ဒိုင်ယာရီထဲက စာမျက်နှာတစ်ချို့
လွန်ခဲ့တဲ့ (၆)နှစ်က ဒိုင်ယာရီစာအုပ်ပြန်ဖတ်မိတိုင်း
အဲဒီရက်စွဲတွေအပေါ် အတွေးတွေဖြတ်လျှောက်မိတယ်
တစ်ပတ်ကြီးခေါင်းပေါင်းပြီး ထမင်းကြော်နေတဲ့ အမေ့ပုံရိပ်တွေ
ကျောင်းချိန်မီ အမြန်ပြေးခဲ့တဲ့ကျွန်တော့်ခြေထောက်တွေ
ရုန်းကန်မှုတွေအပေါ် အသက်ရှင်နေရတဲ့ သွေးကြောတွေ
ဘယ်တော့မှ အရှုံးမပေးဖို့ပြောခဲ့တဲ့ အမေ့စကားသံတွေ
လမ်းလျှောက်မရလို့ချိုင်းထောက်နဲ့ လျှောက်ခဲ့ရတဲ့နေ့တွေ။
ကံကြမ္မာဇာတ်ဆရာက အရှိန်ပြင်းပြင်းတီးလေ
ကျွန်တော်တို့ဇတ်က အသက်ဝင်လေလေနဲ့
ရန်ကုန်မြို့လယ်ကောင်က လူလိမ်ပွဲလည်း
တခမ်းတနား ၀င်ရောက်ဆင်နွဲဖူးခဲ့
ရေကျော်က ဆောက်လက်စတိုက်ခန်းထဲလဲ
ကျွန်တော့်ချွေးစက်တွေပါရဲ့
မိသားစုတွေ ပျော်ရွှင်ဖို့ အပန်းဖြေစရာနေရာမှာ
ကျွန်တော့်အလုပ်ခန်းက ခပ်ကျဉ်းကျဉ်းရာယ်။
အချိုးအဆစ်တွေနဲ့ ဘ၀ရဲ့ တည်ဆောက်ပုံတွေ
ဘ၀ဆီကနေ ပိုပြီးလိုချင်လေ
ပိုပြီးပေးဆပ်ရလေလေ
အခက်အခဲတွေနဲ့တည်ဆောက်ထားတဲ့ လှေခါးထစ်တွေ
နာနာကျည်းကျည်းနဲ့ ကံကြမ္မာအပေါ် ဝေဖန်ခဲ့တဲ့စာမျက်နှာတွေ
အတွေးပေါင်းစုံနဲ့ ရေးစပ်ခဲ့တဲ့ နှစ်ချို့ကဗျာတွေ
တနင့်တစ်ပိုး ထုပ်ပိုးသိမ်းဆည်းခဲ့ရတဲ့ မျှော်လင့်ချက်တွေအပြင်
လောကဓံရဲ့ရိုက်ချက်ပြင်းပြင်းတွေကို အာသာပြေတွေခဲ့ရတယ်။ ။
1 comments:
စာမျက်နှာတွေက မျက်ရည်တွေ တစွန်းတစ ..
င့ါနားထဲမှာတော့ ကြမ်းရှရှ ...
ချောင်ထိုးထားတဲ့ ဘ၀က လှပစရာမလိုဘူးလေ ..။
Post a Comment