• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 13 April 2008

ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော

ပေးချင်တဲ့နာမည်ပေး ငါခွေးမဖြစ်ရင်ပြီးရော

အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်
ဘယ်သူချစ်ချစ် မချစ်ချစ်
အားလုံးကို ငါချစ်တယ်
လေးသုံးနှစ်တစ်
လေးနှစ်လေးနှစ်
ဘယ်လိုဖြစ်ဖြစ် ငါချစ်တယ်
မကျည်းရွက်စိပ်ပဲဖြစ်ဖြစ်
သပ်စေ့နှက် သုံးချက်ညီပဲဖြစ်ဖြစ်
ဘီလူးရယ်သံပဲဖြစ်ဖြစ်
ချစ်တယ်ဆို ချစ်တယ်ပဲကွာ
ငါ့ရင်ခုန်သံကိုပဲ
ချစ်ချစ်ချစ်ချစ်....
ပိုဒ်စုံရတုတစ်ပုဒ် ရေးချလိုက်တယ်
သူငယ်ချင်းတွေဆီကရတဲ့ သြဘာသံ
"တော်ပါတော့" တဲ့
ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့
ဒီအသံကို ငါစောင့်နေတာ...။

ဒီညအလွမ်းတွေကို
အကြိမ်ကြိမ်ခါချတယ်
တစ်သုံးခုနှစ်သုည
နှစ်တွေသာ အခါခါထပ်သွားတယ်
ငါတို့ မနက်ဖြန်တွေ
ဘယ်တော့တွေ့လေမလဲ
အထပ်ထပ်အကြိမ်ကြိမ်
ငါတွေးတယ်
ကြိတ်မျိုချလိုက်မိလိုက်တဲ့
`အားလုံးကိုအတည်´ ပြောကြ
ဆိုတဲ့စကားသံတွေ
နားပိတ်ထားလိုက်မိတယ်
ငါ့အတွေးတွေကိုချစ်တယ်
ငါ့အမြင်တွေယုံကြည်တယ်
တစ်နေ့ ငါတို့
အနာဂတ်တွေ နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်ရမှာပေါ့....
ဒွိဟအတွေးတွေ
ခပ်မြင့်မြင့် အထပ်ပေါ်က ပစ်ချ
အိပ်ပျက်တဲ့ညတွေကို
စွန့်ပစ်မယ် သူငယ်ချင်း .....။

မနက်ဖြန် ဘာဖြစ်မယ်
ငါမသိ
ဒီနေ့ အကောင်းဆုံးကို
ငါထိတွေ့ပြီး ငါခံစားတယ်
ဒီနေ့ ဘာနေ့လည်း?
ငါမသိဘူး ...
ငါမခံစားတတ်ခဲ့ဘူး...
ဒါပေမဲ့
လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင်ပေါ့
ငါ.....
စိတ်တွေကို
လေပေါ်တင်လွှတ်လိုက်တယ်....။

ခွေးမဖြစ်၇င် ပြီးရောတဲ့
သိပ်အဆင်ပြေတာပေါ့
ဖြစ်ချင်လည်း ဖြစ်ပေါ့ကွယ်
မြတ်နိုးစရာဆိုလို့ ဒါလေးတွေပဲရှိတာ
ဟော .... ပါးစပ်ဖျားက ထွက်ကြလာတာ မဟုတ်ဘူး
ရင်ဘတ်ထဲက ပစ်စလက်ခတ်ကြလာတာ
သိပ်များများမကြည့်ပါနဲ့
ခြေဖျားလေးလောက်ပဲ မြင်အောင်ကြည့်ပေါ့
လက်တွေကို ဆုပ်ချည်ဖြန့်ချည်နဲ့
ဖြေချလိုက်တော့ ပါးပါးလေးတဲ့
တကယ်ကို ပါးပါးလေးပဲ
လှပ်ကြည့်လိုက်မယ်
မျက်တောင်မခတ်ကြေး
........................
ဘာတွေလဲ မမေးနဲ့
ခင်ဗျား အသည်းကွဲသွားမယ် ....။

လောကရဲ့ ဖြစ်ပျက်ခဲ့တဲ့ အမှန်တရား
တွေ့ခဲ့သူအတွက်
အံ့သြမိလို့ချပြမိတယ်
ငါ့စေတနာကို ငါ့သူငယ်ချင်းတွေ
မြင်နိုင်လောက်ရဲ့။
လောကရဲ့လွတ်လပ်မှုတရား
ဒီညမှာ အားရပါးရတွေ့ခဲ့ရတယ်
ဆုံနေကျအထီးကျန်မှုတွေ
ဒီညမှာတော့ သူငယ်ချင်းတစ်စုကြောင့်
အဝေးဆုံးမှာ လွင့်ပါးလို့
စိတ်ရဲ့ အကြွင်းမဲ့ဟာ
နှစ်သစ်သင်္ကြန်မှာပဲ လွင့်မျောထားစေတယ်...။

ဒီနှစ်သစ်မှာလည်း အထီးကျန်နေဆဲပါပဲ
အရာရာဟာ အသစ်အသစ်တွေနဲ့ နေ့သစ်တွေစနေပါစေ
လွမ်းမောမှု့တွေ အထီးကျန်မှု့တွေ အားလုံးထားခဲ့မယ်
မနက်ဖြန်မှာ နှစ်သစ်ရဲ့ နေ့သစ်တွေ ရှိနေမယ်
အားလုံးဟာ သင်္က္ခရ သဘောပဲပေါ့
ခင်ဗျားဟာ မနေ့ကထက် ဒီနေ့အတွက်တော့လူသစ်ပဲလေ
ခင်ဗျားပြောလိုက်ပါ ဒါဟာ ကျွန်တော်တို့အတွက် ဖြေသိမ့်မှု့တစ်ခုမဟုတ်ခဲ့ဖူးလား ။

မနက်ဖြန်ရဲ့အတွက် ကျွန်တော် အိပ်မက် မက်ဦးမယ်
ကျွန်တော့်တို့ ကောင်းကင်မှာ ကြယ်တွေ လင်းလက်နေမယ်
ခင်ဗျာအတွက်ဆိုတာထက် ကမ္ဘာမြေအတွက် ကြယ်တွေ လင်းလက်နေတယ်
တစ်ကိုယ်ကောင်းစိတ်လေးတော့ လျှော့
မနက်ဖြန်ဟာ ၁၃၇၀ နေ့သစ်တွေပဲပေါ့
မပျော်ခဲ့ဖူးတဲ့နေ့ဟာ တစ္တေအချောက်ဆုံးနေ့ဆိုရင်
ကျွန်တော် ခင်ဗျားကို နွေလည် နေ့တွေ လက်ဆောင်ပေးမယ်
နှစ်သစ်ဟာ အသစ် အသစ်တွေနဲ့ ဖူးပွင့်လို့ကောင်းနေတုံး ။ ။

ညိမ်းညို၊ တင့်ထူးရွှေ၊ မျှားပြာ၊ မင်းကျန်စစ်၊လွမ်းလုင်၊ လွမ်းစေ

3 comments:

ein said...

ပေးချင်တဲ့ နာမည်ပေးလို့ရတယ်ပေါ့နော် ဟိဟိ တော်ပါပီ အပေးတော့ဘူးနော် THS ပဲကောင်းပါတယ်နော ...း)

လေးလုံးအစ ၊ သုံးအလယ် ၊ ငါးခုနစ် ဆုံးတော့ အားလုံးကို ချစ် ကောင်း၏ကွ ၄၃၂၁ ၄၂၄၂ ဆက်ချစ် တဲ့....ဟိဟိ
တစ်သုံးခုနှစ်သုည မှသည် နာ့တယ်ရင်းTHS ရဲ့ အနာဂတ်တွေ နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်ပါစေကွာ...း)
ဟုတ်တယ်နော် အားလုံးဟာ သင်္က္ခရ သဘောတိုင်းလို့သတ်မှတ်ထားလိုက်တာ အကောင်းဆုံးပဲပေါ့ကွာ...း)
နှစ်သစ်မှာ အသစ် အသစ်တွေနဲ့ ဖူးပွင့်နိုင်ပါစေ...;)
ကမ္ဘာမြေအတွက် ကြယ်တွေ လင်းလက်နိုင်ပါစေကွာ ကဗျာစုပေါင်းလေး တကယ်ကို ဂွတ်ထပဲ...အဆင်ပြေပါစေဝေးးးအားလုံးပေါ့နော်...း)

Anonymous said...

ပေးချင်တဲ့ နာမည်ပေးဆိုလို့  ပေးသွားတယ်
၁။ ဦးကြွက်ကြီး ၊ ဦးဓာမကြီး
၂။ ကိုတင့်၊ ရာဟုမောင်တင့်
၃။ ပဲဟင်းချက်ကြီး၊ ငနာ
၎။ ကိုကြံ၊ လှံမင်းသား
၅။ ဂါစုတ် ၊ သံယောင်းဖ ၊ ကော်ယောင်းဖ
၆။ ပဲသီးလဒ ၊ အာလူးပေသီး

ဖြစ်တယ်ဟုတ် နာမည်လှလှလေးတွေ ပေးသွားတာ စိတ်ဆိုးတာဝန်မယူ ........။
ပုံ ..........
ဂိုဏ်ချုပ်ထံမှ ကျောက်စီးဓားဖြင့် ကိုယ်စား စီမံသည် :P ။

tuzzaung said...

နှစ်သစ်မှာ အသစ်အသစ်တွေဖူးပွင့်ပြီး နဂါးငွေ့တန်းရဲ့
တစ်ဖက်မှာ လင်းလက်လာမယ့် အနာဂတ်ကို အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေ..THS ရေ...။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe