• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 22 March 2008

အဖေ

အဖေ


သူများတွေခေါ်ခေါ်နေတဲ့အဖေ
ဒီဘ၀မှာတစ်ကြိမ်တစ်ခါလောက်ပြန်ထူးခဲ့မယ်ဆိုရင်
ကျွန်တော့်တစ်ဘ၀လုံး

အဖေလို့ထိုင်ခေါ်နေမိမှာပဲအဖေ ။


ကျွန်တော်ကလဲသံသရာကိုကြိုမသိခဲ့ဘူးလေ
ဘ၀ ဘ၀က ကျွန်တော်ဖြတ်ဆီးခဲ့တဲ့အသိုက်တွေ
ဘယ်လောက်တောင်များခဲ့သလဲမသိဘူးအဖေရာယ်
ကျွန်တော် လူ့လောကကိုရောက်ပြီးတစ်နှစ်မှာ
ကျွန်တော်တို့ အသိုက်လေးပျက်သွားခဲ့တယ် ။


ကျွန်တော့်ကျောင်းသားဘ၀တစ်လျှောက်
တို့ဖေဖေကဗျာ သင်ရတဲ့နေ့
ကျောင်းကထွက်ပြေးခဲ့တယ်
သူငယ်ချင်းတွေ စာရွတ်သံက သားကိုလှောင်နေသလိုပါပဲ အဖေ ။


အဖေ့ပုံရိပ်တွေ မြင်နေရက်နဲ့
တစိမ်းတွေလို ခံစားနေရတာ
ကျွန်တော်ကံဆိုးတာလားအဖေ
ကျွန်တော်တင်မဟုတ်ပါဘူး
အမေ ကိုယ်တိုင်လဲ ကံဆိုးခဲ့တာပေါ့အဖေ ။


မိသားစုစုံစုံလင်လင်နဲ့ ကစားကွင်းတွေရောက်ရင်
ကျွန်တော်အကြိုက်ဆုံးကစားနည်းက
ဘားတန်းခိုတာပဲအဖေ

သားရဲရဲခိုထား ပြုတ်မကျစေရဘူး
အောက်မှာအဖေရှိတယ်
ဆိုတဲ့
အဖေတစ်ယောက်ရဲ့ သားအပေါ် ယုံကြည်မှု့တွေကို အလိုချင်ဆုံးပါပဲ အဖေ
ဘ၀မှာ ကျွန်တော် ဘားတန်းခိုခဲ့ရပေါင်း များခဲ့ပါပြီ
ဒါပေမယ့် အမေကတော့
မိန်းမသားလေ အဖေ
ပြုတ်ကျရင် အနာတရ ဖြစ်မယ်ပေါ့
ဒါဟာအမေတစ်ယောက်ရဲ့ စိုးရိမ်လွန်မှု့နဲ့
အဖေတစ်ယောက်ရဲ့ယုံကြည်မှု့လွန်ကဲခြင်းတွေ
မဟုတ်ကြဘူးလားအဖေ ။


မှတ်မှတ်ရရ
(၁၃)နှစ်ပြည့် ဖေဖေါ်ဝါရီ (၉)ရက်ပေါ့
ဝမ်းခေါင်သံကြီးနဲ့
အဖေ သားအနား ရောက်လာသေးတယ်နော်
အိမ်မက် လား တကယ်လားဆိုတာတော့
ကျွန်တော်တကယ်မသိခဲ့တာပါ အဖေ
ဒီနေ့ထိ သိလိုက်တာကတော့
ဘယ်ဘ၀ရောက်ရောက် အဖေ
ကျွန်တော် အဖေ့ အတွက် ပြုလုပ်ခဲ့ပေးတဲ့
ကောင်းမှု့ကုသိုလ်တွေ အတွက်
ရောက်ရာအရပ်က သာဓုခေါ်စေချင်တယ် ။


အခုတော့လဲအဖေရာယ်
ဘယ်လိုအဖေမျိုး သေလို့ငိုငို
ရှိုက်သံတွေကြားရင်ကိုပဲ
အဲဒီ ဒဏ်ရာက တစစ်စစ် ကိုက်လာတယ် ။ ။

10 comments:

ဆိုးသွမ်း said...

အင်း...ထပ်တူခံစားမိပါတယ်
ငါညီရေ။

Anonymous said...

ကဗျာဖတ်ပြီး စိတ်မကောင်းဖြစ်လိုက်တာ အစ်ကိုရာ ဘာပြောရမှန်းတောင်မသိတော့ဘူး အဆင်ပြေပါစေလို့ ဆုတောင်းပေးတိုင်းပြည့်မယ်ဆိုရင်လဲ တစ်နေ့ကို အခါ(၅၀)လောက်ထိုင်ဆုတောင်းပေးချင်တယ်။ ကိုယ့်ထက်ဆိုးတဲ့သူတွေရှိသေးပါလားဆိုတာတွေးပြီး ခံစားရမှုတွေပြေပျောက် နည်းပါးပါစေဗျာ..........။

စိုးထက် - Soe Htet ! said...

နာနာကျင်ကျင် ခံစားရပါတယ် ဗျာ :)

ညိမ်းညို said...

တင့်ထူးရေ ကဗျာကိုဖတ်ပြီးရင်ထဲတစစ်စစ်ကိုက်လိုက်တာ။
အားလုံးအဆင်ပြေပါစေကွာ။ ငါကမင်းထက်ကံကောင်းတာပေါ့နော် မင်းကလူ့လောကရောက်ပြီး၁နှစ်မှာ အသိုက်လေးကွဲသွားတယ်။ ငါကငါးနှစ်သားမှာ အသိုက်လေးကွဲသွားတယ်ကွာ ။

Layma said...

တင့်ထူးကဗျာလေးဖတ်ပြီး စိတ်မကောင်းဖြစ်နေတုန်း ညိမ်းညိုမှတ်ချက်လေးဖတ်ရတော့ ပို ၀မ်းနည်းသွားပြန်တယ်...။ အဖေကို တောင့်တမိတဲ့ခံစားချက်ကို စာနာမိတယ်... ။

Unknown said...

ကဗျာလေးဖတ်ပြီးထပ်တူထပ်မျှခံစားရပါတယ်..ကိုတင့်ထူးရွှေ...

ဖြိုးငယ် said...

သယ်ရင်းရေ..ထပ်တူထပ်မျှခံစားရပါတယ်ကွာ..မင်းအရေး
အသားကြောင့် မင်းခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်း
တွေ့ရတယ်..တဆစ်ဆစ် နာကျင်စေပါတယ်ကွာ...

ein said...

အဖေတဲ့လား...
အိမ်လေးလဲ တကယ်စိတ်မကောင်းဖြစ်ရပါတယ် THSရေ...

မျှားပြာ said...

ငါလည်းအခုထိ အဖေနဲ့ စကားမပြောသေးဘူးကွ ...။
ဟတ်ဟတ်

အညာသား said...

သယ်ရင်းရေ..
ဘိုစော ကတော့သိပြီးသားလားမသိဘူး။ ငါကတော့ ဒီစာတွေကို ဖတ်ပြီးမှသိတာ။ စိတ်မကောင်းဘူးကွာ။
မင်းပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေ အတွက် မင်းအဖေ သာဓုခေါ်နိုင်မှာပါ။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe