• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 23 November 2007

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်

ကျွန်တော်နဲ့ဂျင်းအင်္ကျီတစ်ထည်
ကျွန်တော်ဆီရောက်ကတည်းက
ကျွန်တော်ကိုယ်စား ရာသီဥတုဒဏ် မျှဝေခံစား
ဘယ်သွားသွား ကိုယ်ပေါ်မှာ တင်သွားခဲ့တယ်
ပူရင်ပူသလောက် အေးတော့လည်းအေးတဲ့အလျှောက်
တတ်နိုင်သလောက်တော့ တာဝန်ကျေတယ်
သူလည်းခံနိုင်ရည်ရှိသလောက်ပေါ့
ကျွန်တော်အပေါ် သစ္စာရှိတယ်။

စပေါ်စကတော့ လူတိုင်းလိုလို
သူဌေးကအစ လမ်းပေါ်ကလူအဆုံး
ဝတ်ဆင်ခဲ့ကြတယ်
ကာလဒေသ အရတော့
လူရာမ၀င်တဲ့အခါလည်း ရှိမပေါ့
လျှော်ဖွတ်တာများလေလေ
အရောင်မွဲလေလေနဲ့
အရောင်မွဲမှ ကြိုက်တဲ့ ကျွန်တော်အတွက်ကတော့
သူဖက်က မာနမကြီးတတ်ပါဘူး။

ကျွန်တော်ငယ်ငယ်က သူ့အသက်လည်း ခပ်ငယ်ငယ်ပေါ့
အရောင်မွဲသွားလည်း အတူတူတွဲသွားတယ်
ခေတ်ပေါ်ဒီဇိုင်းမျိုးစုံနဲ့လဲ
သဟဇာတ ဖြစ်ပါတယ်။

အသစ်တွေ ဘယ်လောက်ပြောင်းပြီးဝတ်ခဲ့ဝတ်ခဲ့
အရောင်ခပ်မွဲမွဲ အဲဒီဂျင်းအင်္ကျီလေးကိုတော့
ကျွန်တော်အမြတ်တနိုးထား ၀တ်ဆင်တတ်ခဲ့တယ် ။ ။


2 comments:

မင်းကျန်စစ်။ said...

အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းကိုလည်း တလည်လည်ဆိုတဲ့ စကားအတိုင်းပဲပေါ့ သူငယ်ချင်းရေ။ မင်းအကျီလေး မင်းနဲ့ တတ်နိုင်သလောက် လက်တွဲသွားနိုင်ပါစေကွာ။

မျှားပြာ said...

အဲဒီ အကျီလေးမှာ အနံ့အသက်လေးကော မစွဲကျန်ခဲ့ဘူးလား
တစုံတယောက်ရဲ့ ကိုယ်သင်းနံ့လေးတွေ ပေါ့ ..
ဟတ် ဟတ်

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe