြီးလိုချင်လေ
ပိုပြီးပေးဆပ်ရလေလေ
အခက်အခဲတွေနဲ့တည်ဆောက်ထားတဲ့ လှေခါးထစ်တွေ
နာနာကျည်းကျည်းနဲ့ ကံကြမ္မာအပေါ် ဝေဖန်ခဲ့တဲ့စာမျက်နှာတွေ
အတွေးပေါင်းစုံနဲ့ ရေးစပ်ခဲ့တဲ့ နှစ်ချို့ကဗျာတွေ
တနင့်တစ်ပိုး ထုပ်ပိုးသိမ်းဆည်းခဲ့ရတဲ့ မျှော်လင့်ချက်တွေအပြင်
လောကဓံရဲ့ရိုက်ချက်ပြင်းပြင်းတွေကို အာသာပြေတွေခဲ့ရတယ်။ ။

Thursday, 8 November 2007

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ
ဒီနေ့ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်းမဟုတ်ဘူး
အနာကြီးရောဂါလည်းမဟုတ်ဘူး
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်း ကြည့်ရှု့စောက်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ ။

ကိုယ်ကာယရောဂါတွေကို
သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်းတွေကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ် ။

ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ
အမြောက်အမြားရှိနေတာမှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ ။ ။


ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ " နှလုံးသားအဟာရများ " စာအုပ်မှ
မာသာထရီဇာ ၏ ကဗျာ ။



Pages (27)1234567 Next
Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe