အငုံ့စိတ်
လှိုင်းက ကမ်းခြေဆီ ပြေးအဆောင့်
ရင်ထဲ အလွမ်းကျကွဲသံများ ဆူညံလှ
တစ်ယောက်တစ်လှည့်စီ လှော်လိုက်ခတ်လိုက်
အချစ်ပန်းလှေကလေး မြစ်ကမ်းနဘေးဆီ
စိတ်အညှို့တစ်ချက်မှာ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းလျှ
ညရဲ့ ပုရပိုက်ထဲ ခေါက်သိမ်းထားမိသော အိမ်မက်များ
တစိမ်းဆန်လွန်း လှတယ်
စကားလုံးတွေ အစည်းမပြေသေးမီ
မြုံနေတဲ့ အသက်ထဲ ထပ်တိုးချည်နှောင်မိ
သတိရခြင်းဟာ တရွှေ့ရွှေ့နဲ့ ချဉ်းနင်းဝင်ရောက်လာခဲ့
မျှော်လင့်ခြင်းများ တင်ဆောင်ထားသော နံနက်ခင်းဆီ ။
၁၃၊ ဧပြီ ၂၀၁၁
၀၁း၁၀ နာရီ ။