အရိပ်
မိးအိမ်လေး ဖျက်ဆို ငြိမ်းသွား
စာရွက်အလွတ် တစ်ချို့ ပြန့်ကျဲ
တံခါးရွက် အရှိန်နဲ့ပြေးဆောင့်သံ
တစ်ခန်းလုံး မှောင်အတိ
လေပြင်းတစ်ချက်ဟာ
အလင်းရောင်နဲ့ အဆက်ဖြတ်ပစ်လိုက်ပုံ ။ ။
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
မိးအိမ်လေး ဖျက်ဆို ငြိမ်းသွား
စာရွက်အလွတ် တစ်ချို့ ပြန့်ကျဲ
တံခါးရွက် အရှိန်နဲ့ပြေးဆောင့်သံ
တစ်ခန်းလုံး မှောင်အတိ
လေပြင်းတစ်ချက်ဟာ
အလင်းရောင်နဲ့ အဆက်ဖြတ်ပစ်လိုက်ပုံ ။ ။
Posted by တင့်ထူးရွှေ at 12:45 2 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 00:43 0 comments
Labels: ကဗျာ
ကြီးကြီးမားမား သုံးစွဲပြစရာ
ကိုယ့်မှာ စကားလုံးတွေ
လုံလုံလောက်လောက် ရှိမနေပြန်ဘူး ။
လူလူချင်း တွေ့ထိဖို့
စိတ် စိတ်ချင်း ဆက်စပ်ထားရှိမှု
အတွေးတို့နဲ့ ငွေ့ရည်ဖွဲ့မိတဲ့အခါ
သတိရခြင်းအဖြစ်နဲ့ ရွာချပေါ့
ကိုယ့်အပေါ်
တစ်ကိုယ်ရည်စာ အလွမ်းက ရွှဲရွှဲစို ။
တွန့်ကြေ ကောက်ကွေ့ လမ်းမတွေထဲ
သတိရခြင်းကို မှတ်တိုင်အဖြစ် စိုက်ထူထားခဲ့ နေ့များ
တစ်လနဲ့ကိုးသီတင်း မင်းရဲ့သတင်းကို
သီချင်းတစ်ပုဒ်လို အကြိမ်ကြိမ် နားစွင့်ခဲ့ရသူလေ
ညတွေမှာမှ ခိုးယူပေါင်းသင်းရတဲ့ အိပ်မက်ကလေးက
တသီးစား ဘဝထဲ
လှလှပပလေး ပွင့်ပြနေ ပြန်ရော ။
၁၁း၅၈ နာရီ
၂၉၊ ဧပြီ ၂၀၁၂ ။
Posted by တင့်ထူးရွှေ at 01:57 1 comments
Labels: မြတ်နိုးမှုလက်ဆောင် ကဗျာများ
Posted by တင့်ထူးရွှေ at 04:32 1 comments
Labels: ကဗျာ
ရာသီဥတု အစိုးမရဘူး
အလိုလိုနေရင်း စိတ်အလိုမကျဘူး
အုံ့အုံ့မှိုင်းမှိုင်းနဲ့ အခန်းထောင့်မှာ
အထီးကျန်မှုနဲ့ ပုံလျက်သား ။
ပြတင်းတံခါးတွေလိုစိတ်တွေမှာ
ဖွင့်ထားလိုက်၊ ပြန်ပိတ်သွားလိုက်
ဖြာကျလာတဲ့ အလင်းလို အလွမ်းက
အခန်းထဲ နေရာအနှံ့က တရစပ်တိုးဝင်လာ
တစ်ယောက်ထဲလည်း စကားတွေပြောလား ပြောရဲ့
အရူးလိုပဲ ။
အဟောင်းကြီးပါကွာလို့ ပြောရအောင်ကလဲ
လတ်တလော ဖြစ်နေတဲ့ ကိစ္စ
လောကဓံ လို့မှတ်ယူပါ့မယ်
ဖြတ်သွားဖြတ်လာ တဝီဝီနဲ့မို့
အရှေ့နောက်၊ ဘေး ဘယ်ညာ သေချာကြည့်
မီးစိမ်းမှ ကူးပါ ။
8:10 PM
November 29, 2011
Posted by တင့်ထူးရွှေ at 15:32 3 comments
Labels: ကဗျာ
ဇန်နဝါရီ (၂၅)မှ ၂၆ ကြိမ်မြောက်
အတိတ်၊ အနာဂါတ်၊ ပစ္စုပန်များနှင့်
ကိုယ်ထူကိုယ်ထ မှတ်တိုင်များမှ တဆင့်
မိသားစုများအကြား စီးဆင်းခဲ့သော
မေတ္တာတရား မြစ်ကျဉ်း
ပိန်လိုက်ဖောင်းလိုက် အိပ်ကပ်တွင်းမှ စက္ကူရွက်များ
အလိုအလျှောက် လျှောကျခြင်း
ဖျက်ရာခြစ်ရာ ဗရပွနဲ့ တစ်သီးစား ဘဝထဲ
အရေးအသား တစ်ချို့ကို စွဲစွဲငင်ငင် ခေါ်ဆောင်
ရိုးသားခြင်းကို လည်ပင်းဖက် ပေါင်းသင်း
သတ္တိအရှိဆုံး ခွင့်လွှတ်ခြင်းနဲ့ ဟန်မပျက် ပြုံး
ရေကြည်ရာ မြက်နုရာဆီ ရေတတန် ကုန်းတတန် ခရီးနှင်ခဲ့
ကိုယ်ချင်းစာခြင်းကို အစိတ်စိတ်အမွှာမွာခွဲပြီး
တစ်ယောက်တစ်ဖဲ့စီ ည၊ မနက်စာအဖြစ် စားသုံးရင်း
တစ်နေ့နေ့ဆီ သို့
အဲ့ဒီ တစ်နေ့နေ့ဆီသို့ ကို ရောက်အောင်သွားမည် ။ ။
P.S >> ညီလေးမောင်မျိုး မွေးနေ့ အမှတ်တရ ။
Posted by တင့်ထူးရွှေ at 15:12 1 comments
Labels: အမှတ်တရ ကဗျာများ
Posted by တင့်ထူးရွှေ at 13:51 4 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 00:49 4 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 02:01 0 comments
Labels: မြတ်နိုးမှုလက်ဆောင် ကဗျာများ
Posted by တင့်ထူးရွှေ at 01:43 0 comments
Labels: အမှတ်တရ ကဗျာများ
Posted by တင့်ထူးရွှေ at 01:38 0 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 01:26 0 comments
Labels: ကဗျာ
မမြင်ရတဲ့ ကြိုးစလေး
စိတ်ကူးနဲ့ အကြိမ်ကြိမ်ချည်နေမိ
ပြုတ်ကျသွားတဲ့ နေ့သစ်ထဲ
အပြာရောင်ပန်းတွေ ပွင့်နေလိုက်ပုံများ
ဖွေးဖွေးလှုပ် ။
နံနက် ၃း၄၂ နာရီ ။
၇၊ ၀၁၊ ၂၀၁၂ ။
Posted by တင့်ထူးရွှေ at 01:35 5 comments
Labels: မြတ်နိုးမှုလက်ဆောင် ကဗျာများ
ခုတ်မပစ်လိုက်ပါနဲ့ကွယ်
ညွတ်ကိုင်းကျလာတဲ့
သံယောဇဉ် အခက်အလက်တွေကို ။
ဒီရင်ကို လှုပ်ခတ်စေတဲ့
ဆည်းလည်းသံဟာ
အချစ်ဆိုတဲ့ ငှက်ကလေး ရယ်ပါ ။
စိုးရိမ်မှုတစ်ဝက်နဲ့
မလုံတဲ့ အမိုး၊ အကာနဲ့
အမြဲပဲ ဥပေက္ခာမိုးသားတွေကို စိုးရွံ့နေခဲ့ရတယ် ။
၁၀း၅၃
၂၀၊ ၆၊ ၂၀၁၁။
Posted by တင့်ထူးရွှေ at 01:32 0 comments
Labels: ကဗျာ
စိတ် တစ်ချက်
တောင်ပံအခတ်မှာ
မိုင်ပေါင်း ထောင်သောင်းများစွာ ။
Posted by တင့်ထူးရွှေ at 01:27 2 comments
Labels: ကဗျာ