• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday 2 October 2008

မပြီးဆုံးသေးသော

တွန်းမှန်းမသိ ဆွဲမှန်းမသိ
လက်တွေက ကြမ်းရှ
စိတ်အပင်ရဲ့ ထိုးထောင်မှုကို
ခုတ်သိမ်းခံရတဲ့အခါ
ရှင်သန်ခြင်းတို့ သေတယ်။

စိတ်အစာငတ်မွတ်ခြင်းမှာ
ခန္ဓာတစ်ခုလုံး နုံးနယ်ချိနဲ့
မီးခိုးတွေပဲ အူနေအောင်ထွက်တယ်။

လမ်းတွေကလဲ တစိမ်းတရံစာလိုပဲ
အမြှီးအမောက် ပြန်တည့်နေရတာကိုက
နေ့ နဲ့ ည။

ရစ်ခြုံသိုင်းဖက်ထားတဲ့ လောကဓံအပေါ်
နည်းအမျိုးမျိုးနဲ့ခါချ ကြည့်
လုံးထွေးသတ်ပုတ်ကြည့်
လိုအပ်တဲ့ ဓါတ်စာဆိုတာလဲ
ပုံမှန်မှီဝဲနိုင်မှ ။

ဒီတစ်နွေ
ပြီး နောက်တစ်နွေ
မျှော်လင့်ချက်တန်းလန်းနဲ့
ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ့်ဇာတာ။ ။

15 comments:

Unknown said...

ကိုတင့်ရေ ကဗျာလေးက စဆုံးအကုန်ကြိုက်တယ် ကဗျာကောင်းလေး တွေဖတ်ရတဲ့အတွက် ကျေးဇူး
စဆုံး ထပ်ခါဖတ်သွားတယ် အစ်ကို စိတ်တွေထိုးထောင်မှုကို ခုတ်သိမ်းခံရတဲ့အခါ အင်း အစ်ကိုရေ အဲ့လိုမသိမ်းခံရ လေအောင် စိတ်တွေ ခိုင်မာနေဖို့တော့လိုမယ်ဗျနော
အားလုံးအဆင်ပြေပါစေကိုတင့်ရေ ဒီဇင်ဘာကိုမျှော်နေတယ် :)

mgngal said...

ဇာတာတွေ အမြီးအမောက် တည့်ပါစေလို့ ပဲ ဆုတောင်းပေးပါတယ် ဂါဂါရေ ။

ကြယ်စင်နတ်သမီး said...

မောင်လေးရေ ကဗျာတွေကတော့ ကောင်းပြီးရင်းကောင်းပဲနော်... ဘဝဆိုတာ မပြီးဆုံးသေးတဲ့ ဇာတ်ကားတစ်ကားပေါ့... လူတွေကလဲ မပြီးဆုံးတဲ့လမ်းကို လျှောက်လှမ်းနေကြစဲပဲပေါ့...း)

Anonymous said...

ဇာတာကို ကိုယ့်ပါသာပြင်ရင်ကော မရဘူးလား ညီတော့ စဉ်းစားနေတာ ကိုယ့်ပါသာယတြာခြေပြီးး ဇာတာကိုပြောင်းပြန်လှန်ဖို့း)

thihanyein said...

ဟေ့လူဘိုတင့်
ပိတ်ကားပေါ်မှာကြည့်ရတာ
ပေါင်းတာပဲကြည့်ချင်တယ်ဗျ
ဟဟ ပေါက်တယ်နော်

လင်းဒီပ said...

ဖြေးဖြေးပဲရေးမယ်ဆိုတဲ့ကဗျာတွေကို..ဖြေးဖြေးလာဖတ်သွားပါတယ်....အဆင်ပြေပါ့ဗျာ...
ရေးလိုက်တိုင်းရွှေထွက်နေတဲ့လက်ပဲ....ကောင်းပ....

ညိမ်းညို said...

ဘိုတင့်ရေ
အိမ်ကလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှ တအားလှ လွှတ်လှဗျာ :)

ကဗျာတွေကတော့ အမြဲကောင်းနေတော့ ကောင်းတယ်ပြောရမှာတောင် ရိုးပေါ့ဗျ :)

အညာသား said...

ပိတ်ကားပေါ်မှာစောင့်ကြည့်ရမယ့် ဇာတာက အဖြူလား အမည်းလား... ကာလာတွေနဲ့လား .. ကြိုသိရရင် ကောင်းမှာပဲဗျ။

Unknown said...

စောင့်လက်စနဲ့ပဲ အဲ့ဒီ့နွေကို ဆက်စောင့်ကြ တာပေါ့ကွာ...။

အိုင်လွယ်ပန် said...

ဟုတ်တယ်အစ်ကိုရေ....
မပြီးသွားသမျှတော့ လျှောက်စမ်းဟ ပေါ့......
ဘယ်သူမှလဲ ကြိုမမြင်နိုင်တော့
ပိတ်ကားပေါ်မှာပဲဆက်လက်ပြီး.......
ကိုညိမ်းပြောသလို
ရိုးရိုးလေးနဲ့လှလိုက်တဲ့ကဗျာဗျာ.....
ကြိုက်မှကြိုက်

မသက်ဇင် said...

ဒီတစ်နွေ
ပြီး နောက်တစ်နွေ
မျှော်လင့်ချက်တန်းလန်းနဲ့
ပိတ်ကားပေါ်မှာ စောင့်ကြည့်ရမယ့်ဇာတာ။ ။

တစ်နွေပြီးရင် မျှော်လင့်ချက်တွေနဲ့ပိတ်ကားပေါ်မှာစောင်ကြည်စရာ
မလိုတော့ပါဘူး---
မျှော်လင့်ချက်တွေပြည့်ဝလာမှာပါ
ခင်မင်လျက်
မသက်ဇင်

ခေါင်ခေါင် said...

အစ်ကို ရေးတဲ့ကဗျာလေးတွေ အရမ်းကောင်းတယ် ဗျာ.

ဖြိုးငယ် said...

မောင့်တင့်ရေ ... ကဗျာက ကောင်းလည်းကောင်းလွန်း
မှန်လည်းမှန်လွန်းတယ်ဗျို့ .. ချီးကျုးတယ် ဆရာသမားရယ် ...

လင်းဦး(စိတ်ပညာ) said...

ကောင်းလိုက်တာ.. တစ်ပုဒ်ပြီး တစ်ပုဒ် ကောင်းတာပဲ ညီရေ ။

Layma said...

ဘာကားလဲ ဘိုတင့်..
ဇာတ်ညွှန်း ဖတ်ရတာတော့ မင်းသားက အတော် စိတ်မောနေပုံပဲ...။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe