ကျွန်တော့်အဘိဓါန်
ဘာကြောင့်မို့
ကျွန်တော့်ကြမှ
မတော်တဆ ကြရတာလဲ
အနှုတ်အသိမ်း
အရမ်းမြန်တယ်။
မရည်ရွယ်ပဲ
စော်ကဲမင်းဖြစ်ဆိုပေမယ့်
ရည်ရွယ်တိုင်းလဲ
လွဲတတ်တာချည်းပဲ ။
တိုက်စားခံရတာခြင်းအတူတူ
ကျွန်တော်အတွက်ကတော့
လဲရင်ပြန်ထ ၊ အဲဒါဘဝပဲ ။
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
ဘာကြောင့်မို့
ကျွန်တော့်ကြမှ
မတော်တဆ ကြရတာလဲ
အနှုတ်အသိမ်း
အရမ်းမြန်တယ်။
မရည်ရွယ်ပဲ
စော်ကဲမင်းဖြစ်ဆိုပေမယ့်
ရည်ရွယ်တိုင်းလဲ
လွဲတတ်တာချည်းပဲ ။
တိုက်စားခံရတာခြင်းအတူတူ
ကျွန်တော်အတွက်ကတော့
လဲရင်ပြန်ထ ၊ အဲဒါဘဝပဲ ။
Posted by တင့်ထူးရွှေ at 02:57 1 comments
Labels: ကဗျာ
ဝေဒနာနဲ့ချက်လုပ်တဲ့
ဒဏ်ရာရ အလွမ်းတွေမှာ
အပိုဆိုတာမပါဘူးလေ
ငါဆိုလိုချင်တာက အဲဒါပါပဲ …
ပွင့်ဖတ်တွေခြံ့ရံပြီး
လှချင်တိုင်းလှနေတဲ့
ပန်းတစ်ပွင့်အတွက်
အနားသတ်တစ်ခုရဖို့ ရင်လေးတယ်..
ရှေ့ဆက်တိုးမယ်လို့
ပြင်လိုက်တိုင်း
ငါ့ခြေထောက်တွေ သေသေသွားကြတာ
ဘယ်သူကိုမှ အပြစ်မတင်ပါဘူး
ခက်တာက
ဘယ်သူကိုမဆို ခွင့်လွှတ်တတ်နေတော့
အဲဒီလိုရက်တွေမျိုးမှာ
ကိုယ့်ကိုကိုယ် မွန်းကျပ်နေတော့တာပဲ ။ ။
Posted by တင့်ထူးရွှေ at 02:33 0 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 02:29 2 comments
Labels: ကဗျာ
ပူမယ်မှန်းသိရက်
ဝင်တိုးမိခဲ့တဲ့
ငါ့ရဲ့တောင်ပံတွေကို
ရိုက်မချိုးရက်ဘူး ။
အေးစက်စက်နဲ့
အရသာကင်းမဲ့တဲ့
အလွမ်းတွေကိုပဲ
မြိန်ရေယှက်ရေ ငါစားသုံးခဲ့ပါတယ် ။
ဘယ်ဇကာနဲ့ စစ်ချရမလဲ
ကြင်နာမှု့အားက
တအားနာကျင်တယ် ။
စူးရှတဲ့ ရနံ့နဲ့တင်
ဒဏ်ရာတွေ ပျောက်ကင်းသွားမယ်ဆိုရင်
အဲဒီပန်း
အခုပဲ ပွင့်လိုက်ပါ ။ ။
( 4.6.06 )
Posted by တင့်ထူးရွှေ at 02:25 0 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 02:22 1 comments
Labels: ကဗျာ