• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Wednesday 5 March 2008

ပြုပြင်တပ်ဆင်ပါ

ပြုပြင်တပ်ဆင်ပါ

ဖြစ်နိုင်ရင် အဲဒီတေးသွား
ဒီမှာခဏရပ်ပါ
ဘေးဘီ ၀ဲယာ ကို
အနံ့ဆိုးများ ထွက်လေ မလားလို့ ။

လိုအပ် သလို နူးညံ့ ခက်ထန်နိုင်တယ်
မလို အပ်ဘူးဆိုလဲ လမ်းခွဲ ထွက်ခွာနိုင်တယ်
ရင်ခုန်သံ အစစ်တွေ သာ အလိုရှိလို့
ရောစပ်ခံ သံသယ တွေ နဲ ရေ မလောင်းပါနဲ့
လောင်မီးကျ ခံရလဲ
ဆက်လက်ရှင်သန် သွားမယ်ဆိုတာ
ယုံကြည်နေသေးသရွှေ ပေါ့
ချစ်သူတွေ ဆိုတဲ့ အသိမှာ
နင် အရာရာ ဆုံးဖြတ်နိုင်တယ် ။

ငါ ကိုယ်တိုင် တူးဆွ မိခဲ့တဲ့
ဖုန်းဆိုးမြေလယ်ယာ ဟောင်းလေး မှာတော့
ငါ့ ညတွေ မီးသဂြိုလ်ခွင့်ပြုပါ ။

5 comments:

Emily said...

မီးသာဂြိုလ်ရတဲ့ စရိတ်ဘယ်လောက်လဲဆိုတာ သိလို့လား။ ဟားဟား ကဗျာလေး မိုက်တယ် ညီ။

ein said...

ပြုပြင်တပ်ဆင်ပါ ...ကဗျာအဖွဲ့လေးမိတယ်...
ရင်ခုန်သံ အစစ်တွေ သာ အလိုရှိလို့
ရောစပ်ခံ သံသယ တွေ နဲ ရေ မလောင်းပါနဲ့
လောင်မီးကျ ခံရလဲ
ဆက်လက်ရှင်သန် သွားမယ်ဆိုတာ
ယုံကြည်နေသေးသရွှေ ပေါ့
ချစ်သူတွေ ဆိုတဲ့ အသိမှာ
နင် အရာရာ ဆုံးဖြတ်နိုင်တယ် ။ပိုကြိုက်တယ်ဒီနေရာလေးကို...:)

Anonymous said...

ချစ်သူတွေ ဆိုတဲ့ အသိမှာ
နင် အရာရာ ဆုံးဖြတ်နိုင်တယ် ။
ကဗျာလေးက ကလောင်ရှကင်ကွဲနေသလား ထင်ရအောင် အသက်ဝင်နေတယ်.။
တကယ်လားး.........အစ်ကိုး)
ငါ့ ညတွေ မီးသဂြိုလ်ဖို့ ခွင့်မပြုဘူးတဲ့ဗျ။။
ကဗျာတွေဆက်ရေးပါအုံးးး
အားပေးနေပါတယ်။

တည်ညိမ်းကို ( သို့မဟုတ် ) said...

လိုအပ် သလို နူးညံ့ ခက်ထန်နိုင်တယ်
မလို အပ်ဘူးဆိုလဲ လမ်းခွဲ ထွက်ခွာနိုင်တယ်

ကြိုက်တယ်မောင်တင့်ရေ ...

ချစ်သူတွေ ဆိုတဲ့ အသိမှာ
နင် အရာရာ ဆုံးဖြတ်နိုင်တယ်

ပုံအပ်ထားတဲ့အချစ်မျိုးလား ...

ကဗျာလေးတော်တော်လှတယ် ...

Unknown said...

THS တဲ့နာမည် ၃ လုံးနဲ့နေတာ..ကဗျာတွေကို ကြိုက်သလို ပုံသွင်းနိုင်လို့ စင်ပေါ်မှာနေတာ..ကြိုက်တယ်ကွာ...။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe