ပေါင်းစည်းခြင်း
ပန်းအိုးနှစ်လုံး၊ ပန်းနှစ်ပွင့်
ပန်းတစ်အိုးထဲ ထိုးစိုက်လိုက်တယ်
ပျော်ရွှင်ခြင်းက ရာသီဥတု
နားလည်မှုက နေရောင်ခြည်
ယုံကြည်မှုဟာ မြေသြဇာ
သစ္စာတရားနဲ့ ရေစင်ဖြန်း
အချစ်ပန်းတွေ ဝေဝေဆာဆာ ။
ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]
အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]
တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]
မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]
ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]
ပန်းအိုးနှစ်လုံး၊ ပန်းနှစ်ပွင့်
ပန်းတစ်အိုးထဲ ထိုးစိုက်လိုက်တယ်
ပျော်ရွှင်ခြင်းက ရာသီဥတု
နားလည်မှုက နေရောင်ခြည်
ယုံကြည်မှုဟာ မြေသြဇာ
သစ္စာတရားနဲ့ ရေစင်ဖြန်း
အချစ်ပန်းတွေ ဝေဝေဆာဆာ ။
Posted by တင့်ထူးရွှေ at 00:11 1 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 23:00 0 comments
Labels: ကဗျာ
ကဗျာရေးရမယ်
ကဗျာရေးမှ ဖြစ်မယ်
ကဗျာရေးရမယ့် အကြောင်း
ကဗျာရေးမယ်
ဒီလိုကဗျာ ရေးတာဟာ ငါ့နှလုံးသားကို ဓါးထက်ထက်နဲ့ခွဲပစ်လိုက်တာလား
ဟင့်အင်း !
ကဗျာ ရေးကိုရေးရမယ်
ငါတို့ဟာ သွေးအေး သတ္တ၀ါ၊ ယဉ်ကျေးမှု၊ လောဘများတဲ့ အဇ္ဇတ္တသဏ္ဍာန်
တစ်ချို့တစ်ဝက် ဖိတ်စင်သွားတဲ့ အမှန်တရား
ကဗျာရေးမှ ဖြစ်မယ်
ကဗျာထဲမှာ ပါတဲ့အကြောင်းအရာ၊ ၀ါကျ၊ စကားလုံးဖောင်းပွမှု
မှင်ရာ၊ လက်ကွက်ဆန်းများ၊ သိန်းထောင်ချီ ချမ်းသာမှုနှင့် စိုးစိမျှ မသက်ဆိုင်သော
ကဗျာ တစ်ပုဒ်
ငါ ယစ်မူးခဲ့ရတဲ့ ပန်းကလေးရာယ်
ငါတို့ တသသနဲ့ သီဆိုခဲ့တဲ့ သီချင်းလေးရာယ်
မနက်ဖြန်မှာ ရုံတင်ပြသမယ့် ဇတ်လမ်းသစ်လေးရာယ်
ကဗျာရေးမယ်
ကဗျာရေးရမယ့် အကြောင်းအရာက မယ်မယ်ရရ
ကဗျာရေးရမယ့် လက်တွေက တုန်တုန်ချိချိ
လက်ရှိ ခေတ်ကြီးကိုက ကဗျာနည်းစနစ်တွေ ဘာတွေနဲ့ ကျကျနန
ဘောင်မ၀င်ဘူး၊ ဘောင်ဝင်တယ်
ကောင်းနိုးရာရာများတဲ့ အဆန်းတကြယ်
အံ့မခန်းနောက်ခံဇတ်ကြောင်းများနဲ့ စိတ်ဝင်စားဖွယ်
အားလုံးကို ကြိုက်တယ်
ကဗျာ ရေးရမယ် ။
၁၇၊၁၂၊၂၀၁၀။
Posted by တင့်ထူးရွှေ at 21:20 1 comments
Labels: ကဗျာ
Posted by တင့်ထူးရွှေ at 00:38 3 comments
Labels: ကဗျာ
သူပြန်လာမယ်
သူပြန်မလာဘူး
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ဟင်းလင်ပြင်ကြီးတစ်ခုထဲ
အရာဝထ္တုပေါင်းစုံ
တိုက်မိကြ ၊ ဆောင့်လိုက်ကြ
ဟိုး .. အမြင့်ကြီးဆီ မြင့်တက်သွားလိုက်
ဟိုး … အနိမ့်ဆုံးဆီ လိမ့်ကျသွားလိုက်
ရင်ထဲမှာ အေးခနဲ စိမ့်ကနဲ
ဘယ်တော့မှ ပြန်ကျမလာတော့ဘူး
ထင်လိုက်တာ
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
အရမ်းပျော်နေမယ်ဆို
သီချင်းအေးအေးလေးတွေ လိုက်ညည်းမယ်
အခံရခက်နေရင်
အပြင်းစား သီချင်းတွေနဲ့အော်ဟစ်ပစ်မယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ညဉ့်နက်သန်းခေါင်
တစ်ယောက်ထဲ လမ်းထ မလျှောက်တော့ဘူး
ယိမ်းထိုးနေတဲ့ ၀ါးခင်းပက်လက်ကုလားထိုင်လေးပေါ်
စိတ်အခွံ့ကြီးကိုပဲ ပစ်တင်ထားလိုက်တယ်
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။
ဘယ်လိုမှ ဖမ်းဆုပ်လို့မရတဲ့ အခါ
ဖြေလျှော့ ထားလိုက်တယ်
အရပ်ထက် ရှည်တဲ့ အရိပ်
အရိပ်ထက် ရှည်တဲ့ အတိတ်
ကြိုကြိုကြားကြားကတောင်
ချိုထောင်မကြည့်လေနဲ့
အဲသလို …
အခုတော့လဲ အတွေးတွေ
ဝေေ၀၀ါးဝါး ရှုပ်ထွေးဆဲပါကွယ် ။ ။
၂၉၊၁၁၊၂၀၀၉။
Posted by တင့်ထူးရွှေ at 22:06 3 comments
Labels: ကဗျာ