• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 6 April 2008

ပြတင်းတံခါးရဲ့စကား

ပြတင်းတံခါးရဲ့စကား

ကျိန်စာတွေသင့်ခဲ့ဖူးပါသလား
အမုန်းခံရတာတင်
ဒုက္ခမဟုတ်ပါဘူး
အချစ်ခံရခြင်းကလဲ
ဒုက္ခတစ်ခုပါပဲတဲ့
မျှော်လင့်ချက်နဲ့အသက်သွင်းခဲ့ရတဲ့
ဖတ်လက်စကဗျာတစ်ပုဒ်ပါ
ရိုးရှင်းတဲ့
ရှုပ်ထွေးမှု့တိတ်ဆိတ်တဲ့ ပေါက်ကွဲမှု့
စနစ်တကျရှိတဲ့
ဖရိုဖရဲနိုင်မှု့တွေ


နေ၀င်ချိန်တိုင်းကို
အားကိုးတကြီးနဲ့ စောင့်မျှော်နေရသလို
အဓိပ္မာယ်မဲ့
ရှင်သန်နေရတဲ့ နေ့ရက်တွေရှည်လွန်းပါတယ်
သံသယတွေနဲ့
ချည်နှောင်ခံထားရတာကတော့အမွန်းကျပ်ဆုံးပဲ
ပစ်ပယ်ခံထားရတဲ့ဘ၀မှာ
တစ်ရက်လောက်ပဲ ခံစားကြည့်
မင်းဘ၀ပီပြင်လာလိမ့်မယ်

ကိုယ်ချင်းစာတတ်မယ်ဆိုရင်ပေါ့

မမျှော်လင့်ပါဘူးဆိုတာကိုက မျှော်လင့်ချက်ပါ
ဘယ်ပုံသေနည်းနဲ့မှ
အဇြေထုတ်လို့မရအောင်ခက်ခဲပါတယ်
ကျွှန်တော်မှားလား

ကျွှန်တော်မှာ
အဇြေမရှိတဲ့မေးခွန်းတွေနဲ့ပဲ
သူစိတ်ဆင်းရဲနေသေးသရွေ့တော့

ကိုယ်ချင်းစာတရားတွေကို
ကျွန်တော် ပုန်းပေါလအော သုံးစွဲနေရဦးမှာပါ ။

နေမင်းကြီးလဲ ထွက်လာပါ ပြန်ဝင်သွားပါ ကျွန်တော်ကို ထားခဲ့ပါ
ငှက်ကလေးတွေလဲ
လေထဲမှာ ၀ဲပျံရင်းသီချင်းဆိုကြပါ ကျွန်တော်ကိုထားခဲ့ပါ
သဘာဝတရားနဲ့
အရာအားလုံးလဲ ပုံမှန်အတိုင်းပဲလည်ပတ်နေကြပါ ကျွန်တော်ကိုထားခဲ့ကြပါ
ကျွန်တော်မှာနေ၀င်ညမရှိသလို
နေထွက်တဲ့မနက်လည်းမရှိတော့ပါ
ကျွန်တော်ကိုထားခဲ့ပါ


9 comments:

Unknown said...

ပြတင်းတံခါးရဲ့ သတင်းစကားတွေလို့ ဆိုပါရစေ..ကျိန်စာတွေသင့်ခဲ့ဘူးပါတယ်...
အဓိပ္မာယ်မဲ့ ရှင်သန်နေရတဲ့ နေ့ရက်တွေရှည်လွန်းပါတယ်
သံသယတွေနဲ့ ချည်နှောင်ခံထားရတာကတော့အမွန်းကျပ်ဆုံးပဲ
ပစ်ပယ်ခံထားရတဲ့ဘ၀မှာတစ်ရက်လောက်ပဲ ခံစားကြည်....
ခံစားချက်တွေနားလည်နိုင်တဲ့ကဗျာတပုဒ်ပါ..အဆင်ပြေပါစေရှင်... i like nice poem..

Anonymous said...

နေမင်းကြီးလဲ ထွက်လာပါ ပြန်ဝင်သွားပါ
ကျွန်တော်မှာနေ၀င်ညမရှိသလို နေထွက်တဲ့မနက်လည်းမရှိတော့ပါ
ဒီလိုမဟုတ်ဘူးလေ အစ်ကိုရ နေ၀င်ပြီးရင် ညဆိုတာ ဖြစ်လာသလို နေထွက်တိုင်း မနက်ဆိုတာ ဖြစ်လာတာပဲ ကဗျာကိုတော့အရမ်းကြိုက်တယ် မှတ်ချက်တော့ ကောင်းကောင်းမပေးတတ်ဘူးး) ဘာတွေဖြစ်နေသလဲတော့ မသိ အဆင်ပြေပါစေနော့် ။

ein said...

အယ် ရိုးရှင်းတယ်ဆို ဘယ်လိုဖြစ်လို့ရှုပ်ထွေးသွားရတာလဲ THS ရ ...း) သံသယတွေရဲ့ ချည်နှောင်ခံထားရမှု ပြေပါစေ..တကယ်ကို ပီပြင်တယ် ခံစားမှုကတော့ ဆက်ဆွဲထားသယ်ရင်းရေ...း)

ဖြိုးငယ် said...

အားလုံးကို ထားခဲ့ခိုင်းပေမဲ့ ငါ့တို့ကတော့ မထားခဲ့နိုင်ဘူးဟေ့

Layma said...

တင့်ထူး..ဖတ်ရတာလှတယ်လို့ပြောရင် ကိုယ်ချင်းမစာတတ်ရာရောက်ဦးမယ်..။
ဒါပေမယ့် တကယ်လှတယ်..။ အဆုံးသတ်စာကြောင်းလေးက သနားစရာလေး..။

မွန် said...

နေမင်းကြီးကိုလဲ ထားခဲ့လိုက်ပါ ငှက်ကလေးတွေကိုလဲ ထားခဲ့လိုက်ပါ သဘာဝတရားနဲ့အရာအားလုံးလဲ သူ့သဘောသူဆောင်ကြပါစေ ထားသာထားလိုက်ပါ သူတို့ကိုနောက်မှာထား ရှေ့ဆက်သွားလိုက်ပါ အကျည်းတန်တဲ့ညမှာ ငိုကြွေးနေရင် လှပတဲ့မနက်လေးကို လက်လွတ်သွားလိမ့်မယ် ရှေ့မှာကြိုနေမှာတွေအတွက် နောက်ကဆုံးရှုံးပြီးသားတွေကို ထားခဲ့လိုက်ပါနော်

မင်းကျန်စစ်။ said...

နေဝင်တာလဲ မရှိ နေထွက်တာလဲ မရှိဆိုပါလား။
တင်စားလိုက်တဲ့ ဦးတင့်။
ခုတလော လက်နှေးနေတယ်နော့။ လုပ်ထားကွ။

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the GPS, I hope you enjoy. The address is http://gps-brasil.blogspot.com. A hug.

tuzzaung said...

ကမ္ဘာကသူ့ဝင်ရိုးပေါ်မှာ လည်နေသရွေ့ နေထွက်၊နေ၀င်ဆိုတာ ရှိနေမှာပေါ့။
သံသရာဆိုတာလည်နေသရွေ့မွေးဖွားခြင်း၊သေဆုံးခြင်း ဆိုတဲ့ဘ၀တွေမှာ သဘာဝတရားနဲ့အတူ အလိုက်သင့်ရှင်သန်ရအုံးမှာပေါ့။
ဘယ်သူ့ကိုမှ ထားခဲ့လို့မရသလို ချန်ရစ်နေခဲ့လို့လည်းမရဘူး။

ဟဲ ဟဲ ကဗျာဆရာကိုအားကျလို့ ကြီးကြီးကျယ်ကျယ် ပြောကြည့်တာပါ။
ပျော်ရွှင်ပါစေ THS ရေ...။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe