• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Tuesday, 13 May 2008

နက္ခတ်အလွဲများအကြောင်း

အမြဲ ပစ်မှတ်လွဲချော်တတ်တဲ့ကျွန်တော်
တစ်ခါတစ်ခါ ကိုယ့်စိတ်ကို ဖမ်းဆွဲထားရတာကိုက
ကစားပွဲ တစ်ခုလို

သတိရလိုက်တယ်
ဒါဟာ သွေးလေခြောက်ခြားတာ
''ကောင်လေး ကောင်လေး''
ခဏ ခဏ မခေါ်ပါနဲ့
ကျွန်တော်သံသရာတွေကို ဆွဲဆန့်နေလို့
''အိပ်မရရင်လဲ ထထိုင်နေလိုက်''
လမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံ
သုံးချက်လား လေးချက်လားအတိအကျမသိ
စိတ်တစ်ခုလုံးမှာလဲ အကြားအလပ်မရှိ ။


လရောင်ကို ချဉ်ခြင်းတပ်လို့မရတဲ့ဘဝမှာ
ညဟာ ညမပီသဘူး
တစ်သောင်းနဲ့ခြောက်ထောင်ပုံ တစ်ပုံ
တစ်စချင်း ရှင်းထုတ်ပစ်တာတောင်
မက်စောက်တယ်
အခုအချိန်ထိကို ဘယ်လိုအရသာနဲ့မှ
ခံတွင်းမတွေ့သေးတာ
ခံတွင်းပျက်တာကြာလှပေါ့ ။


ကြည်လင်သန့်ရှင်းတဲ့ရေအေးအေးလေးတစ်ခွက်လောက်
အဲဒီအရသာကို ကျွန်တော်တက်မက်နေလို့
လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့
ကြိုးမလိုဘူး
စကားလေး တစ်ခွန်း
လှုပ်လေ မြှုပ်လေ
အသက်ကယ်ဆေးဆိုလို့
ပယ်နယ်တီတောင် မကန်လိုက်ရဘူး
ဒီတစ်ခါလဲ ရှုံးတယ် ။ ။

8 comments:

ညိမ်းညို said...

လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့
ကြိုးမလိုဘူး ကြိုးမလိုဘူး ကြိုးမလိုဘူး
ကြိုးမလိုဘူး ကြိုးမလိုဘူး ကြိုးမလိုဘူး
ဟုတ်တယ် လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့ ကြိုးမလိုဘူး ဘိုတင့်ရေ

မျှားပြာ said...

စကားတစ်ခွန်းပဲလိုတယ် ချည်နှောင်ဖို့ .... ချည်နှောင်ဖို့ စကားတခွန်းပဲ လိုတယ် ...။

Anonymous said...

လူတစ်ယောက်ကို ချည်နှောင်လိုက်ဖို့
ကြိုးမလိုဘူး စကားလေးတစ်ခွန်းပဲ လိုတယ် ကောင်းလိုက်တဲ့ အသုံးနှုန်းလေး ဂွတ်တယ်ဗျ ပါနတီတောင်မသွင်းရသေးဘူးဆိုတော့ ဒိုင်လူကြီး ဘက်လိုက်တယ်ဖြစ်မယ်း) ။

ein said...

အနိုင်အရှုံးကြိုတင်တွက်စလို့
မရတာကိုက ကစားပွဲတဲ့လေ ...း)
ဒါဆို လရောင်ကိုကြည့်ချင်ရင် နောက်တနလာင်္နေ့ဆို လပြည့်နေ့ရောက်ပီကော THS ရ ဟီးးးကေလောက်တယ်မလား...:P
ဟုတ် ခံတွင်းပျက်နေတာလား ဒါဆို ဆားရည်နဲ့အာလုတ်ကျင်းလိုက်ကွာ နော်...းD
အဲ့ ဒါဆို ဖန်ပြာခွက်နဲ့ ကျောက်စက်ရေအမောပြေအောင်တိုက်ခိုင်း
မှနဲ့ကေမယ်တူတယ်နော် ...း)
ဟုတ်တယ်ကွာ ဘာမှမလိုဘူးကော လိုတာကချည်နှောင်ဖို့တွက် စကားလေးတစ်ခွန်းတည်းပဲပေါ့...း)
ပြောထားတယ်နော် THS ရဲ့ဒိုင်လူကြီးကို ဂိုးသာသွင်းလိုက်တော့ကွာ ကေတယ်တဲ့...း)
နင်လိုချင်တဲ့အကောင်းဆုံးတွေကိုပိုင်ဆိုင်
နိုင်ပါစေ...။

Unknown said...

ဒီတစ်ခါလဲရှုံးတယ်ဆိုတော့..အရင်တစ်ခါကရော ???

ကိုရင်ညိန်း said...

ဦးတင့်ရေ လရောင်ကိုချဉ်ချင်းတပ်လို့မရတဲ့ ဘ၀ မှာ ညဟာ ညမပီသဘူး တဲ့ ကောင်းပဗျာ ဆက်လျှောက်ကြဦးစို့ ကျုပ်တို့နောက်ကျနေမလားပဲဗျာ ဒါပေမယ့် ရောက်မှာပါဗျာ..

Unknown said...

အစ်ကို့ကဗျာလေးကြိုက်တယ်ဗျို့...အရမ်းမိုက်တယ်.။။။

Unknown said...

ဒီတစ်ခါလည်း ရှုံးတယ်ဆိုတော့ ရှေ့မှာ ဘယ်နှစ်ခါတောင် ရှုံးထားတာတုန်းဟ :)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe