• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 29 March 2008

တူတူပုန်း

တူတူပုန်း

ပွဲစပြီဆိုကတည်းက ပုန်းနေလိုက်တာ 
အခုအထိကို ရှာလို့မတွေ့ဘူး
မိုးချုပ်လို့ အိမ်ပြန်ချိန်ရောက်တော့မယ်
ထွက်လာခဲ့ပါတော့လား
ကစားဖေါ်လေးရယ် ။ ။

6 comments:

Anonymous said...

ဟားဟား ကိုမောင်တင့်ကြီး စနေတယ် အောင့်မေ့တာ တကယ်ပြောနေတာပဲ ကလေးလဲမဟုတ်ပဲနဲ့  တူတူပုန်းနေတယ် ....ထွက်လာခဲ့ပါတော့လား
ကစားဖေါ်လေးရယ် တဲ့ ဟေး မှားမယ်နော် သတိထား မထွက်လာနဲ့  ဒီအစ်ကိုကြီး လူလည်ကျတာ ထွက်လာခိုင်းပြီး ဘာလုပ်ဖို့ လဲ မတိဘူး ဟီးးးးးးးးးး။။။။။။


( ပြောထားတာ မမေ့နဲ့ နော် ဟို အကောင်အကြီးကြီးဖြစ်ရင် ကိုယ့်ညီလေးကို ကြက်ခြံစောင့် ခန့် ဖို့ မမေနဲ့  :P)

စိုးထက် - Soe Htet ! said...

ပုန်းနေရင် လိုက်မရှာနဲ့ ဗျ ... သူ့ဟာသူ ထွက် လာလိမ့်မယ် ... :P
ကြက်ခြံ စောင့် တဲ့... တော်တော်နောက် ...

ein said...

အယ် ပွဲစပီဆိုကတည်းက ပုန်းနေတာလားတဲ့ဗျ...
ဒါဆို အဟုတ်သေးဘူးနဲ့တူတယ်ထင်ပကွာ..:D
ပြောလိုက်တယ် THS ရဲ့ ကစားဖော်လေးက ထွက်အလာသေးဘူးတဲ့ဗျ...ဟီးးး :D

Unknown said...

ထွက်လာလို့ကတော့ကွာ...။ :P

Layma said...

တူတူပုန်းတမ်းကစားပါတယ်ဆိုမှ...ထွက်လာစရာလား..။ လုံအောင်ပုန်းရမှာပေါ့..။
“ ကစားဖော်လေးရယ်..လုံအောင်ပုန်း..ဗိုလ်တင့်လာပြီဝေး..”

တွေ့အောင်မရှာဘဲ... လူလည်ကျပြီး လေသံပျော့လေးနဲ့ ခေါ်နေတာ... ထွက်မလာခဲ့နဲ့..ပုန်းသာပုန်း..။

ပန်းခရေ said...

တူတူပုန်းတမ်းကစားမယ်
ပွဲစပြီဆိုကတည်းက
ပုန်းပါဘူးကွာ
မမြင်တာပါ........
ထွက်ပါဘူး...
ဟိဟိ
ကောင်းတယ်ကွာ..
တူတူပုန်းတာ

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe