• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday 9 October 2008

မက်ဆေ့ခ်ျ

တစ်ရက်ထဲမှ ၂၄ နာရီကိုနုတ်ပါ
ဟင်းသီးဟင်းရွက် အသား၊ ငါး ရွေးသလို
ဘ၀ထဲမှ ရွေးပါ
ဒီလိုဆိုတော့လဲ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
ဟာ ခနဲ ဟာ ကုန်ကြမလား
ဒလဟော စီးဆင်းမှုကို ရပ်တန့်သွားနိုင်အောင်
ကြက်ခြေတွေပဲခတ်ကြမလား
လောကထဲ မှ လူတစ်ယောက်ကိုလဲ
သေခြင်းတရားကပဲ နုတ်ယူသွားဦးမှာပဲလေ။

မီးကြွင်းမီးကျန်ဆိုရင်
နောက်ဆုံး ဆေးလိပ်မီးကအစ
အလျှဉ်းသင့်သလိုညှိမ်းပါ
ပလက်စတစ်လောင်း
မှန်ဘောင်သွင်းထားရအောင်လဲ
ခမ်းခမ်းနားနား ကျွန်တော်တွင် ဘာမှမရှိပါ ။

အိုးမဲ့အိမ်မဲ့လေလွင့်နေတဲ့စိတ်ရိုင်းကို
စွန့်လွတ်မှုတွေနဲ့ အစားထိုးကြည့်
ဖြည့်စွက်စရာများ အများကြီးကျန်ရှိနေပါသဖြင့်
ကိုယ်တိုင်သာ ဖြည့်စွက်ကြပါရန်
သေချာပြီဆိုတဲ့ နေ့မှ
ကျွန်တော့်ဆီ ဖုန်းခေါ်ပါ (သို့)
မက်ဆေ့ခ်ျ ပို့ပါ
သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည် ။ ။

18 comments:

mgngal said...

ကြိုက်တယ် ဂါဂါရေ။တစ်ပုဒ်လုံးပဲ အတွေးတွေ အရေးတွေ
ကတော့ လန်ထွက်လျှံတက် နေတာပဲဗျို့ ။

သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

ဘယ်လောက်ကောင်းလိုက်တဲ့ အရေးအသားလဲ ။

လင်းဒီပ said...

အလျင်းသင့်သလို ညှိမ်းနေတဲ့ကြားပဲ ထထတောက်နေတဲ့ နေ့တာတွေပါဗျာ...

Anonymous said...

ဖုန်းခေါ်မလို့ က ဈေးကြီးနေတယ်း) မက်ဆေ့ ပို့ လိုက်မယ် ပြောပြော နံပါတ် .. စတာနော့် ကဗျာကတော့ ကိုတင့် လက်ရာအတိုင်း ဒဿနတွေနဲ့ မိုက်တယ် ။

thihanyein said...

ကဗျာတွေမိုက်တယ်ဗျာ အားလား အပိုဒ်တိုင်းကိုကြိုက်တယ်
ဒါကြောင့်ခင်ဗျားစကားလုံးတွေ ယူယူသုံးနေရတာ အဟိ
ကောင်းတယ်ဘိုတင့်ရေ ဆက်ရေးဗျ

ဖြိုးငယ် said...

မောင်တင့် ပျောက်နေတယ် ထင်တာ ..
လက်စသတ်တော့ မက်ဆေ့ခ်ျ ကို စောင့်နေတာကို ...
ငါလည်း မျက်ရည်မရှိတော့တဲ့နေ့အထိ အသက်ရှိချင်တယ်ကွာ ... ကောင်းတယ်ဆိုတာကိုတော့ ထွေထူးမပြောတော့ဘူးဗျာ .. အားလုံးလည်း သိနေတာပဲ

Unknown said...

ကိုတင့်ရေ အလေအလွင့်မရှိအားလုံးကောင်းတယ်ဗျာ
ကြိုက်တယ် အားလုံးပဲ မျက်ရည်တွေမရှိတဲ့နေ့အထိတဲ့လား အင်းကိုတင့်ရေငိုနေတာတော့ဟုတ်ပါဘူးနော် :)
ကောင်းသောနေ့ပါကိုတင့် :)

အညာသား said...

ကောင်းပြီးရင်း ကောင်းရင်း.... :)

Mhaw Sayar said...

ကောင်း၏ ညီရေ. ဒါပဲ ပြောနိုင်တယ်. :)

Layma said...

တစ်ရက်ထဲမှ ၂၄ နာရီကိုနုတ်ပါ
အဆမတန် မျက်လုံးတွေ ပြူးကုန်ကြမလား
...
ဟုတ်တယ်... ပြူးသွားတယ် ... ခြေထောက်ရော လက်ရောက် ထောင်ပြီး နုတ်တာ အဖြေမထွက်လို့  ... ကကူလေတာ ငှားပါ...။

Unknown said...

မောင်လေး
ကဗျာလာဖတ်သွားတယ်..
စာသားတွေကတော့
ပြောင်မြောက်နေတာပဲ..
သူများတွေနဲ့မတူအောင်
ထူးထူးခြားခြားလေးတွေရေးပြီး
ဆွဲဆောင်နိုင်တာတင့်ထူးရွေှ့နော်..
အားပေးတယ်..

သင့်ရဲ့ လက်ဆတ်တဲ့ အပြုံးတစ်ပွင့်မှာ
တစ်ကိုယ်ရေ သန့်ရှင်းမှုတွေ ပေကျံနေပါစေ ။

မျက်ရည်မရှိတော့တဲ့နေ့အထိ အသက်ရှိချင်တယ်..။
စာသားလေးကိုအရမ်းကြိုက်တယ်..
ထာဝရပျှော်ရွှင်ချမ်းမြေ့ပါစေမောင်လေးရေ..

ညိမ်းညို said...

တင်တဲ့နေ့ကရင်း ရောက်တယ်ဘိုတင့်ရေ
နက်မကောင်းတော့ ကွန့်မန့်ထိမတက်လို့ကွာ
ဖြေးဖြေးမှန်မှန်နဲ့ ကဗျာကောင်းတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေ သူငယ်ချင်းရေ .. :)

Unknown said...

လစ်တဲ့ဟ..ဂါဂါရ မင်းကဗျာဖတ်ပြီး ခဏလောက် ပါးစပ်ဟလိုက်မိတယ်..ယင်ကောင်နှစ်ကောင် ပါးစပ်ထဲရောက်နေပြီ..အဲဒီလောက် စွမ်းတဲ့ကဗျာ..မင်းဘယ်လိုရေးဘယ်လိုတွေးမှန်း သိချင်သပ..ဂါဂါရေ..

ဝေလေး said...

ကဗျာကတော့ သူများတွေလည်းပြောပြီးပြီမို့ ဘာမှပြောစရာတောင်မကျန်တော့ဘူး... အရမ်းကောင်းတယ်..
တစ်ပုဒ်လုံးကြိုက်တယ်.... တော်ချက်
:P

Anonymous said...

မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ... မက်ဆေ့ခ်ျ.... ဟ်ဟ်ဟ်ဟ်...... ကြိုက်လွန်းလို့ ဖုန်းထဲက အသံအတိုင်းအော်သွားတာ.... အဟတ်ဟတ်....

ခေါင်ခေါင် said...

အရမ်းကောင်းပါတယ် အစ်ကို..

ဒါပဲပြောခဲ့တော့မယ်

ပန်းခရေ said...

ဟာ..............
ကောင်းတယ်ကွာ............
လန်းချက်............
မိုက်တယ်ကွာ........
လန်ထွက်နေတယ်.........
ဖလန်းဖလန်းပဲ............
ဝိုးးးးးးးးးးးး
အံ့သြလောက်အောင်ကို ရှယ်ပဲကွာ..........
စတဲ့..စတဲ့ အာမေဋိတ်များဖြင့်...
ချီးကျူးလေးစား အားကျစွာဖြင့် ပြန်သွားကြောင်း
ဂလောက်....

အိုင်လွယ်ပန် said...

ဖြည့်စွက်စရာများအများကြီး
ကျန်ရှိနေပါသဖြင့် .....
ကိုယ်တိုင်သာဖြည့်စွက်ကြပါရန်......

ကောင်းမှကောင်း..........

Unknown said...

မျက်ရည်တွေ မရှိတော့တဲ့ နေ့အထိ
ကျွန်တော် အသက်ရှိနေချင်သည်............ :)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe