အချစ်အကြောင်း အပိုင်းအစ
အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုတဲ့အထဲက ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ပါ အဓိပ္ပါယ်တစ်ခုမဟုတ်ပါ အပိုင်းအစတစ်ခုအနေဖြင့်သာ.. ၊တစ်ယောက်နဲ့တစ်ယောက်အမြင်မတူညီနိုင်သဖြင့် နားလည်ပေးစေလိုပါတယ်။
အချစ်ဆိုတဲ့အကြောင်းအရာကို ပြောမိတိုင်း တစ်ခါတစ်လေ အငြင်းပွားရတယ်၊ တစ်ခါတစ်လေတော့လဲ သူ့နဲ့ကို အဆင်ပြေသွားတဲ့အခါရှိတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ အချစ်ရဲ့အဓိပ္ပါယ်ကို တိတိကျကျ ဖွဲ့ဆိုထားခြင်း မရှိပြန်ဘူး၊ သို့သော် အချစ်ဆိုတာကလဲ ရှိနေပြန်တယ်၊ အချစ်ဆိုတဲ့စကားလုံးနဲ့ အချစ်ဆိုတာကို ကိုယ်စားပြုထားတယ်လို့ ကျွန်တော်ထင်တယ်၊ သို့သော် ချစ်တယ် ဆိုသောစကားလုံးကိုတော့ နေရာတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြတယ်၊ အချစ်ကြောင့် ပူလောင်ရတယ်၊ အချစ်ကြောင့် အေးမြတယ် အချစ်ကြောင့် စိတ်ချမ်းသာတယ် အချစ်ကြောင့် အောင်မြင်မှုတွေရတယ် အချစ်ကြောင့် ဘ၀တွေဆုံးရှုံးရတယ် အချစ်ကြောင့်……အချစ်ကြောင့်…….ဒါဆိုရင် အချစ်မှာ စွင်းအင်(သို့) အချစ်မှာ အကျိုးအပြစ်တွေရှိနေတယ်၊ ကိုယ်ချစ်မိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရချင်တယ်၊ ပိုင်ဆိုင်ခွင့်မရတဲ့အတွက် စွန့်လွတ်လိုက်ရတယ်၊(တစ်ချို့ ချစ်နေရုံသက်သက်ပဲတဲ့) ပိုင်ဆိုင်ခွင့်ရသူအတွက် အချစ်သည် ရယူခြင်း၊ ပေးဆပ်သူအတွက် အချစ်သည် စွန့်လွတ်ခြင်းဟူသော နာမ၀ိသေသနများ အချစ်မှာရှိနေတယ် စွန့်လွတ်သောအချစ်၊ ရယူပိုင်ဆိုင်သောအချစ်၊……အချစ်၊………အချစ်၊ ဥပမာ မောင်မောင်သည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်သည် စာတော်သော ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်တွင် စာတော်သောကျောင်းသား ဟူသည့် နာမ၀ိသေသန တစ်ခုကိုပိုင်ဆိုင်သည်၊ ထို့သို့ပင် အချစ်ကို နားလည်မိသည်။
လူတစ်ဦးတစ်ယောက်သည် တစ်သက်တွင် တစ်ကြိမ်အချစ်စိတ်ဖြစ်ပေါ်ကြလိမ့်မည်ဟု ကျွန်တော်ထင်သည် အချိန်မရွေး အသက်အရွယ်မရွေး နေရာဒေသမရွေး ဖြစ်ပေါ်လာနိုင်သည်၊ မသိစိတ်ထဲတွင် သူစိုးမိုးထားသည်၊ ထိုမသိစိတ်ကို သိစိတ်သို့ ပြောင်းလဲလိုက်လျှင် အချစ်စိတ်ဖြစ်ပေါ်လာသည်၊ လျှပ်တပြက် တခဏအတွင်းတွင်လဲ ဖြစ်ပေါ်လာနိုင်သည် အမှုမဲ့အမှတ်မဲ့ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်၊ အချစ်ကိုဖန်တီးယူလို့မရသလို ဖျက်ဆီး၍လဲ မရနိုင်ဟုထင်သည်၊ အချိန်လွန်မှ ဖြစ်ပေါ်လာသော အချစ်လဲရှိနိုင်သည်၊ ထိုအခါမျိုးတွင်တော့ အချစ်ကို မဖော်ထုတ်ပဲ မြေမြုပ်လိုက်လျှင် လောကကြီး သာယာလှပသွားနိုင်သည်၊ ကျွန်တစ်ယောက် သခင်အပေါ်တွင် သစ္စာစောင့်သိရမည်၊ နိုင်ငံတော်အပေါ်တွင် နိုင်ငံသားတိုင်း သစ္စာစောင့်သိကြသည်၊ အချစ်အပေါ်တွင် ကျွန်တော်တို့ သစ္စာစောင့်သိကြမည်ဟုထင်သည်၊ သစ္စာစောင့်သိခြင်းသည် အချစ်၏ ဂုဏ်သတ္တိတစ်မျိုးပင်ဖြစ်မည်ဟု ထင်မိသည်၊ အချစ်တွင် ထိုသို့သော များပြားသည့် အမည်နာမများနှင့် ဂုဏ်သတ္တိများလဲ ရှိနေသည်၊ ( အချစ်သည် သစ္စာတရားဟု ပြောလာလျှင်လဲ မငြင်းပါ :) :P )
ကျွန်တော်ထင်ထားခဲ့တာတွေဟာ ဖြစ်လျှင်လဲဖြစ်နိုင်ပါတယ်၊ ဘာမှလဲမဆိုင်ချင် မဆိုင်နိုင်ပါဘူး၊ အဲဒီအတွက် ကျွန်တော်မကန့်ကွက်လိုပါ၊ ဘာမှမဆိုင်ဟုဆိုလျှင် ကျွန်တော်ပြောခဲ့သလိုပင်အချစ်နှင့်ပါတ်သတ်လျှင် အချစ်ဆိုတာကို ကျွန်တော်မသိသေးကြောင်းပါ (အချစ်ဆိုတာ မရှိဘူးဟု ပြောလာခဲ့လျှင်လဲ မငြင်းပါ :) :) :) )
ကျွန်တော်ပြောခဲ့သော အချစ်အကြောင်း အပိုင်းအစများဟာ အစ်မလေးမပြောပြထားတဲ့ အချစ်ရဲ့ နံပါတ်(၅)အချက်မှာ အကြုံးဝင်ပါတယ် အစ်မ ။
အစ်မရေ ကျွန်တော်အမြင်ကတော့ ဒီလောက်ပါပဲ …..
ခင်မင်လေးစားလျှက် …။