• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 6 December 2008

အတု အစစ်များ

ဇတ်ကွက်က ကံကြမ္မာစေစားရာ
အရပ်က ဟိုဘက်နဲနဲတိုးနေရတဲ့ခေတ်
ကျွန်တော်နဲ့ မျှော်လင့်ခြင်းက
တစ်ဖက်အသင်းရဲ့ကံကြမ္မာဂိုးပေါက်ကို
အကြိမ်ကြိမ်သွင်း
လွဲပြီးရင်း လွဲရင်း
ဒီလိုနဲ့ အချိန်တွေစေ့ခဲ့
များမကြာမီ ဖြစ်ပေါ်လာမယ့် အနာဂတ်အတွက်
ရွှေရည်ငွေရည်တွေလောင်းလို့
နာပြီးသားဇတ်မို့
နာနာနဲ့ပဲ ဆက်က မိ
မီးတွေလဲမှိတ်ကုန်ပြီ
အော်ခေါ်နေတဲ့အသံတွေကလဲ
တဖြည်းဖြည်းနဲ့တိမ်ဝင်သွား
တကယ်ပဲ ငါတို့
ပြတ်စဲသွားကြတော့မှာလား
ဘယ်မေးခွန်းကိုမဆို အကြောက်အကန်ငြင်းဆန်ရန်
ကျွန်တော့်တွင် အဖြေမရှိပါ ။ ။

19 comments:

Anonymous said...

ဂိုးပေါက် ပျောက်နေတဲ့ တိုက်စစ်မှူးလေးရေ့ တကယ်တော့ မပျက်ဆဲလိုက်ပါနဲ့ ဇတ်နာနာနဲ့ပဲ ဆက်ကလိုက်တော့ပေါ့ ပွဲပြီးရင် အဖြေတွေ့လိမ့်မယ် ။

ဖြိုးငယ် said...

ွှအဖြေမရှိရင် အခုတည်းက လိုက်ရှာထားဟ .. တော်ကြာ ၂ နဲ့ တိုးသွားမယ် .. ဟတ်ဟတ် ..

GreenGirl said...

ကဗျာလာဖတ်ပါ၏ :)

Unknown said...

ကိုတင့်ရေ ညီ့ကိုသာပြောနေတာ အစ်ကိုကောအဆင်ပြေရဲ့လား :)
ကိုတင့်ရေ ၁၆ ရက်နေ့ဘာကျွေးမှာလည်း ဟဲဟဲ လက်တို့လိုက်ဦးနော ကဗျာလေးလေးကတော့ လောကကြီးကစိတ်ပျက်နေပုံပဲ ကောင်းသောနေ့ပါ ကိုတင့်:)

Unknown said...

ဟင်းးးးးးးးးးးးးးး အဆင်ပြေပါစေလို့ ဘဲ...
ဆုတောင်းလိုက်တယ်...။

အိုင်လွယ်ပန် said...

နာလိုက်တဲ့ဇာတ်...
ကိုတင့်ရေ...တောင့်ထားဗျာ......

လင်းဒီပ said...

ရပ်လို့မရတဲ့ဇာတ်ပဲလေ..ဘယ်တတ်နိုင်မလဲ..
လုပ်ဇာတ်မဟုတ်ပါဘူး ပရိသတ်ကြီးရယ်လို့ပြောရုံပေါ့

ခေါင်ခေါင် said...

ရပ်လို့မရတဲ့ ဇတ် ဆိုလဲ....
ဇတ်ဆရာ အလိုကျပေါ့... အဖြေ တစ်ခုခုတော့ ရှိမှာပါ

Unknown said...

သိပါ့ဗျာ... ဘယ်လိုခြေစွမ်းရှိတယ်ဆိုတာ.. အဟတ်ဟတ်... လေ့ကျင့်ထားဦး ပွဲကြီးပွဲကောင်းမှာ ဂိုးပေါက်လွဲရင် ဇာတ်ပွဲတောင် ဆုံးအောင် ကနိုင်မှာ မဟုတ်ဘူး...

ညိမ်းညို said...

မရှိတဲ့အဖြေတွေကို နာနာဆုပ်ထားရင်း ငါတို့ ရက်စွဲတွေ အပုပ်ချိန်တိုင်ခဲ့လေပြီလား

သေချာတော့မသိပါဘူး ဘိုတင့်ကြီးရာ
ကဗျာတွေပြန်ဖတ်ရလို့ ၀မ်းသာသဗျ :) :)
ကွန့်မန့်ကောင်းကောင်းမရေးတတ်တော့
တယ်လဲအားနာရတာပဲဗျာ

Anonymous said...

ပြတ်ဆဲ (စဲ) :)

Anonymous said...

ဂိုးသွင်းမကောင်းခဲ့တော့လဲ ခံရတော့မှာပေါ့ဗျာ
နောင်ဆိုကြိုးစားပေါ့ဗျ ဟိဟိ

thihanyein said...

ဘိုတင့်ရေ***ငါစိတ်မကောင်ဘူး** ၂ ဘက်စလုံး
မှန်တယ်ကွ***မင်းတို့ဟာက မျဉ်းပြိုင်နှစ်ကြောင်းကိုကွ**
ဘယ်အချိန်မှာစုံမလဲ ***ဘယ်သူသိနိုင်မလဲ***
မင်းပြောသလိုပေါ့***တစ်နေ့နေ့ တစ်ချိန်ချိန်
အနန္တစကြာအဆုံးတစ်နေရာမှာတော့ ဆုံမယ်ဆိုတာ
ငါယုံကြည်တယ်***

သီဟညိမ်း

emayarKhin said...

ဒီလိုပါပဲအကိုရေ......
လွဲတယ်ဆိုကတည်းက..တည့်လာဖို့အခွင့်
အရေးပါပါလာပြီးသားပါ.......

Mhaw Sayar said...

ပြီးတော့လည်း ပြီးသွားမှာလို့ပဲ မှတ်လိုက်ပါ ကိုယ့်ညီရာ။ ကျောင်းတုန်းကလိုပေါ့။ တန်းထ ဆိုတာနဲ့ ပျောက်သွားမယ့် အဖြစ်လေးတွေပါ။ :)

mgngal said...

ပြတ်စဲတော့မှာလား ဂါဂါရာ ။ စိတ်ကောင်းဘူးဗျာ။ :(

Moe Myint Tane said...

ဘယ်မေးခွန်းကိုမဆို အကြောက်အကန်ငြင်းဆန်ရန်
ကျွန်တော့်တွင် အဖြေမရှိပါ ။ ။

ဖတ်ရတာ ကဗျာထဲမှာ အဖြစ်အပျက်တစ်ခုကို လှမ်းမြင်လိုက်ရတယ်။ ကဗျာရေးကောင်းတဲ့ ကိုတင့်ထူးရွှေ အရာအားလုံး အဆင်ပြေပါစေဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

လင်းဦး(စိတ်ပညာ) said...

အဟဲ.... ကိုယ့်လိုပဲ ဘောလုံးနဲ့တင်စားပြီပေါ့.. ကောင်း၏.... တိုက်စစ်မှူးကောင်းတစ်ယောက် ဖြစ်ပါစေ ။

Layma said...

အဖြေမရှိဘူးဆိုတော့ မမေးတော့ပါဘူး..။ ဒါပေမယ့်
ဂိုးတော့ ရစေချင်တယ်..။ ပယ်နတီလေး ဘာလေး ကန်ခွင့်ရအောင် တဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာ နည်းနည်းပါးပါး လဲချင်ယောင်ဆောင်ပြီး ပဲ များလိုက်ပါလား ဘိုတင့်ရယ်..။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe