• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Monday, 19 January 2009

ဖြတ်သွားဖြတ်လာ သတိထားမိတယ်

တစ်နေ့တွေ့နိုးတွေ့နိုး
မြေပုံအတုနဲ့ ခရီးတစ်ခုသွားနေသူပါ
မြွေသေချင်သေ တုတ်ကျိုးချင်ကျိုး
ထိတွေ့မိသမျှ စမ်းသပ်ပစ်လိုက်ဖို့ ပေါ့ပါးချင်တယ် ။

ဘယ်သင်းကိုမဆို မီးစာရှိသလောက်

စိတ်လက်တစ်ဆစ်နဲ့ ခမ်းပစ်လိုက်ဖို့
ဒီလို သီချင်းတွေမှာ
အလေ့အကျင့် ရှိချင်တယ် ။

လက်အံသေသလိုတင်းထားရတဲ့
စိတ်က
အံသေနေခဲ့
ဘတ်စ်ကားဂိတ်မှာ
ဘူတာရုံထဲတွေမှာ
လူတွေ တိုးဝှေ့နေကြပုံ
စိတ်တွေ တိုးဝှေ့နေကြ ။

မည်ရွေ့မည်မျှ ရောက်ခဲ့သည်မသိ
အခုအချိန်ထိ
လွတ်လွတ်ကျွတ်ကျွတ် ကပ်ပါလာတယ်ဆိုတဲ့အသိက
နှစ်ကိုယ်ပေါင်းမှ တစ် စိတ် ထဲရယ် ။ ။

21 comments:

လင်းဒီပ said...

ကိုယ့်ရောက်နေတဲ့ သက္ကရာဇ်ကနေ ဖြတ်ကနဲလေး လှမ်းကြည့်တယ်လို့ခံစားမိတယ် ညီလေးရေ..
ပျော်ရွှင်ပါစေ

mgngal said...

သေချင်သေ ကျိုးချင်ကျိုး ဆိုပဲ ၊တော်တော် ဆိုးနေပါလားဂါဂါ က ။ ကဗျာတော့ ကောင်းဗျာ ။

Anonymous said...

ကိုတင့်ရေ လွမ်းနေပြီလား တောင့်ထားနော :)
နှစ်ကိုယ်ပေါင်း စိတ်တစ်ခုဆိုမှတော့ မြေပုံက အတုမဟုတ်
လောက်ပါဘူး :)
ကောင်းသောနေ့ပါ ကိုတင့် :)

Anonymous said...

၂ လွှာပေါင်းမှ တစ်ရွက်း) ခပ်ဆင်ဆင်ပဲနော့် ဟုတ်လား ကိုတင့် ။

အိုင်လွယ်ပန် said...

ဘောင်တစ်ခုထဲက စိတ်တစ်ခုရဲ့
လွတ်လပ်ချင်တဲ့ သီချင်းတစ်ပုဒ်လို့ခံစားရတယ်....
ချည်ထားတဲ့ကြိုးတွေတွေ့ရတယ်....
အစွမ်းရှိသလောက်ပျံသန်းချင်တဲ့အတောင်ပံတွေတွေ့ရတယ်............
ဝေဝါးနေတဲ့လမ်းကိုတွေ့ရတယ်.....
ခံစားမိသလောက်ပါ...
အရေးကျဲပေမယ့်သိပ်ကောင်းတယ်ဘရိုရာ....

မွန် said...

ဒီတပုဒ်သိပ်ကောင်းး))
ဟုတ်တယ် မြွေမသေ တုတမမကျိုးနေရတာ ပင်ပန်းလိုက်တာ
စိတ်အံသေတယ်

ညိမ်းညို said...

ဘိုတင့်ရေ
ရောက်တယ်ကွာ

နောက်ဘာတွေ သတိထားမိသေးတုန်း
မြေပုံအတုနဲ့ဆို အကုန်သေကုန်မယ်နော :P

ဟေ့ရောင်
မင်းလို့ပဲသုံးတော့မယ်ကွ
ခင်ဗျားဆိုတာကြီးက မမိုက်ပါဘူးကွာ :)

မင်းရဲ့
ဘိုညိမ်း

ein said...

မြေပုံအတုနဲ့ သွားနေတယ်ဆိုတဲ့ မောင်တင့် အတော် ခရီးပေါက်နေပြီလားလို့...:P

Layma said...

အံသေနေတဲ့ စိတ်က တိုးဝှေ့ နေတယ်... ကိုင်ထားတဲ့ မြေပုံက အတု.. ။
အလဲ့.. အသိစိတ်ကတော့ ရှိတယ်ဆိုပဲ.. ရှိတဲ့ အသိစိတ်ကလည်း နှစ်ကိုယ်ပေါင်းမှ တစ်စိတ်တဲ့.. လူပါးပဲ.။

Unknown said...

ဒါကကဗျာလား..စိတ်ခံစားမှုကဖြစ်တဲ့ တမ်းချင်းလား..
ကဗျာလိုဘဲဖတ်သွားတယ်..THS..

နှင်းပွင့်ဖြူ said...

ဖြတ်သွားဖြတ်လာ သတိလေးလည်းထားဦး
မြွေခြောက်တွေက ပေါကပေါနဲ့ :P

ဖြိုးငယ် said...

ကျွတ်ကျွတ်လွတ်လွတ်ကို ကပ်ပါလာခဲ့တာပဲပေါ့ ..
ကျွန်တော် သိတယ် အာစရိရေ ..

မင်းကျန်စစ်။ said...

ဖြတ်သွားဖြတ်လာနဲ့ ဝင်လာတာမဟုတ်ဘူးနော် တည့်တည့်ကြီးကို ဝင်လာတာဦးတင့်ရေ။
မြေပုံအတုကြီးမှန်းသိသိနဲ့ သွားနေတာက
မိအေးတို့ရွာကို ဦးလှည့်ချင်နေတာ ငါသိတယ်နော် ဦးတင့်။ :P

လုလင်ငယ်သွေး said...

ကိုတင့်ရေ ခံစားသွားပါတယ်။ လူတွေ စိတ်တွေ တိုးဝှေ့ နေတဲ့နေရာမှာ ရွတ်ရတာ နည်းနည်း ထောင့်နေသလားလို့ ။ အပြုသဘော ဝေဖန်ကြည့်တာပါ။ ခင်မင်လေးစားလျက်။

လုလင်ငယ်သွေး said...

ကိုတင့်ရေ နောက်တစ်ခု ပြောချင်တာ ပေါ်လာပြန်ပြီ။ တင်းထားရတဲ့စိတ်က ဆိုတဲ့ဟာကို အောက်မှာပေါင်းရေးလိုက်ရင် ကောင်းမယ် ထင်တယ်။ အဖြတ်အတောက်လိုနေသလို ခံစားရတယ်။ ကိုတင့် သေချာပြန်ဖတ်ကြည့်ပါဦး။ ခင်မင်လေးစားလျက်။

Unknown said...

နှစ်ကိုယ်ပေါင်းမှ တစ်စိတ်ထဲရယ်တဲ့လားကွာ..။ :)

WWKM said...

နှစ်ကိုယ်ပေါင်းမှ တစ်စိတ်တဲ့လားးး
ကဗျာလေးကောင်းတယ်။
ပျော်ရွှင်ပါစေ။

မသက်ဇင် said...

လှပသောကဗျာလေးကို ခံစားသွားပါတယ်--
ပျော်ရွှင်ပါစေ--

မသက်ဇင် said...

တစ်နေ့တွေ့နိုးတွေ့နိုး
မြေပုံအတုနဲ့ ခရီးတစ်ခုသွားနေသူပါ
မြွေသေချင်သေ တုတ်ကျိုးချင်ကျိုး
ထိတွေ့မိသမျှ စမ်းသပ်ပစ်လိုက်ဖို့ ပေါ့ပါးချင်တယ် ။


လာဖတ်ပါတယ် ကဗျာဆရာ

Anonymous said...

ကဗျာတွေကောင်းတယ်ရှင်

Ðaywalker[Soul] said...

လာဖတ်တယ်ဗျာ

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe