• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Friday 4 January 2008

ညမှာ

ညမှာ

အဲဒီညနေကိုမှ အမှောင်ဟာ
တမင်သွေးဆောင်ဖျားယောင်လေသလား
ညဟာ အပူတပြင်းနဲ့
အိမ်မက်တွေကို မြိုမြိုထားတယ်
ကြယ်ရှူးကြယ်ပျောက်တို့ ခြံရံပြီး
လမင်းဟာ ညခင်းမှာ လမ်းသလားတယ်
ညမှာ ဓူဝံကြယ်ဟာမြောက်အရပ်မှာ နေတယ်
ညဟာ လက္ခဏာအရပ်ရပ်နဲ့ပေါ့
အမှောင်ကိုအားကိုးပြီးကြီးစိုးချင်သူများက
ညကို အကာအကွယ်ယူတယ်
ညကတော့ အမှောင်မှာ ငုတ်တုတ်ထိုင် ငိုက်မျဉ်းနေတယ်
ညမှာ ကြယ်တွေ ကြွေ ကြတယ်
ရောင်နီအလာမှာ ညဟာ နိဂုံးချုပ်တယ်
အမှောင်ဆုံးအချိန်ထိ ညဟာ အရောင်မပြောင်းခဲ့ဘူး
ညမှာ ညဟာ ကိုယ့်ကိုယ်ကို ဇိဝိန်ချွေခဲ့တယ် ။ ။




5 comments:

မွန် said...
This comment has been removed by the author.
မွန် said...

ညမှာ ညမွှေးပန်းတွေမွှေးတယ်
ညမှာ ထိကရုန်းတေီအိပ်တယ်
ညမှာ ညဉ့်ငှက်တွေ အစာရှာထွက်တယ်
အဲ့ဒါတွေပါရေး
ညမှာ ဦးမောင်တင့် ဘီယာသောက်တာပါရေး ဟဲဟဲ

ရွှေရောင်ကောင်းကင် said...

ကဗျာလေးကကောင်းတယ်ကွာ.. ... ပျော်ရွှင်ပါစေကွာ

မျှားပြာ said...

ညမှာ တေးသွားကို သီကျူးတယ်
ညမှာ ကဗျာတွေကို ခံစားတယ်
ညမှာ ငါတို့ကို ငါတို့ မြင်အောင်ကြည့်တယ်
ညဟာ အရောင်တွေ ပြောင်းသွားတယ်
အဲလိုနဲ့ .. ညမှာ ငါတို့ဟာ ကို့ယ့်ကိုယ်ကို ၀ီဇိန်ချွေခဲ့တယ်။

Anonymous said...

ညမှာ ကြယ်တွေ ကြွေ ကြတယ်
ရောင်နီအလာမှာ ညဟာ နိဂုံးချုပ်တယ်
ညမှာ ဆန်းသစ်တဲ့ အိပ်မက်တွေကိုမက်ပိုင်ခွင့်ရှိတယ်
ညမှာ ဖယောင်တိုင်ငယ်ကိုအဖော်ပြုရင်း ကဗျာတစ်ပုဒ်ဖန်တီးနိုင်တယ်
နိဂုံးမချုပ်စေချင်လို့တတ်သလောက်လေးရေးလိုက်တာ
ပျော်ရွှင်ပါစေ..ကိုရွှေတင်ရေ

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe