အပိုင်းအစ
စိတ်နဲ့ ခန္စာက အစဉ်မကပ်ဘူး
ထိုင်နေရင်းက လှုပ်ရှားမှုအပေါ်
ရသလောက် ရှာဖွေကြည့်တယ်
ရှုပ်ထွေးပွေလီစွာ
ဆင်းလိုက်တက်လိုက်နဲ့
ခန္ဓာကိုယ်ပေါ် နင်းသွားကြတယ်
ရင်ဘတ်တွေ အောင့်လောက်အောင်
အတ္တတွေဖျားနာခဲ့ကြ
မြစ်ထဲရေဆင်းသောက်တဲ့သက်တန့်မှာ
ငါ့တိမ်တွေ ပုံသဏ္ဍာန်ပြောင်းလဲကြ
ကြယ်ကြွေတစ်သိုက်နဲ့ မိုက်ကန်းကြတယ်
ကျွန်တော်စဉ်းစားကြည့်တယ်
အဲဒီမြို့ပျက်ထဲမှာကော
ညာဥ့်ငှက်ဘယ်နှစ်ကောင်များ ခိုအောင်းနေမလဲလို့ ။ ။
2 comments:
ညာဥ့်ဌက်တွေကတော့ များပ ...း)
သူငယ်ချင်း မင်းကဗျာ ကို ဖတ်ပြီးတော့မှ ပဲ ငါ့မြို့  ပျက်ထဲမှာတောင် ညာဥ့်ဌက် တော်တော်များများ ရှိနေခဲ့တယ် ဆိုတာ မြင်လာတယ် ......
Post a Comment