• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 22 March 2008

လမ်းခွဲမယ့်အကြောင်းမပြောပါနဲ့

လမ်းခွဲမယ့်အကြောင်းမပြောပါနဲ့


ငါ့မြစ်ရဲ့ ရင်ခွင်မှာ
မှော်ပင်တစ်သိုက်လို
ရေစီးလိုက်လာတဲ့ ကောင်မလေးရေ
အရမ်းမတိုးလိုက်ပါနဲ့
အချစ်တို့မှော်အောင်တဲ့
မေတ္တာတရား တောအုပ်မှာ
ရွှေသမင်တစ်ကောင်ဖမ်းရတာ
အတွေးတို့ထမ်းပိုးထားရတဲ့ မုဆိုးအလုပ်မို့ပါ ။

အခုအချိန်ထိလဲ အချစ်ကို
လျှော်ကြေးတစ်ခုလို လိုလိုလားလား
ပေးဆပ်နေဆဲပါပဲ
ကိုင်းဆက်ပန်းလို အချစ်တွေ ဆက်ထားတယ်
ဘ၀ဘ၀ တွေ အထိ ။

(၁၅) မိနစ်ကို တစ်ကြိမ်
ကြီးထွားတတ်တဲ့ သတိရမိခြင်းက
မတွေ့မထိပါပဲ သိနေတယ်
အလိုလိုရှိနေကြတယ်
ချရေးပြလို့ မရတဲ့ စကားလုံးတွေနဲ့တင်
ငါ့ ရင်ခွင်က အသွင်ပြောင်းနေပြီ

အိပ်တန်းပြန်လာတဲ့ ငှက်တွေအကြား
နင့်သတင်းများပါလာမလားလို့တော့ မေးမိသား
ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လှိုင်းတံပိုးတွေကြား
နင့်အမုန်းတွေပါလာ မလားလို့
ငါရှောင်တိမ်းလိုက်ရတာလဲ အမော
ခုချိန်ထိလဲ ငြိမ်ချက်သားကောင်းဆဲ
ငါရေးချင်တဲ့ ကဗျာတွေထဲမှာ
လမ်းခွဲ ရမယ့်အကြောင်းတွေအပိုမပါခဲ့လို့ပါ ။ ။

8 comments:

စိုးထက် - Soe Htet ! said...

(၁၅) မိနစ်ကို တစ်ကြိမ်
ကြီးထွားတတ်တဲ့ သတိရမိခြင်းက
မတွေ့မထိပါပဲ သိနေတယ်

နည်းများ နေမလားပဲ :)

ဖြိုးငယ် said...

ဒီကဗျာလေးကြိုက်တယ်ကွာ..တော်တော်ကောင်းတယ်..
အဆုံးသတ်လေးကိုပိုကြိုက်တယ်..ဘာတဲ့
ငါရေးချင်တဲ့ ကဗျာတွေထဲမှာ
လမ်းခွဲ ရမယ့်အကြောင်းတွေအပိုမပါခဲ့လို့ပါ တဲ့ ..ရှယ်ပဲကွာ

Unknown said...

အိပ်တန်းပြန်လာတဲ့ ငှက်တွေအကြား
နင့်သတင်းများပါလာမလားလို့တော့ မေးမိသား
ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လှိုင်းတံပိုးတွေကြား
နင့်အမုန်းတွေပါလာ မလားလို့
ငါရှောင်တိမ်းလိုက်ရတာလဲ အမော
ခုချိန်ထိလဲ ငြိမ်ချက်သားကောင်းဆဲ
ငါရေးချင်တဲ့ ကဗျာတွေထဲမှာ
လမ်းခွဲ ရမယ့်အကြောင်းတွေအပိုမပါခဲ့လို့ပါ ။ ။

~~~အထိဆုံးပဲကွာ~~~~

ein said...

ဟုတ်တယ် THS ရေ
အိမ်လေးလဲ ဒီနေရာလေးကို ကြိုက်တယ်
ငါရေးချင်တဲ့ ကဗျာတွေထဲမှာ
လမ်းခွဲ ရမယ့်အကြောင်းတွေအပိုမပါခဲ့လို့ပါပေါ့နော်...

Anonymous said...

(၁၅) မိနစ်တစ်ကြိမ် ကြီးထွားတဲ့ သတိရခြင်းတွေပေါ့လေ အဲ့လိုကြီးရှိတယ်လား ကဗျာဆရာရဲ့ အနော်တို့ကတော့ ကြားဖူးဘူးဗျ ဟားဟား အမယ် မယ် လာသေးတယ် ရေးချင်တဲ့ကဗျာတွေထဲမှာ လမ်းခွဲမယ့်အကြောင်းတွေ အပိုမပါခဲ့လို့ ပါတယ် တယ်လာတယ် စာပါလားနော် ကြွေလောက်တယ် ။ အဆင်ပြေပါစေ ကိုကြီးတင့်ရေ့ =)

Layma said...

အိပ်တန်းပြန်လာတဲ့ ငှက်တွေထဲမှာ bird fluပါလာဦးမယ်နော်... သတင်းစကား အတင်းသွားမမေးနဲ့..။ ဒီကဗျာကို သုံးသပ်ရသလောက် ကတော့..သူနာပြုဆရာမလေးကို စိတ်ကူးယဉ်မိသောကြောင့် အယူခံဝင်ရတဲ့ကဗျာလို့ ထင်သကွဲ့..။ ဟဲ..ဟဲ..ရမ်းတုပ်တာ..။ ။

နွေမုန်တိုင်း said...

ကဗျာတစ်ပုဒ်လုံး ကြိုက်တယ်ဗျာ .
မိုက်တယ်။ :D

မင်းကျန်စစ်။ said...

အိပ်တန်းပြန်လာတဲ့ ငှက်တွေအကြား
နင့်သတင်းများပါလာမလားလို့တော့ မေးမိသား
ရုတ်တရက်တိုက်ခတ်လိုက်တဲ့ လှိုင်းတံပိုးတွေကြား
နင့်အမုန်းတွေပါလာ မလားလို့

အားကြီးကောင်းတယ် ဦးတင့်။
လမ်းခွဲဖို့အကြောင်းပြောလာရင်လဲ ပါးစပ်ကို အဝတ်နဲ့ စည်းထားလိုက် :D

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe