• ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

  • ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

Thursday, 14 February 2008

၂၃ နှင့် ရာဟုမလေး၏ ကဗျာဆရာသို့

၂၃နှင့် ရာဟုမလေး၏ ကဗျာဆရာသို့


၂၃ဟာ နှင်းတမြမြ အေးတစ်ညနဲ့
မင်းကို လှုပ်နိုးလိုက်ပီ သူငယ်ချင်း
မပီဝိုးတ၀ါးနဲ့ အလင်းနှစ်တွေကို
ဆုပ်ကိုင်လို့ တောအထပ်ထပ်ကို
ဇောမကပ်ပဲ ဖြတ်သန်းလာခဲ့တယ်
ဒီလိုနဲ့ ကျန်ခဲ့တဲ့ဆောင်းညတွေကို
လှည့်ကြည့်မိတယ် ... ... ...။


တစုံတရာအတွက်နဲ့
အဘိဓမ္မာတွေကို သွန်ချ
သက္ကရာဇ်ကျင်းထဲ ခုန်ချလို့
ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရတဲ့
နေ့ရက်တိုင်းအတွက်
မိုးခေါ်တေးတွေကို သီဆိုဖူးတယ်။


တုံ့နှေးလေးလံတဲ့ ခန္ဓာတစ်ခုအတွက်
မောပန်းမှုတွေ ကြုံလာတိုင်း
ကဗျာနဲ့ အခါခါပွတ်သပ်လို့
အာသာဖြေခဲ့ရတဲ့လမ်းတိုင်းမှာ
ပန်းတိုင်းလည်း ပွင့်ခဲ့ဖူးတယ်။


နူးညံ့မှုတွေနဲ့ စီးမျောခဲ့တဲ့
မြစ်ကြောင်းတလျှောက် ချကျွေးခဲ့တဲ့
စာနာမှုတွေကတော့
ဟိုတစ်ဖက်ကမ်းထိ ကပ်ပါလာမယ်ဆိုတာ
ငါ ယုံကြည်တယ် သူငယ်ချင်း ...။


ဟောဒီ ၂၃ကစလို့ မင်းရယ်
မင်းရဲ့ ရာဟုမလေးရယ်
မင်းချစ်တဲ့ အသိုက်အမြုံလေးရယ်
အရာရာအားလုံးဟာ ခရီးအဆုံးထိ
လေဆန်တိုင်း ပျံတက်နိုင်ရတော့မယ်


စွန့်စားပါ ယုံကြည်ပါ
နမ်းရှိုက်ပါ ရူးသွပ်ပါ
မင်းရဲ့ လက်သေးသေးကွေးကွေးလေးနဲ့
ရေးခဲ့တဲ့ ကဗျာတိုင်းဟာ
ကမ္ဘာမြေကြီးအတွက် အနူးညံ့ဆုံးတွေ
ဖူးပွင့်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ်
ရာဟုမလေးရဲ့ ကဗျာဆရာရေ

မျှားပြာ

2 comments:

ein said...

မင်းရဲ့ လက်သေးသေးကွေးကွေးလေးနဲ့
ရေးခဲ့တဲ့ ကဗျာတိုင်းဟာ
ကမ္ဘာမြေကြီးအတွက် အနူးညံ့ဆုံးတွေ
ဖူးပွင့်နိုင်ပါစေလို့ ငါဆုတောင်းပေးတယ်
ရာဟုမလေးရဲ့ ကဗျာဆရာရေ …။ မျှားပြာ
ကဗျာလေးကောင်းတယ်ရေးပေးတဲ့သူကော...THS ပါ ပျော်ရွှင် အဆင်ပြေပါစေနော်...:)

တင့်ထူးရွှေ said...

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အမ :)

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe