• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Wednesday 3 December 2008

တနင်္ဂနွေ

အာရုံများတဲ့ တနင်္ဂနွေဟာ

တနင်္ဂနွေတစ်ရက်ပဲ ဖြစ်တယ် ။


ရင်ထဲမှာ စည်းရိုးခတ်ခံရသလို

တစ်ခုခုဟာ ခုခံနေတယ်

လူသူအရောက်အပေါက်နည်းတဲ့နေရာလို

သဘာဝနဲ့ အနီးစပ်ဆုံး အကိုင်းတစ်ကိုင်းမှာ

တနင်္ဂနွေဆိုတာကို ချိတ်ထားမယ် ။


တနင်္ဂနွေကို

မဖိတ်ခေါ်ပဲ ရောက်လာမယ့် ဧည့်သည်လို

မပြင်မဆင်ပဲ ဧည့်ခံမယ်

တနင်္ဂနွေဟာ တနင်္ဂနွေပဲဖြစ်ရမယ်။


တနင်္ဂနွေမှာ

ကမူးရူးတိုးဖြစ်နေတဲ့ သတိရစိတ်တွေကို

နှစ်ချို့ဝိုင်တွေထဲနှစ် သတ်မယ်

ခပ်ဝေးဝေးရောက်အောင် ပစ်ထုတ်မယ်

တနင်္ဂနွေဟာ တနင်္ဂနွေပဲ ဖြစ်တယ် ။


တနင်္ဂနွေကို အစိမ်းရောင်တွေပဲ လိမ်းပေးမယ်

တနင်္ဂနွေကို ဖိနပ်မစီးပဲ လမ်းလျှောက်ခိုင်းမယ်

တနင်္ဂနွေကို အထီးကျန်တွေခြင်းတွေနဲ့ အဖော်လုပ်ခိုင်းမယ်

ဒါဆိုရင်ပဲ တနင်္ဂနွေဆိုတာကို ကျေနပ်လိုက်မယ် ။ ။

17 comments:

Anonymous said...

ကိုတင့်ရဲ့ မခေါ်ပဲ လာတဲ့ ဆန်းဒေးက အစိမ်းရောင်တွေလည်း လိမ်းခံလိုက်ရ
ခပ်ဝေးဝေးရောက်အောင် ပစ်ထုတ်ခံရနဲ့  မသက်သာလိုက်တာ ဖိနပ်မစီးပဲ လမ်းပဲလျှောက်ခိုင်း အစ်ကို ရေတော့မကူးခိုင်းနဲ့  ဆောင်းရောက်တော့ တော်ကြာ အအေးမိပြီး ဂစ်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်း)

mgngal said...

ကဗျာအရ ဆိုရင်တော့ အစ်ကိုတို့  ကျောင်းက ၆ ရက်တက်
ရတယ် ဟုတ် ။တနင်္ဂနွေ ကိုတော်တော် မြင်ပြင်းကတ်နေ
တယ် ထင်တယ် ။ :D

ခေါင်ခေါင် said...

တနင်္ဂနွေ....
ဒီတနင်္ဂနွေက အာရုံများနေတာလား....
ရင်ကွဲနာ ကျနေတာလား....

GreenGirl said...

အော်...ရင်ထဲကနေ ပေါက်ကွဲသံစဉ်တွေ ထွက်ကျကုန်ပြီ :P

လင်းဒီပ said...

အဲဒီတနင်္ဂနွေနဲ့ အစေးမကပ်တာ ကြာပေါ့...

အိုင်လွယ်ပန် said...

ဘယ်တနင်္ဂနွေက တို့ကိုတင့်ကို နေထိုင်မကောင်း
ဖြစ်အောင်လုပ်သလဲ :P
ဟုတ်တယ်ဗျ...
တနင်္ဂနွေဟာတနင်္ဂနွေပဲဖြစ်ရမယ်....
ကောင်းတယ်ဗျာ....

ဖြိုးငယ် said...

ကိုယ့်ဆရာ ပျောက်နေတာကြာပြီမှတ်တယ် ...
တနင်္ဂနွေနဲ့ရန်ဖြစ်နေတာကို ....

မွန် said...

သနားဖို့ကောင်းတဲ့ တနင်္ဂနွေလေး
ဘာကြောင့်မှန်းမသိ တနင်္ဂနွေကိုသနားတယ်
တနင်္ဂနွေဟာ တနင်္ဂနွေပဲ ဖြစ်နေရတဲ့အတွက်ကို
တနင်္ဂနွေကို သနားတယ်

သန့်စင် said...

ကျွန်တော့် အတွက်က တနင်္ဂနွေ မဟုတ်ပဲ စနေ ဖြစ်တဲ့ အတွက် တနင်္ဂနွေ အစား စနေနဲ့ ပဲ ခံစားသွားတယ် ဗျာ .. ကဗျာ ဆိုတာ ရေးတဲ့ သူပဲဖြစ်ဖြစ် ဖတ်တဲ့သူပဲဖြစ်ဖြစ် ကိုယ့် ခံစားချက်နဲ့ ကိုယ်ခံစားလို့ ရတာပဲ ဟုတ်တယ်နော် Bro .

ရိုးမြင့်အောင် said...

မသိရင်ခက်ရော့မယ်... ဘာ တနင်္ဂနွေလဲ... တနင်္ဂနွေမှာ ရာဟုဒေါင့်က လေမတိုက်လို့ထင်တယ်... ငါ့လူကြီး လမ်းတွေချော်ပြီး လေသလပ်ခံချိန်တောင်မရဘူး.... တနင်္ဂနွေနေ့မှာ အလည်လာခဲ့မယ်.... အဟတ်ဟတ်...

Kyaw Myat Thu said...

ညီမောင်မျိုးနဲ့ လွမ်းလုလင် ချီးမြှင့်သွားတဲ့ ကောမန့်ကတော့ ဒီကဗျာနဲ့ အလိုက်ဖက်ဆုံးပဲ လို့ ပြောရမယ်။

ဘိုတင့်ကြီး... ရာဟုထောင့် က လေစိမ်းတွေ တိုက်နေတယ် နဲ့ တူတယ်.

အဲဒါကြောင့် တနင်္ဂနွေ ထောင့်မှာ ကျိတ်ပြီး သွားဆုတောင်းနေတယ် မလား. :)

thihanyein said...

ဘယ်ကလာ ဒို့ဘိုတင့်က တနင်္ဂနွေမှာ အလွမ်း
တွေကို မြေမြှပ်နေတာ ။။။။ သူမြေမြှပ်တိုင်း
ငါ့ထမင်းတွေကုန်တယ်ကွ။။။။။။ဟားဟား။။။။

ညိမ်းညို said...

- တနင်္ဂနွေမှာ ရာဟုထောင့်က လေစိမ်းတွေ တိုက်လို့လား ?

- ကျောင်း ၆ရက်တက်ရလို့လား ?

အဲ...ပထမအချက်သည် ပို၍ဖြစ်နိုင်ခြေများမည်ထင်ပါကြောင်း :P

ဘိုတင့်ရေ JK နော
ပျောက်နေတာအကြာကြီးပါလားကွာ
ပြန်ပေါ်လာတာ ၀မ်းသာတယ်ကွာ
ဘိုစိုင်းကြီးက အထုပ်တွေဖြေနေပီကွ
ဟားဟား မလွယ်ဘူး :)

Unknown said...

တနင်္ဂနွေနေ့ထဲရောက်ခဲ့တယ်ကိုတင့် ကောင်းသောနေ့ပါ :)

Unknown said...

sundy ကိုတော့ဒီကကြိုက်တယ်..အဆင်ပြေအောင်
နေကြည့်ပါလား.. :)

ရွှန်းမီ said...

တနင်္ဂနွေမှာပဲ ရောက်လာတယ်..
တနင်္ဂနွေပဲ ဖြစ်နေတယ်..
တနင်္ဂနွေက ညည်းညူတယ်..
တနင်္ဂနွေကို သိပေမယ့် တနင်္ဂနွေက သိတောင်မသိဘူး..

Mhu Darye said...

ကိုယ်လိုရာ ကိုယ်ဆွဲတွေးပြီး
တနင်္ဂနွေ လေးကို ကိုယ်ချင်းစာသွားတယ်။

း(

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe