• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday, 26 January 2008

ညက မက်တဲ့ အိပ်မက်အကြောင်း

ညက မက်တဲ့ အိပ်မက်အကြောင်း


အိမ်ဘေးက စံပါယ်ရုံလေးမှာ
တေးလာဆိုတဲ့ ငှက်
ငါ့မနက်တွေမိုးလင်းခြင်းမှာ
ချစ်ခြင်းရဲ့ အငွေ့အသက်တွေများလား

အိမ်ရှေ့ က လယ်တောမှာ
မင်းအဖော်တွေ စောင့်မျှော်နေရောပေါ့
ပြန်လိုက်သွားတော့ ငှက်ကလေးရေ
ငါ ဟာ တစ်ကိုယ်တည်းမို့
ငါ့မနက်စာ အေးစက်နေရခြင်းပါ ။

ငါဟာ ချစ်ခြင်းနဲ့ မလွတ်ကင်းနိုင်သူမို့
အလွမ်းတွေကိုလဲ နှစ်မျို့နေရခြင်းပေါ့
ငါ့ကစားဖော်လေးက
ငါ့စက္ကူလှေလေးလို
ငါ့ဆီပြန်လာဦးမယ်လို့
ညက အိပ်မက် မက်တယ်ကွယ့်။ ။

5 comments:

ညိမ်းညို said...

အိမ်ရှေ့ က လယ်တောမှာ
မင်းအဖော်တွေ စောင့်မျှော်နေရောပေါ့
ပြန်လိုက်သွားတော့ ငှက်ကလေးရေ
ငါ ဟာ တစ်ကိုယ်တည်းမို့
ငါ့မနက်စာတွေ အေးစက်နေရခြင်းပါ သူငယ်ချင်းရေ ဒီအပိုဒ်လေးတအားကြိုက်တယ် ကဗျာကောင်းတစ်ပုဒ်ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်ကွာ ။ပျော်ရွှင်ပါစေ:)

NatShinNaung said...

မင်းအိပ်မက် မက်တာမှ ယောင်တောင်ယောင်နေသေးတယ်. ဘာတွေကြောက်နေတာလဲ မသိဘူး. အိပ်မက်ထဲမှာ. ငါသနားလို့ မင်းကိုနှိုးလိုက်တာ. ကြောက်လို့အော်တာမဟုတ်ပဲ တစ်ခုခုကြောင့်အော်နေတာဆိုရင်တော့ အဲဒီအိပ်မက်ကို နှိုးမိတာ တောင်းပန်ပါတယ် အာစရိရယ် :D .

မျှားပြာ said...

မက်ကြပေါ့ အိမ်မက်မက်နိုင်သူတွေ ဟတ်ဟတ် ချစ်နယ်ရေ
ကဗျာလေး ကြိုက်တယ် ... မနက်စာကတော့ ဘယ်ဆီနေမှန်းကို မသိပါဘူးကွာ ..။

မင်းကျန်စစ်။ said...

ကောင်းလိုက်တဲ့ ကဗျာလေးပဲ သူငယ်ချင်းရေ။ မနက်စာနွေးနွေးလေး စားနိုင်မယ့် အနာဂါတ်ကို ရောက်ပါစေကွာ...

မွန် said...

ညကမက်တဲ့ အိပ်မက်ကလေးကို
လာခိုးသွားတယ်
စက္ကူလှေကလေးကိုလဲ
တွေ့လိုက်တယ်

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe