ကမ္ဘာအတုထဲမှာ
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ နေထိုင်တယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
အတွေးအခေါ်တွေ ကျမ်းမာသန်စွမ်းတယ်
အရေးအသားတွေ အချိုးအစားပြေပြစ်တယ် ။
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ကမ္ဘာအတုထဲမှာ ကောင်းကင်ကြီးကို ၀ှက်ထားတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ဗိသုကာအနံ့အသက်တွေနဲ့ ထုံမွမ်းနေတယ်
ကမ္ဘာအတုထဲက မိန်းကလေးဟာ
ခင်မင်ဖော်ရွေတဲ့ ချစ်ခြင်းမေတ္တာ စစ်စစ်တွေကို
တစ်စက်ခြင်းစီ ယိုစိမ့်စေတယ် ။
ကမ္ဘာအတုထဲမှာ
ပုံတို ပတ်စ သမိုင်းကြောင်းတွေ အစီအရီ ရှိတယ်
နှလုံးသားနဲ့ သီဆိုရတဲ့ သီချင်းတွေ ရှိတယ် ။
ကမ္ဘာအတုထဲမှာ
သနပ်ခါးပန်းတွေ ပွင့်တယ်
လူသားစက်ရုပ်ကလေးတွေ လမ်းလျှောက်သင်တယ်
ကြွက်ကလေးတွေ တွင်းပိတ်ခံရတယ် ။
ကမ္ဘာအတုထဲမှာ
အပြာရောင် ကျောပိုးအိပ်တစ်လုံး ရှိတယ်
ဘာဘီနာရီ (၁) လုံးရှိတယ်
ပြတင်းပေါက်နဲ့ ပန်းချီကားတွေ ရှိတယ်
အိပ်မက် ၊ လူသားဘ၀နဲ့ အရောင်တွေ ရှိတယ်
ကမ္ဘာအတုထဲမှာ
ကျောက်ဆောင် ပင်လယ်နဲ့ မိန်းကလေး တစ်ယောက်လဲ ရှိသေးတယ် ။
ကမ္ဘာအတုဟာ
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ။ ။
ဘလော့ဂ်ရပ်ဝန်းလေးထဲမှ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အစ်မကြီးလေးမ ကြွက်ဂိုဏ်ချုပ်အတွက် မွေးနေ့လက်ဆောင်ကဗျာလေးပါ၊ အစ်မရင်းတစ်ယောက်လို လေးစားခင်မင်ဖို့ကောင်းပြီး ပျော်ပျော်နေတက်တဲ့ သူမအတွက် ကျနော်တို့ ညီကိုမောင်နှမတွေက ထူးထူးခြားခြားလေးဖြစ်အောင် စုပေါင်းရေးသားခဲ့ပါတယ် ။
ပျော်ရွှင်ကြည်နူးစရာ မွေးနေ့မင်္ဂလာလေး ဖြစ်ပါစေလို့ ကျွန်တော်တို့အားလုံးဆုတောင်းပေးပါတယ် :)
မောင်မျိုး ၊ ညိမ်းညို ၊ တင်ထူးရွှေ ၊ မွန် ၊ ရွှန်းမီ ။
10 comments:
ကမ္ဘာအစစ်မှာရော ဘယ်လိုလူများရှိနေသလဲ
း)
ကမ္ဘာအတုထဲက မိန်းကလေး
မွေးနေ့မှာ ပျော်ရွှင်ပါစေကြောင်း
ကမ္ဘာအတုထဲမှာ
အကိုတစ်ယောက်က
ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ကမ္ဘာအတု လေးက တော်တော်ရင်ခုန်စရာ ကောင်းမှာပဲ.
Happy Birthday ဂိုဏ်းချုပ်း)
ကိုတင့် မှာ ပို့စ်အရှည်ကြီးတင်လို့မရတော့ လွဲကုန်ပြီးး ။
happy birthday ပါအစ်မ
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ :)
Thank you my brothers & sisters . I lost my zawgyi . hehe. See u later.
မွေးနေ့ကဗျာလေးကောင်းတယ်ဗျာ....
ဘိုတင့်ကြောင့် အရေးအသားတွေ က နားပူနားဆာလုပ်နေတယ်... မယ်ပြိုင်ပွဲဝင်ချင်လို့ တဲ့..။
အတွေးခေါ်တွေက တုပ်ကွေးမိတာတောင် မာန်တက်နေတယ်.. ဆေးသောက်ဘူးတဲ့..။ ဘိုတင့်လုပ်လို့ ..။
ခင်မင်ရင်းနှီးမှုတွေ
ကုန်တင်ကုန်ချ များတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်တယ် ဆိုတဲ့ သရုပ်ဖော်ချက်လေးအတွက် ဆိပ်ကမ်းပိုင်ရှင်က အခွန် တိုးကောက်မယ်လုပ်နေ ပြန်တယ်...။
သရုပ်ဖော်ချက်ကောင်းကောင်းလေးနဲ့  ကဗျာစပ်ပေးတဲ့ ဘိုတင့်ကို ကျေးဇူးတင်လျက်...
လေးမ
ကိုသင်္ကြန်.. မောင်မျိုးနဲ့  ဘိုညိမ်းကို လည်း ဆုတောင်းပေးလို့  ကျေးဇူး အထူး..။
မိုက်တယ်. နောက်ဆုံးအပိုဒ် အကြိုက်ဆုံးပဲ. :)
ဒီကဗျာလေးရဲ့ နောက်ဆုံးအပိုဒ်ကို ကြိုက်လို့သိမ်းထားလိုက်တယ်နော်
တော်ကြာ ပိတ်လိုက်ရင် မကျန်ခဲ့မှာစိုးလို့ :P
Post a Comment