မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ
ဒီနေ့ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်းမဟုတ်ဘူး
အနာကြီးရောဂါလည်းမဟုတ်ဘူး
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်း ကြည့်ရှု့စောက်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ ။
ကိုယ်ကာယရောဂါတွေကို
သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်းတွေကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ် ။
ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ
အမြောက်အမြားရှိနေတာမှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ ။ ။
ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ " နှလုံးသားအဟာရများ " စာအုပ်မှ
မာသာထရီဇာ ၏ ကဗျာ ။