• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Sunday 24 February 2008

ကြယ်တွေမြူးတဲ့ ကမ္ဘာ




ကြယ်တွေမြူးတဲ့ ကမ္ဘာ

အတ္တတွေ ဖျားတဲ့ည က
ကြယ်တွေ များ လျှောခနဲ လျှောခနဲ

လမ်းမကြီးပေါ် တိုးယိုပေါက်
ပြို ပြို ကျတယ်
ဝင်္ကပါ လမ်းတွေထဲ
လိုအပ်ရင် ဘရိတ်သုံးပါ
အန္တရာယ် ဆိုတာ အချိန်မရွေး လာနိုင်တယ်လေ
တစ်စ တစ်နဲ့ အရည်ပျော်လာလိုက်ပုံများ
သံဟာ သံပါလို့ မထင်ရက်စရာ
ရေခဲက အရည်ပျော်ရင် ရေရသလို
ဒီ နှလုံးသားက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ
အလင်းရောင် တစ်စက် ရုတ်တရက်
ထိုးဖောက်လာသလို စူးကနဲ
အပေါင်ကုတ် ယောင်ဆုတ် ပေမယ့်
အဲဒီ စွဲလမ်းမှု့က
အအိပ် အစား ပျက်တယ် ။

10 comments:

ညိမ်းညို said...

သူငယ်ချင်းရေ ကဗျာအသစ်ဖတ်သွားတယ်။ ၀င်္ကပါလမ်းတွေထဲ လိုအပ်ရင် ဘရိတ်သုံးပါ့မယ်ကွာ။
စက်ရှိန်သတ်သင့်တဲ့အခါလဲ သတ်ထားလိုက်တာပေါ့ ။ပျော်
ရွှင်ချမ်းမြေ့ပါစေ သူငယ်ချင်းရေ :)

Unknown said...

ဟုတ်တယ်စွဲလမ်းမှု့ ကအအိပ်အစားတင်မကဘူးစိတ်ဓါတ်တွေအောက်ဆုံးအထိဘဲကျတာ...မကောင်းဘူးမကောင်းဘူးဒီစွဲလမ်းမှု့ ....KO THS ရေအဆင်ပြေပါစေ


ခင်တဲ့...ဘုန်းယု..

Anonymous said...

လျှောခနဲ လျှောခနဲ့  ဘာတွေတုန်းးဗျ ကဗျာလေးက တွေးစရာတွေးများတယ်
လိုအပ်ရင် ဘရိတ်သုံးပါဆိုတဲ့ စကားလေးကို အရမ်းကြိုက်တယ် ...
လေးစားပါတယ်ကဗျာဆရာရေ့
ပုံ ...မောင်မျိုး ( ရန်တွေဖြစ် )

tuzzaung said...

ရေခဲအရည်ပျော်ရင်ရေရသလို နှလုံးသားအရည်ပျော်ရင်ဘာရလဲ။ :P

မျှားပြာ said...

နှလုံးသား အရည်ပျော်ရင် ကဗျာတွေ ရတယ် ..။
အရည်ပျော်အောင်တော့ ဖျော်တတ်ရမယ် :P

ဖြိုးငယ် said...

မှန်လိုက်တာ ဆရာတင့်ရေ...ကောင်းလိုက်တဲ့ကဗျာ..

ein said...

အတ္တတွေ ဖျားတဲ့ည က
ကြယ်တွေ များ လျှောခနဲ လျှောခနဲ...ဟုတ်သလိုလိုပဲနော်
အဲဒီ စွဲလမ်းမှု့က
အအိပ် အစား ပျက်တယ် ဆိုရင် အိပ်ဆေးသောက်မအိပ်ဘူးလားဝေးးးးးး:D
ဒီလို ကဗျာကောင်းလေးတွေဖန်တီးတတ်တဲ့ ကဗျာ ဆရာရဲ့ကဗျာလေးတွေဆီကို အရောက် နောက်ကျ ခဲ့ပါတယ်ဗျို့...
နောက်လဲ အမြဲလာအားပေး၊ လာဖတ်မယ်နော်...ကေတယ်ဟုတ်...:)

lwansay said...

တင်မဲ့ တင်တော့လည်း ကောင်းလိုက်တဲ့ ကဗျာ ဗျာ။
ခံစားသွားတယ်ဗျို့။

မင်းကျန်စစ်။ said...

အပေါင်ကုတ် ယောင်ဆုတ် ပေမယ့် ဆိုတာကို တော်တော် စဉ်းစားလိုက်ရတယ် ဦးတင့်ရယ်။ တတ်လဲ တတ်နိုင်ပါပေ့ ကဗျာဥာဏ်ရယ်...

Layma said...

အပေါင်ကုတ် ယောင်ဆုတ် ဆိုတာ ဘာတုန်း..။
ဘရိတ်မမိရင် ဘယ်လိုလုပ်မလဲ...။
ကဗျာစာသားတွေကလည်း လျှောခနဲ...လျှောခနဲ ထွက်တယ်နော်...။

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe