တေ့လွဲပန်းတွေ ဝေနေတယ်
တေ့လွဲပန်းတွေ ဝေနေတယ်
ကတိတွေအထပ်ထပ်ပေး
ပြီး အထပ်ထပ် ချိုးဖောက်
တောင်းပန်ပါတယ် ဆိုတဲ့
စကားတစ်လုံးနဲ့တင် အရာရာကို ခွာချ
မလိုလဲသုံး လိုအပ်လဲသုံးတတ်တဲ့စကား
အိပ်ရေးဝအောင် အိပ်
ထမင်းများများစား
သူ့ ဆေးဝါးနဲ့သူတော့
အစပ်အဟပ်တည့်ခဲ့တယ် ။
စိတ်မပူနဲ့ အိပ်ပျော်အောင် အိပ်
အိပ်မက်ထဲကို လာခဲ့မယ်တဲ့ ။
လမ်းထိပ်က အုတ်ခုံမှာ
အိပ်မပျော်တဲ့ည ကြေညာစာတမ်း
ဂစ်တာသံ ဒေါင်ဒေါင်ဒင်ဒင်နဲ့
သံယောဇဉ် အပိုင်းအစတောင် ယူမလာတော့နဲ့တဲ့ ။
မျက်ရည်လွယ်တဲ့ နေ့ အတွက်
အယ်လ်ကိုဟောနဲ့ အရောင်တင်ခဲ့
လမ်းထိပ်က အုတ်ခုံမှာ
တေ့လွဲပန်းတွေ
2 comments:
ညဆိုလဲ အိပ်မရဘူး
စိတ်မပူနဲ့ အိပ်ပျော်အောင် အိပ်
အိပ်မက်ထဲကို လာခဲ့မယ်တဲ့ ..
ပုံပြောကောင်းတာပေါ့ ချစ်နယ်ရ ..။ ဟတ် ဟတ်
အရမ်းမိုက်တယ် အာစရိရေ။ သောက်သောက်လဲ ကိုကောင်းတယ်။ ကျွန်တော်တော့ အရမ်းကြိုက်တယ်။
Post a Comment