လျှောက်လာလိုက်တာ ရောက်မှန်းမသိ ရောက်
နှစ်ကာလ ဆိုတဲ့ အချိန်ရဲ့ ယိုယွင်းခြင်းမှာ
ကြီးရင့်မှု့တွေ အထပ်ထပ် နဲ့ ကျင်လည်ခဲ့ရ
ခြေတစ်လှမ်းကစပြီး အကွာအဝေး များစွာကို
ဇွတ်တရွှတ် လွင့်ထွက် မိတယ် ဆိုရင်ပဲ
ဘ၀ မှာ ထစ်ချုန်းသံတွေ ခဏ ခဏ ကြားရတယ်
အန္တရာယ်တွေ တစ်ပွေ့တစ်ပိုက်နဲ့
ဝင်္ကပါ တွေ ပတ်မိတယ်
ခပ်မျှင်းမျှင်း အသက်ရှူ သံကလွဲလို့
ညက တိတ်ဆိတ်နေ တုံးပဲ ။
ရခဲ့ဖူးတာတွေ လက်မတင်လေး
ကျပျောက် သွား တတ်တယ်
လက်စုပ်ပြည့်လို့ လက်ကြားယိုတယ်ဆိုပေမယ့်
အခုထိတော့ အဲဒီဆေးက
ပျောက်ကင်းတဲ့အထိ အာမ မခံနိုင်သေးဘူး ။
သားကောင်က သားကောင်
တောကလဲ တောဥပဒေသ
အရာရာ အတွက် အားလုံး မတူညီနိုင်တဲ့
အမှန်တရား တစ်ခုစီတော့ ရှိနေကြစမြဲ
အမြဲတမ်းကြီးတော့လဲ ဘယ်ဟုတ်မလဲ
ရောင်နီရဲ့ အသက်သွင်းမှု့တွေနဲ့
မလှမပ နေ့ရက်တွေ ရှေ့ဆက်နေကြရင်း
မကွေးမဆန့် မီ ကျွန်တော့်ကိုလာလာတိုးတယ်
ကိုယ်တိုင်ကလဲ မီးစိမ်းကို မျှော်မိပြန်တယ် ။
အဆုံးရောက်ရင် အစကို ပြန်ကောက်တတ်သလား
လိုလိုလားလားကို ခါးသီးသွားပြီ
ရောင်စုံ ပန်းတွေပန်လို့
အလှသွေးကြွ နေတဲ့ လောကထဲမှာပဲ
တမေ့တမော
ရီးလေးခို ကစား နေချင်တော့တယ် ။
(မောင် ၊ ကို ၊ ဦး)
လေးလေး လာတတ်တဲ့ အသိဟာ
ကျင့်သားရလာပြီလားလို့ ကိုယ့်အထင်
ပြန်ပြန်မေးမိတယ်
ကိုယ့်တန်ဖိုး ကိုယ်စီကိုတော့ အလွယ်တကူ ချမပြစ်ကြေးပေါ့ ။ ။
4 comments:
လက်စုပ်ပြည့်လို့ လက်ကြားယိုတယ်ဆိုပေမယ့်
အခုထိတော့ အဲဒီဆေးက
ပျောက်ကင်းတဲ့အထိ အာမ မခံနိုင်သေးဘူး
ကဗျာတွေရဲ့ ဆိုလိုရင်းကိုနားလည်တတ်သလိုနားလည်သွားတယ်.... :)
ရောက်လာလိုက်တာ ရောက်မှန်းမသိရောက် ...
ရခဲ့ဖူးတာတွေ လက်မတင်လေး ကျပျောက်သွားတယ် ..။
လျှောက်လာလိုက်တာ ရောက်မှန်းမသိ ရောက်...
ရခဲ့ဖူးတာတွေ လက်မတင်လေး
ကျပျောက် သွား တတ်တယ် ...
ဟုတ်တယ်နော်...
သံယောဇဉ် ဆိုတာကလည်း
အဆုံးရောက်ရင် အစကို ပြန်ကောက်တတ်တယ်...
ဟုတ်ပါတယ်ရှင့် ... ကိုယ့်တန်ဖိုးကိုယ်စီကိုတော့ အလွယ်တကူ ချမပစ်ပါဘူးလေ...:)
“မုဆိုးက မုဆိုး
သားကောင်က သားကောင်
တောကလဲ တောဥပဒေသ
အရာရာ အတွက် အားလုံး မတူညီနိုင်တဲ့
အမှန်တရား တစ်ခုစီတော့ ရှိနေကြစမြဲ
အမြဲတမ်းကြီးတော့လဲ ဘယ်ဟုတ်မလဲ
ရောင်နီရဲ့ အသက်သွင်းမှု့တွေနဲ့
မလှမပ နေ့ရက်တွေ ရှေ့ဆက်နေကြရင်း
မကွေးမဆန့် မီ ကျွန်တော့်ကိုလာလာတိုးတယ်
ကိုယ်တိုင်ကလဲ မီးစိမ်းကို မျှော်မိပြန်တယ် ။”
အဲဒီအပိုဒ်လေး ကြိုက်တယ်ကွာ.. ကဗျာတစ်ပုဒ်လုံးလည် ကောင်းတယ်.. ငါကတော့ဒီအပိုဒ်ကို ပိုကြိုက်နေတာခက်တယ်.. :D
Post a Comment