• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Thursday, 8 November 2007

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ

မေတ္တာငတ်မွတ်လို့သေဆုံးနေရသူတွေ
ဒီနေ့ကမ္ဘာမှာ
အကြီးကျယ်အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်းမဟုတ်ဘူး
အနာကြီးရောဂါလည်းမဟုတ်ဘူး
နှစ်သက်လိုလားသူမရှိတာ
မေတ္တာထားခြင်း ကြည့်ရှု့စောက်ရှောက်ခြင်း ကင်းမဲ့တာ
ပေယျာလကန် အပြုခံရတာတွေပဲ ။

ကိုယ်ကာယရောဂါတွေကို
သာမာန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက်ကုန်ဆုံးခြင်းတွေကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ် ။

ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်ငင်နေသူတွေ
အမြောက်အမြားရှိနေတာမှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှ မခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ ။ ။


ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ " နှလုံးသားအဟာရများ " စာအုပ်မှ
မာသာထရီဇာ ၏ ကဗျာ ။



1 comments:

မင်းကျန်စစ်။ said...

သူငယ်ချင်းရေ… မင်းခံစားချက်အတိုင်း မင်းရော ငါပါ မေတ္တာငတ်တဲ့သူ ဘယ်တော့မှ မဖြစ်ပါစေနဲ့လို့ ကဗျာလေးဖတ်ရင်း ဆုတောင်းမိပါတယ်။ တစ်ဦးတည်းသော သားမို့ မိဘများမရှိတော့ရင် ၊ မေတ္တာငတ်သူတစ်ယောက် ဖြစ်ရင်ဆိုပြီး အခါခါတွေးပြီး ပူပန်ဖူးပါရဲ့….

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe