• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 18 October 2008

အချစ်အကြောင်း အပိုင်းအစ

အစ်မလေးမက အချစ်ဆိုသည်မှာ ခေါင်းစဉ်နဲ့ ရေးပေးစေလိုပါတယ်ဆိုလို့ ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ကို ရေးလိုက်ပါတယ်၊ ခေါင်းစဉ်ကို ကြားမိရုံနဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်သွားတယ် အချစ်ကို သိသလိုလိုနဲ့ မသိတာလဲ ဖြစ်နိုင်ပါတယ်၊ အချစ်ဆိုတာ ဒါပါပဲလို့ တစ်ဦးတစ်ယောက်က ပြောလာခဲ့ရင် ကျွန်တော် အလွယ်တကူပဲ လက်ခံပါတယ်၊ သူ့အတွက် အချစ်က ဒါဖြစ်နေလို့ပါပဲ၊ ဒီလိုဆို ကျွန်တော့်အတွက်က အချစ်ဆိုတာဘာလဲ….


အချစ်ကိုအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုတဲ့အထဲက ကျွန်တော်တစ်ယောက်ထဲရဲ့ အမြင်ပါ အဓိပ္ပါယ်တစ်ခုမဟုတ်ပါ အပိုင်းအစတစ်ခုအနေဖြင့်သာ.. ၊တစ်ယောက်နဲ့တစ်ယောက်အမြင်မတူညီနိုင်သဖြင့် နားလည်ပေးစေလိုပါတယ်။
အချစ်ဆိုတဲ့အကြောင်းအရာကို ပြောမိတိုင်း တစ်ခါတစ်လေ အငြင်းပွားရတယ်၊ တစ်ခါတစ်လေတော့လဲ သူ့နဲ့ကို အဆင်ပြေသွားတဲ့အခါရှိတယ်၊ ဘယ်သူတစ်ဦးတစ်ယောက်မှ အချစ်ရဲ့အဓိပ္ပါယ်ကို တိတိကျကျ ဖွဲ့ဆိုထားခြင်း မရှိပြန်ဘူး၊ သို့သော် အချစ်ဆိုတာကလဲ ရှိနေပြန်တယ်၊ အချစ်ဆိုတဲ့စကားလုံးနဲ့ အချစ်ဆိုတာကို ကိုယ်စားပြုထားတယ်လို့ ကျွန်တော်ထင်တယ်၊ သို့သော် ချစ်တယ် ဆိုသောစကားလုံးကိုတော့ နေရာတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုထားကြတယ်၊ အချစ်ကြောင့် ပူလောင်ရတယ်၊ အချစ်ကြောင့် အေးမြတယ် အချစ်ကြောင့် စိတ်ချမ်းသာတယ် အချစ်ကြောင့် အောင်မြင်မှုတွေရတယ် အချစ်ကြောင့် ဘ၀တွေဆုံးရှုံးရတယ် အချစ်ကြောင့်……အချစ်ကြောင့်…….ဒါဆိုရင် အချစ်မှာ စွင်းအင်(သို့) အချစ်မှာ အကျိုးအပြစ်တွေရှိနေတယ်၊ ကိုယ်ချစ်မိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရချင်တယ်၊ ပိုင်ဆိုင်ခွင့်မရတဲ့အတွက် စွန့်လွတ်လိုက်ရတယ်၊(တစ်ချို့ ချစ်နေရုံသက်သက်ပဲတဲ့) ပိုင်ဆိုင်ခွင့်ရသူအတွက် အချစ်သည် ရယူခြင်း၊ ပေးဆပ်သူအတွက် အချစ်သည် စွန့်လွတ်ခြင်းဟူသော နာမ၀ိသေသနများ အချစ်မှာရှိနေတယ် စွန့်လွတ်သောအချစ်၊ ရယူပိုင်ဆိုင်သောအချစ်၊……အချစ်၊………အချစ်၊ ဥပမာ မောင်မောင်သည် ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်သည် စာတော်သော ကျောင်းသားတစ်ယောက်ဖြစ်သည်၊ မောင်မောင်တွင် စာတော်သောကျောင်းသား ဟူသည့် နာမ၀ိသေသန တစ်ခုကိုပိုင်ဆိုင်သည်၊ ထို့သို့ပင် အချစ်ကို နားလည်မိသည်။
လူတစ်ဦးတစ်ယောက်သည် တစ်သက်တွင် တစ်ကြိမ်အချစ်စိတ်ဖြစ်ပေါ်ကြလိမ့်မည်ဟု ကျွန်တော်ထင်သည် အချိန်မရွေး အသက်အရွယ်မရွေး နေရာဒေသမရွေး ဖြစ်ပေါ်လာနိုင်သည်၊ မသိစိတ်ထဲတွင် သူစိုးမိုးထားသည်၊ ထိုမသိစိတ်ကို သိစိတ်သို့ ပြောင်းလဲလိုက်လျှင် အချစ်စိတ်ဖြစ်ပေါ်လာသည်၊ လျှပ်တပြက် တခဏအတွင်းတွင်လဲ ဖြစ်ပေါ်လာနိုင်သည် အမှုမဲ့အမှတ်မဲ့ဖြစ်နေတာလဲ ဖြစ်နိုင်ပါတယ်၊ အချစ်ကိုဖန်တီးယူလို့မရသလို ဖျက်ဆီး၍လဲ မရနိုင်ဟုထင်သည်၊ အချိန်လွန်မှ ဖြစ်ပေါ်လာသော အချစ်လဲရှိနိုင်သည်၊ ထိုအခါမျိုးတွင်တော့ အချစ်ကို မဖော်ထုတ်ပဲ မြေမြုပ်လိုက်လျှင် လောကကြီး သာယာလှပသွားနိုင်သည်၊ ကျွန်တစ်ယောက် သခင်အပေါ်တွင် သစ္စာစောင့်သိရမည်၊ နိုင်ငံတော်အပေါ်တွင် နိုင်ငံသားတိုင်း သစ္စာစောင့်သိကြသည်၊ အချစ်အပေါ်တွင် ကျွန်တော်တို့ သစ္စာစောင့်သိကြမည်ဟုထင်သည်၊ သစ္စာစောင့်သိခြင်းသည် အချစ်၏ ဂုဏ်သတ္တိတစ်မျိုးပင်ဖြစ်မည်ဟု ထင်မိသည်၊ အချစ်တွင် ထိုသို့သော များပြားသည့် အမည်နာမများနှင့် ဂုဏ်သတ္တိများလဲ ရှိနေသည်၊ ( အချစ်သည် သစ္စာတရားဟု ပြောလာလျှင်လဲ မငြင်းပါ :) :P )




ကျွန်တော်ထင်ထားခဲ့တာတွေဟာ ဖြစ်လျှင်လဲဖြစ်နိုင်ပါတယ်၊ ဘာမှလဲမဆိုင်ချင် မဆိုင်နိုင်ပါဘူး၊ အဲဒီအတွက် ကျွန်တော်မကန့်ကွက်လိုပါ၊ ဘာမှမဆိုင်ဟုဆိုလျှင် ကျွန်တော်ပြောခဲ့သလိုပင်အချစ်နှင့်ပါတ်သတ်လျှင် အချစ်ဆိုတာကို ကျွန်တော်မသိသေးကြောင်းပါ (အချစ်ဆိုတာ မရှိဘူးဟု ပြောလာခဲ့လျှင်လဲ မငြင်းပါ :) :) :) )

ကျွန်တော်ပြောခဲ့သော အချစ်အကြောင်း အပိုင်းအစများဟာ အစ်မလေးမပြောပြထားတဲ့ အချစ်ရဲ့ နံပါတ်(၅)အချက်မှာ အကြုံးဝင်ပါတယ် အစ်မ ။
အစ်မရေ ကျွန်တော်အမြင်ကတော့ ဒီလောက်ပါပဲ …..
ခင်မင်လေးစားလျှက် …။











7 comments:

Anonymous said...

ကိုတင့် အက်ဆေးတွေက ရှားပါ့ ဒါမျိုးလေးတွေကဖတ်ရတာ နားလည်ပြီး ကောင်းတယ် ကဗျာဆို စဉ်းစားနေရတာနဲ့  ဘာရေးခဲ့ရမှန်းကိုမသိတော့ ဘူးး သို့ သော် သို့ သော် နဲ့  ဟီးး ရပ်ကွက်လူကြီး အစည်းဝေးမှာပြောတဲ့ အတိုင်းပဲး) ဆယ်တန်းတုန်းက ကူးချခဲ့တဲ့ energy (စွမ်းအင်း) တွေကော နာမ၀ိသေသနတွေပါ ပါတယ် တော်လိုက်တာ ။အချစ်သည် သစ္စာတရားဟု ပြောလာလျှင်လဲ မငြင်းပါဘူး ဟုတ်ကဲ့ ဟုတ်ကဲ့ မငြင်းပါဘူးး သိတဲ့သူတွေပြောတဲ့ စကား မှတ်ထားမယ် ။
ဒါနဲ့ ရန်ကုန်မှာတုန်းက ချောကလပ်တွေ ၀ယ်ပြီး ပေသီးကို ဘယ်ပို့ ခိုင်းတာလည်းဗျ ပြောတော့ အချစ်ကို မသိဘူးတဲ့ :P

ညိမ်းညို said...

နားလည်သလိုလိုတော့ ရှိသား
သို့သော် သေချာတော့လဲ နားလည်သေးပါဝူးကွာ :P
အချစ်အကြောင်းတွေ ဖွင့်ဆိုပြသွားတဲ့ ဘိုတင့်ကြီး
အစစအဆင်ပြေပါစေဗျာ :) :)

Layma said...

ငါ့ရာဟု.. ငါ့အချစ် ... ငါ့ နာမ၀ိသေသန အတွက် ငါ၏သစ္စာကို ဦးထိပ်ပန်ဆင်ပါသည်...။ :P

ဘိုတင့် .. ကျေးဇူးနော်...။
ဒါနဲ့  ချောကလက် ဆိုပါလား...။

အိုင်လွယ်ပန် said...

နားလည်ပြီဗျ.....
LOVE=ADJECTIVE :P
ခံစားချက်ခြင်းတူတယ်ဗျ......
သစ္စာဆိုတာ အချစ်ရဲ့ဂုဏ်သတ္တိတစ်မျိုး....
ကောင်းတယ်ဗျာ....

mgngal said...

အချစ်အပေါ်တွင် ကျွန်တော်တို့ သစ္စာစောင့်သိကြမည်ဟုထင်သည်။
ဂါဂါ လေးစားပါတယ် ။ :) Like this !!

မင်းကျန်စစ်။ said...

အလဲ့ ဦးတင်းရဲ့ အချစ်ကလည်း တမျိုးပေါ့။
အင်းပေါ့လေ အတွေ့အကြုံကြီးသူတွေကစကား နားထောင်ရမပေါ့ :P

Unknown said...

အချစ်ကိုသေချာမသိဘဲ နဲ့ အချစ်တော့ရှိတယ်ပေါ့
... :P

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe