အရင်းအတိုင်း ပြန်လည်ကြားသိရသော ကိုယ့်ရင်ခုန်သံ
ကြီးကြီးမားမား သုံးစွဲပြစရာ
ကိုယ့်မှာ စကားလုံးတွေ
လုံလုံလောက်လောက် ရှိမနေပြန်ဘူး ။
လူလူချင်း တွေ့ထိဖို့
စိတ် စိတ်ချင်း ဆက်စပ်ထားရှိမှု
အတွေးတို့နဲ့ ငွေ့ရည်ဖွဲ့မိတဲ့အခါ
သတိရခြင်းအဖြစ်နဲ့ ရွာချပေါ့
ကိုယ့်အပေါ်
တစ်ကိုယ်ရည်စာ အလွမ်းက ရွှဲရွှဲစို ။
တွန့်ကြေ ကောက်ကွေ့ လမ်းမတွေထဲ
သတိရခြင်းကို မှတ်တိုင်အဖြစ် စိုက်ထူထားခဲ့ နေ့များ
တစ်လနဲ့ကိုးသီတင်း မင်းရဲ့သတင်းကို
သီချင်းတစ်ပုဒ်လို အကြိမ်ကြိမ် နားစွင့်ခဲ့ရသူလေ
ညတွေမှာမှ ခိုးယူပေါင်းသင်းရတဲ့ အိပ်မက်ကလေးက
တသီးစား ဘဝထဲ
လှလှပပလေး ပွင့်ပြနေ ပြန်ရော ။
၁၁း၅၈ နာရီ
၂၉၊ ဧပြီ ၂၀၁၂ ။
1 comments:
ကဗျာလေးကို ဖတ်သွားခဲ့ပါတယ်။
လေးစားစွာဖြင့်
မြတ်ပန်းနွယ်
Post a Comment