ညက မက်တဲ့ အိပ်မက်အကြောင်း
ညက မက်တဲ့ အိပ်မက်အကြောင်း
အိမ်ဘေးက စံပါယ်ရုံလေးမှာ
တေးလာဆိုတဲ့ ငှက်
ငါ့မနက်တွေမိုးလင်းခြင်းမှာ
ချစ်ခြင်းရဲ့ အငွေ့အသက်တွေများလား
မင်းအဖော်တွေ စောင့်မျှော်နေရောပေါ့
ပြန်လိုက်သွားတော့ ငှက်ကလေးရေ
ငါ ဟာ တစ်ကိုယ်တည်းမို့
ငါ့မနက်စာ အေးစက်နေရခြင်းပါ ။
အလွမ်းတွေကိုလဲ နှစ်မျို့နေရခြင်းပေါ့
ငါ့ကစားဖော်လေးက
ငါ့စက္ကူလှေလေးလို
ငါ့ဆီပြန်လာဦးမယ်လို့
ညက အိပ်မက် မက်တယ်ကွယ့်။ ။