• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 18 October 2008

ပွဲတော်



အရောင်တွေ
ပြိုးပြိုးပျက်ပျက်
အပျော်တွေ ဖိတ်လျှံကျ
ဝံပုလွေများရဲ့ တောရိုင်းထ ဂီတ ။

13 comments:

Anonymous said...

ည.... နဲ့ ဂီတမှာ ၀င်ပုလွေတွေ ပြိုးပြိုးပျက်ပျက်ဆိုတော့ စဉ်းစားစရာပဲ ကိုတင့်မရိုးဘူး အသဲရောင်လား အသားဝါးလားမသိ လာ ညီတို့တွေ ဓာတ်မှန်သွားရိုက်ရအောင် ဆြာဝန်မချောချောလေးဆီမှား)

thihanyein said...

ဘယ်လိုကွန်မန်းပေးရမှန်းတောင်မသိတော့ဘူးဗျာ
ကဗျာက တွေးရင်တွေးလိုက်သလို ဆန့်ထွက်လာလို့
အဟီး ကောင်းတယ်ဘိုတင့်ရေ ကြိုက်တယ်ဗျာ

ခေါင်ခေါင် said...

လိုက်လို့ မမှီဘူး အစ်ကို...
ဝံပုလွေတွေ ရဲ့တောင်ရိုင်းထ ဂီတ ထဲမှာ တော့ မိန်းမူးသွားပါတယ်..

mgngal said...

ဟားဟား ဂါဂါ ကလပ်ရောက် ခဲ့တယ် ထင်တယ် ။
မှန်မှန်ပြော။ :P

ညိမ်းညို said...

တို့ဘိုတင့်ကြီး ကလပ်များ တက်ခဲ့လေသလား :P

Myo Win Zaw said...

ကဗျာခံစားသွားတယ်

Unknown said...

မောင်လေး

ကဗျာကိုဖတ်ပြီး..မြန်မာပြည်က
ကလပ်တွေကိုအရမ်းသတိရမိတယ်..

Unknown said...

ကိုတင့်ရေ ကဗျာလေးဖတ်သွားတယ်ဗျို့ :) ပွဲတော်လေးထဲရောက်ခဲ့တယ်နော :) တိုတိုလေး တွေးစရာများစွာ ကောင်းသောညပါကိုတင့် :)

၀ဿန်ဦး said...

သယ်ရင်းး.. မိတယ်ကွာ.. :)

Layma said...

ဒီဝံပုလွေကဗျာကို လိုက်မမှီဘူး..။
ဘိုညိမ်းပြောတာ ဖြစ်နိုင်တယ်..။
အဲလိုတွေးလိုက်မှ အိုကေတယ်..။

အိုင်လွယ်ပန် said...

သိုးလိုလူတွေရှိနေသမျှဝံပုလွေလိုလူတွေ
ပိုပိုများလာမယ်.....
ပွဲတော်တွေများများလာမယ်.....
ရသလိုတွေးယူခံစားသွားတယ်ဗျ.....

Unknown said...

ပွဲတော်နွဲပျော်ပေါ့..။

Unknown said...

ဝံပုလွေတွေရဲ့ ဂီတညမှာ ငါတို့လည်း မိုးခါးရေ ၀ိုင်းသောက်ရတဲ့ ဘ၀က လွတ်ခြင်ပြီ.. :(

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe