ကျွန်တော်နဲ့သူမ (၂)
ကျွန်တော်တို့ကျောင်းတော်မှာ
အချစ်ရဲ့ဝိညဉ်တွေ အသက်ဝင်တုံးက
သူမက သဲ့သဲ့လေးပြုံးတယ်
ဘယ်လိုနတ်ဆိုးတွေကြောင့်
ကျွန်တော့် နှုတ်တွေဆွံ့အ ခဲ့ပါသလဲ
တစ်တောလုံးလဲ စိမ်းနေတုံး
ကျွန်တော်စီးဆင်းခဲ့တဲ့ စမ်းချောင်းလေးရဲ့အစဟာ
သူ့နှုတ်ခမ်းစူပုံလေးမှာ မြစ်ဖျားခံခဲ့တယ်
ဘ၀တွေ ရေးဆွဲဖို့ စိစဉ်ကြတော့
ပန်းတစ်ခြင်းနဲ့လောကကို အလှဆင်မိတယ်
အလွမ်းကလဲ ကူးချည်သန်းချည်နဲ့
ထုတ်ကုန်တစ်မျိုးပေါ့
အကြိမ်ကြိမ်မေးခွန်းတွေ ပြောင်းမေးလဲ
ကျွန်တော့် အဖြေက တစ်ခုတည်း
ကျွန်တော် သူမ ကိုသိပ်ချစ်တယ် ။ ။
5 comments:
ကျွန်တော်နဲ့သူမကို အရင်တည်းက
ချစ်မိတယ်
ခုထပ်ရေးတော့ဝမ်းသာတာပေါ့
အရမ်းနူးညံ့တဲ့ စိတ်ကူးလေးတွေ
စီးဆင်းနေတဲ့ နှလုံးသားကို အားကျမိတယ်
ချစ်တတ်လိုက်တာကွာ အားကျတယ် ..။
ကိုတင့်ထူးရွှေက တကယ်သံယောဇဉ်ကို ဖော်ပြတဲ့နေရာမှာ တကယ်မိတယ်။ အားပေးတယ်။ တကယ်ကောင်းတယ်။
ချစ်ရင်လည်း ဖွင့်ပြောလိုက်ပေါ့ဗျာ ... :)
ကဗျာလေးက မိုက်တယ်ကွာ... အားပေးနေတဲ့ ... ;)
Post a Comment