• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 11 December 2010

အမေဆိုတဲ့ သီချင်း

အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ မမြင်ဖူးတဲ့ လူလို တအံတသြ အမေ့အကြည့်က
အရင်ကထက် ပိုပြီး ဇရာက အမေ့အပေါ် သိမ်းပိုက်ထား
ရပါတယ် သားရာယ် နောက် သုံး၊လေး နှစ်ဆို အမေ က ပင်စင်ယူပြီလေ
သား ၀အောင်စား၊ ထမင်းထပ်ယူဦးလေ
ငါ့သားလေးက အစားအသောက် ဆင်းရဲမှာ
ပိုလျှံလို့တော့ မဟုတ်ဘူးကွယ် အမေတို့မလဲ ငါ့သားနဲ့ပဲ ကျားကန်ထားရတာဆိုတော့
မနက်ဖြန် မနက် ဘုရားသွားကြမယ်
စာကလေးတွေ လွှတ်တယ်၊ ခိုကလေးတွေအစာကျွေးတယ်
ထမင်းပေါင်းစား ခဏနားရအောင်
အသက်ကြီးပြီဆိုတော့ လမ်းလျှောက်လို့သိပ်မကောင်းဘူးကွယ်
ဒီလိုပေါ့ အသက်လေးရလာတော့ သောက်ရတဲ့ ဆေးကလဲ ပေါင်းစုံပဲ
သြော် သတိရတုံး ဆေးစာအုပ်လေး လုပ်ထားပေးခဲ့နော်
အရေးရယ် အကြောင်းရယ်ဆို ဆေးခန်းပြရတာပေါ့
မင်းနှလုံးသားရေးရာ ကိစ္စမှာတော့ အမေ ၀င်မစွတ်ချင်ပါဘူး
ဒါပေမယ့် ပါတ်ဝန်းကျင်မှာတော့ မင်းကောင်မလေးအကြောင်း မကောင်းဘူးကွယ်
ငါ့သားလေးက အမေ့စကား နားထောင်မှန်းသိပါတယ်
သားအရွယ်တုံးက အမေလဲ အချစ်ကို ကိုးကွယ်ခဲ့တာပေါ့
နောက်ဆုံးမင်းဝယ်ပေးခဲ့တဲ့ တရားခွေရော အရင်တရားခွေတွေပါ ရှိပါတယ်
တတွတ်တွတ် မှာနေရအောင်
မင်းက အမေ့ကို ကလေး လို့ ထင်နေတော့တာပဲ
မင်းသာ ကျန်းမာရေးကို ဂရုစိုက် အစစအရာရာ စိတ်ချသွား
သွားလေရာ အန္တရာယ် ကင်းပါစေ
နောက်တစ်ခေါက် မှ ငါတို့ သားအမိ ဘုရားအတူတူထပ်ဖူးတာပေါ့ ။

၂၈၊၁၁၊၂၀၁၀။

3 comments:

Maung Myo said...

အစ်ကို အမေ့ကို သတိရနေမှာပဲနော် ။

ဒီပို့စ်လေးဖတ်ပြီး စိတ်မကောင်းသလိုလို ဖတ်လို့မ၀ဘူးဗျာ ထပ်ရေးပါအုံးထပ်ဖတ်ချင်သေးတယ် အမေလည်း အစ်ကို့ကို လွမ်းနေမှာ .။

Unknown said...

အိမ်ပြန်ချင်လာဘီ..အကိုရာ

တင့်ထူးရွှေ said...

မောင်မျိုး>>သတိရရန်ကောညီရယ်၊ အမေ့နဲ့အတူစားခဲ့တဲ့ ထမင်းဝိုင်းလေးကို တသသ

မောင်နွေသစ်>>တစ်ရက်ထက်တစ်ရက် ညီလေးဆန္ဒတွေ ပြည့်ဖို့ ပိုနီးလာပါပြီ

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe