• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Tuesday 23 September 2008

ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

ပဲ့နေတဲ့နေရာလေးကိုမှ
နဲနဲချင်းစိဖဲ့လိုက်သလိုမျိုး
ဒီလိုနဲ့ တစ်ပြင်လုံး ပဲ့ထွက်သွားလိုက်တာ..

ပြန်လာမယ်ဆိုတဲ့စကားကို
အဝေးကြီးကနေပြောတယ်
ဘယ်အရာတွေထဲက ထွက်ကျလာတဲ့အသံလဲ
ဟောဒီနားနဲ့ကို ဆက်ဆက်ကြားမိပါတယ်
တစ်ဦးတစ်ယောက်ချင်းစီအတွက်
ရူးနှမ်းခွင့်နဲ့ အသားကျနေတဲ့နေရာမှာ
မင်းလဲ ပျော်သလိုသာနေပါ
ဘယ်အရာတွေမှ ရပ်နေလို့မရတဲ့ကမ္ဘာမှာ
မင်းရောကိုပါ လိုက်ပါရွေလျှားနေကြတာပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့
တိုက်မိ ဆောင့်မိကောင်းပါရဲ့ကွယ်။

တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့
ရေဆုံးရေဖျား
မေးလေးထောက်ထောက် ကြည့်ရတာ အမော
ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ်
လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့
မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ်
နှေးကွေးလေးလံလွန်းလှရဲ့ ။

အဆုံးထိရောက်မှ အစကိုပြန်ကောက်ရတဲ့
ကိုယ့်ကမ္ဘာမှာ
ဘယ်မြစ်မှ သောင်မထွန်းခဲ့ပါဘူး
အမြဲချော်ထွက်နေတဲ့လမ်းကနေ
ခပ်အေးအေးပဲ တေးဆိုနေချင်တယ် ။

မုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိတဲ့အဖြစ်ဟာ
စိတ်မှန်းနဲ့ ရူးနှမ်းမှုတစ်ခုဆိုရင်
မုန့်ဆီကြော် မကြိုက်တဲ့ကျွန်တော့်အတွက်
စကားလုံး လှလှ နိတိကျကျ
သွေဖီခွင့်ပြုပါ ။

လမ်းပေါ်မှာတွေ့လို့
ကောက်ယူမွေးစားလိုက်ရတဲ့ အဖြစ်မျိုးနဲ့ပဲဖြစ်ဖြစ်
ကိုယ့်အတွက် အဓိပ္ပါယ်တစ်ခုခုရှိနေမယ်ဆိုရင်
တစ်လနဲ့ကိုးသီတင်း
ကောင်းကင်ကြီးက ၀ှက်ထားတဲ့ ကိုယ့်ကြယ်လေးနဲ့
ဒီညမှာပြည့်ပြည့်၀၀
စကားတွေတ၀ပြောချင်တယ် ။ ။

18 comments:

အိုင်လွယ်ပန် said...

အား..လား...လား.....
ငြိမ်နေတာစကားလုံးတွေ ဥနေတာကိုးဗျ.....
ကောင်းတယ်ဗျာ.......
ဝှက်ခံထားရတဲ့ကြယ်လေးနဲ့အမြန်ဆုံးဆုံစည်း
နိုင်ပါစေဗျို့......ကြိုက်တယ်......

ညိမ်းညို said...

ဘိုတင့်ရေ အကြာကြီးနေမှ ပေါ်ပေါ်လာတယ်
ပေါ်လာတော့လဲ ကဗျာကောင်းကောင်းတွေ ခေါ်ခေါ်လာတယ်
ဒီတော့ ကျနော်တို့ကလဲ ခင်ဗျားကို မျှော်မျှော်နေရတယ်ပေါ့ဗျာ :) :)
ဘိုတင့်ရေ ကြိတ်လိုက်ကျစို့
ကဗျာကို တစက်စက်ပေါင်းခံပြီးလေ ....

ဖြိုးငယ် said...

မအားဘူးလို့ထင်တာ .. ကိုယ့်ဆရာက ကြယ်ရှာနေတာကို ...
ကောင်းတယ်ဗျာ

Unknown said...

ကိုတင့်ရေ တစိမ့်တစိမ့်လေးဖတ်သွားတယ်ဗျာ ညက်ညောလိုက်တယ် အတွေးလေးတွေ တ၀ကြီးပြော အမုန်းပြော မခမ်းနိုင်အောင်ပြောပြစ်လိုက် တွေ့ရင် :)

အညာသား said...

မုန့်ဆီကြော်မကြိုက်ဘူးတဲ့..။
ယုံဘူး... ။ :D

mgngal said...

မုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိတဲ့အဖြစ်ဟာ
စိတ်မှန်းနဲ့ ရူးနှမ်းမှုတစ်ခုဆိုရင်
မုန့်ဆီကြော် မကြိုက်တဲ့ကျွန်တော့်အတွက်
စကားလုံး လှလှ နိတိကျကျ
သွေဖီခွင့်ပြုပါ ။

ဟိုက်ရှားပါး ..တစ်ကယ်ကို ရှားပါး စကားလုံးတွေပဲဗျို့ ။
ကောင်းတယ်ဂါဂါရေ။

Anonymous said...

ကြယ်လေးနဲ့  ညတိုင်းစကားတွေ တစ်ဝကြီးပြောခွင့်ရပါစေ အစ်ကိုရေ့ စကားလုံးတိုင်းလှတယ် ဒါမှကဗျာလို့ ခေါ်တာပေါ့း)

Unknown said...

ကောင်းကင်ကြီးက ၀ှက်ထားတဲ့ ကိုယ့်ကြယ်လေးနဲ့
ဒီညမှာပြည့်ပြည့်၀၀
စကားတွေတ၀ပြောချင်တယ် ...
ပြောသာပြောတစ်ဝကြီးပြော.. :P
မိုးလင်းတော့ပြန်အိပ်ပေါ့.. :P

thihanyein said...

ဘိုတင့်ရေ
ကဗျာတွေကတော့ ကောင်းပြီးရင်းကောင်း
နေတာပဲဗျ အဆင်ပြေပါစေဗျာ

ကြယ်စင်နတ်သမီး said...

မောင်လေးရေ အဲဒီလိုခံစားနေရရင် ကြယ်လေးကို မမကြယ်စင် မဖွတ်ထားတော့ပါဘူး... ဟီးးးးးးး

Unknown said...
This comment has been removed by the author.
လင်းဦး(စိတ်ပညာ) said...

လုပ်ပြန်ပြီ နောက်တစ်ယောက်၊ ကျန်စစ်တစ်ယောက်လည်း ဒီလိုပဲရေးတယ်။ ကိုယ့်လတ်တလောခံစားချက်တွေနဲ့က တိုက်ဆိုင်နေတယ်ကွာ။ ရေးထားတာ ကောင်းတယ် ညီလေး။

မွန် said...

တစ်နေ့နေ့ တစ်ချိန်ချိန်တော့
တိုက်မိ ဆောင့်မိကောင်းပါရဲ့ကွယ်။
ရင်ဘတ်ပေါ်ကို ကြွေကြွေကျလို့
ခံစားချက်တွေချိုင့်ဝင်သွားတိုင်း
လိုက်လိုက်ကောက်မိတယ်
တယ်တော့ ဥက္ကာပျံတွေချည့်ပဲ
ဘ်ာမှာလဲ ကိုယ့်ကြယ်

ဝေလေး said...

ဝှက်ထားတဲ့ ကြယ်ပြန်တွေ့ပြီး စကားတွေတဝကြီးပြောနိုင်ပါစေ .... အစ်ကိုရေ :P

ရိုးမြင့်အောင် said...

မုန့်ဆီကြော်စားရင်း ခင်ဗျား ကြယ်လေးနဲ့ စကားပြောမယ်လေဗျာ... နော်... အဟိ။ ကိုယ့်လူ လေသလပ်ခံနေတာက ကောင်းကင်ကြီးကဝှက်တဲ့ ကြယ်လိုက်ရှာနေတာကို... အခုတွေ့ပြီ... ဆက်ရေးတော့...

Unknown said...

ငါကတော့ ဘာမှကို မပြောချင်တော့ဘူး...။ ဘာရှိရမလဲကွာ...ကဗျာ....ကိုပေါ့...။ ရေးလည်း ရေးနိုင်ပါပေတယ်ကွာ...။

Layma said...

အစ်မရဲ့ ကောင်းကင်ကြီးကို သေချာ စစ်မေးပြီးပါပြီ...
သူ ဘာမှ ၀ှက်မထားပါဘူးတဲ့..။ :P

ရွှန်းမီ said...

ဘယ်အရာတွေမှ ရပ်နေလို့မရတဲ့ကမ္ဘာမှာ
မင်းရောကိုပါ လိုက်ပါရွေလျှားနေကြတာပဲ
တစ်နေ့နေ့ တစ်ချိန်ချိန်တော့
တိုက်မိ ဆောင့်မိကောင်းပါရဲ့ကွယ်။
.............................................
အကြိုက်ဆုံး စာသားကို ဟိုင်းလိုက် လုပ်သွားပါသည်။
:-)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe