အရွေ့
စိတ် တစ်ချက်
တောင်ပံအခတ်မှာ
မိုင်ပေါင်း ထောင်သောင်းများစွာ ။
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
စိတ် တစ်ချက်
တောင်ပံအခတ်မှာ
မိုင်ပေါင်း ထောင်သောင်းများစွာ ။
Posted by တင့်ထူးရွှေ at 01:27 2 comments
Labels: ကဗျာ
လှိုင်းက ကမ်းခြေဆီ ပြေးအဆောင့်
ရင်ထဲ အလွမ်းကျကွဲသံများ ဆူညံလှ
တစ်ယောက်တစ်လှည့်စီ လှော်လိုက်ခတ်လိုက်
အချစ်ပန်းလှေကလေး မြစ်ကမ်းနဘေးဆီ
စိတ်အညှို့တစ်ချက်မှာ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျှ
ညရဲ့ ပုရပိုက်ထဲ ခေါက်သိမ်းထားမိသော အိမ်မက်များ
တစိမ်းဆန်လွန်း လှတယ်
စကားလုံးတွေ အစည်းမပြေသေးမီ
မြုံနေတဲ့ အသက်ထဲ ထပ်တိုးချည်နှောင်မိ
သတိရခြင်းဟာ တရွှေ့ရွှေ့နဲ့ ချဉ်းနင်းဝင်ရောက်လာခဲ့
မျှော်လင့်ခြင်းများ တင်ဆောင်ထားသော နံနက်ခင်းဆီ ။
၁၃၊ ဧပြီ ၂၀၁၁
၀၁း၁၀ နာရီ ။
Posted by တင့်ထူးရွှေ at 00:32 4 comments
Labels: မြတ်နိုးမှုလက်ဆောင် ကဗျာများ
ရင်ထဲ တမ်းတလိုက်ရုံနဲ့ မွှေးပျံ့နေမယ့်
ပန်းကလေးရဲ့ ရနံ့ဟာ မင်းပေါ့
ကိုယ့်အိပ်မက် တတောလုံး ပွင့်လန်းနေပုံများ
ယဉ်ယဉ်လေးနဲ့ လှတယ်
ချစ်ခြင်းရဲ့ ဦးတည်ရာလမ်းကြောင်းအတိုင်း
စိတ်ကူးတို့ အစီးသန်ခဲ့ပုံ
စိုထိုင်းဆ စိတ်အစဉ်တစ်ချို့ကို
အရုဏ်ဦးမှာ လှဲကျင်းလို့
လေဆန်ကို ထိုးခွဲပျံသန်းမယ့် ငှက်တို့အကြား
ချစ်စကားတစ်ခွန်း အမှာပါးလိုက်ပါရဲ့ ။
Posted by တင့်ထူးရွှေ at 16:27 2 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 20:56 3 comments
Labels: အမှတ်တရ ကဗျာများ
ပန်းအိုးနှစ်လုံး၊ ပန်းနှစ်ပွင့်
ပန်းတစ်အိုးထဲ ထိုးစိုက်လိုက်တယ်
ပျော်ရွှင်ခြင်းက ရာသီဥတု
နားလည်မှုက နေရောင်ခြည်
ယုံကြည်မှုဟာ မြေသြဇာ
သစ္စာတရားနဲ့ ရေစင်ဖြန်း
အချစ်ပန်းတွေ ဝေဝေဆာဆာ ။
Posted by တင့်ထူးရွှေ at 00:11 1 comments
Labels: ကဗျာ