• ဂျလုန်း

    ဂျလုန်းက သံယောဇဉ်ကင်းတယ် ဂျလုန်းမှာ အပူအပင်မရှိဘူး ဂျလုန်းဟာ ဘ၀ကို စောက်နက်နက်ထိရောက်အောင် တူးခဲ့ဖူးတဲ့တွင်းတူးသမား ဂျလုန်းဟာ ဂုန်နီအိတ်ထက်နွေးတဲ့ စောင်မျိုးနဲ့ ဆောင်းတွင်းတစ်တွင်းကိုဖြတ်သန်းချင်သူ ဂျလုန်းဟာ အုန်းသီးထဲကရေကို ဘယ်သူထည့်သွားလဲဆိုတာသိချင်တဲ့သူ [...]

  • ကျွန်တော်ကြဲခဲ့တဲ့ စိတ်ကူးယဉ်ပန်းများ

    အရင်ဘ၀ကလက်ကျန် ဒီဘ၀အတွက် ချစ်တတ်တဲ့နှလုံးသားတစ်ခုနဲ့ သူ့ရဲ့ပုံတူတစ်ခု ထည့်ပေးလိုက်တယ် သူ့ကို ရှာတွေ့တဲ့အခါ ဓါတ်ပုံထဲကလူဟာ သူမဟုတ်ပါဘူးဆိုတဲ့အကြောင်း [...]

  • ကောင်းကင်ကြီးက၀ှက်ထားတဲ့ ကိုယ့်ကြယ်

    တစ်နေ့တစ်ခါပြန်အသစ်လုပ်ရတဲ့မျက်နှာနဲ့ ရေဆုံးရေဖျား မေးလေးထောက်ထောက် ကြည့်ရတာ အမော ဘယ်မှာများလင်းလက်နေတာပါလိမ့် ကိုယ့်ကြယ် လေးလံကြီးမားတဲ့အရာများရဲ့ ၀န်နဲ့ မကြာခဏ အပိခံထားရတဲ့ ကိုယ့်စိတ် နှေးကွေးလေးလံလွန်းလှရဲ့ [...]

  • လေသလပ်ခံခဲ့တဲ့ညနေ

    မြစ်ကမ်းနဘေးမှာ နေ၀င်ချိန်ကိုထိုင်ကြည့်ရတဲ့အရသာ အတွေးဟာ တိပ်ခွေတစ်ခွေလို ကျော်ချင်တဲ့နေရာကိုကျော် ရစ်ချင်တဲ့နေရာကိုပြန်ရစ်လို့ရတယ် လေသလပ်ခံခဲ့တဲ့ညနေ။ [...]

  • ရောက်ရာအရပ်ကလှည့်ပြန်ခဲ့ပါ

    ခပ်ထူထူ သနပ်ခါးပါးကွက်ကြားနဲ့ မြန်မာဆန်ဆန်လှတယ်လို့ မကြာခဏကျွန်တော် ပြောဖူးခဲ့တဲ့ ပါးပြင်ပေါ် အနမ်းပွင့်တွေ လွင့်ဖူးတာဆိုလို့ တိတ်တခိုး နဲ့စိတ်ကူးယဉ်မှုခပ်ပါးပါးပါပဲ ဒါထက်ပိုပြီး ရိုးသားမှုကို တန်ဖိုးထားပါတယ်[...]

Saturday 9 February 2008

ဖေဖေါ်ဝါရီ ( ၉ ) ရက်

ဖေဖေါ်ဝါရီ (၉)ရက်

ပြက္ခဒိန်တစ်ခုရဲ့ ဖေဖေါ်ဝါရီ (၉)ရက် မှာ လူတစ်ယောက်ရဲ့အသက်နဲ့ လူတစ်ယောက်ကို လဲလှယ်ရလို အသက်ကို လောင်းကြေးထည့်ပြီး ခေါ်ခဲ့တဲ့မေမေရဲ့ ကျေးဇူးတွေကြောင့် ဖေဖေါ်ဝါရီ (၉) ရက်တွေ (၂၃)ကြိမ်တိုင်ခဲ့ပါပြီ ..။

ဘ၀သံသရာထဲမှာ ကူးခတ်နေရသေးတဲ့ ပုတုဇဉ် လူသားတစ်ယောက် အနေနဲ့လဲ လောကဓံရဲ့ အထုအထောင်းကို လူသားပီသစွာခံယူတတ်ခဲ့ပါပြီ .။

အမှား ပေါင်းများစွာကိုလဲ ကျေကျေနပ်နပ်နဲ့တစ်မျိုး မကျေမနပ်နဲ့တစ်မျိုး ကျူးလွန်ခဲ့ဖူးပါတယ် ၊ နောင်တ တရားပေါင်းများစွာ ကိုလဲ ကောက်သင်းကောက်ပုံ ကောက်ခဲ့ဖူးပါပြီ ရေရှည်ရည်မှန်းချက်အတွက် လတ်တလော အလိုဆန္ဒများကို လဲ ထိန်းသိမ်းတတ်ပါပြီ မေတ္တာတရားရဲ့ ဘာသာဗေဒကိုလဲ သူဖုန်းစား တစ်ဦးလို လိုက်တောင်းဖူးပါပြီ ..။ ။

ဒီနေ့အတွက် မေတ္တာတရားတွေ စွန့်ကျဲခဲ့ကြတဲ့ ဘလော့ရပ်ဝန်းလေးမှ ညီအစ်ကိုမောင်နှမ သူငယ်ချင်းများရဲ့ သံယောဇဉ်တရား မေတ္တာတရားဟာဖြင့် ဘ၀ရဲ့ အမှတ်တရ များစွာထဲမှ မေ့ဖျောက်ဖို့ ခက်ခဲတဲ့ အရာများဆိုတာကို ယခုပို့စ်လေးတစ်ပုဒ် နဲ့အတူ ကျေးဇူးတင်ကြောင်း ပြောပါရစေ ။ ။

တကူးတကပဲဖြစ်ဖြစ် ၊ ကြုံကြိုက်လို့ပဲဖြစ်ဖြစ် ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲဖြစ်ဖြစ် လာရောက်လည်ပါတ် မွေးနေ့ဆုတောင်း ပေးခဲ့ကြသူများ အားလုံး အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ် ၊ မွေးနေ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ မကြိုက်မခြင်း သူကိုယ်တိုင် လက်စွမ်းပြပေးတဲ့ ညိမ်းညို ကြီး ၊ သူဘလော့မှာလဲ ကဗျာတစ်ပုဒ်နဲ့ ဆုတောင်းပေးတဲ့ ကျွန်တော်ကအမြဲနိုင်တဲ့ ဖြိုးငယ် ၊ မွေးနေ့ပွဲ အတွက် ၀ါးတီးစီစဉ်ပေးတဲ့ ညီမလေး ရတနာ တို့ကိုလဲ ကျေးဇူးတင်ပါတယ် ။ ။

မွေးနေ့အတွက် ၀ါးတီးကိုတော့ သူငယ်ချင်း ညီမလေး မရတနာစိုး ဆီမှာ ကြိုက်သလောက် အမုန်းစွဲလို့ရပါပြီ ၊ ကျွန်တော်ကတော့ မွေးနေ့လာလည်တဲ့ သူငယ်ချင်းများကို ဟောဒီ လက်ဆောင်လေးနဲ့ပဲ ဧည့်ခံလိုက်ချင်ပါတယ် ။ ။

26 comments:

မျှားပြာ said...

ချစ်နယ် မွေးနေ့မှာပျော်ရွှင်ပါစေ ... အရာရာအဆင်ပြေပါစေ နယ်ရေ ...။

lwansay said...

ငါကတော့ ဒီကနေပဲ ဆုတောင်းပေးနိုင်မယ်ကွ။ မလာနိုင်တာ
ဆောရီးကွာ။ မအားဘူးကွ ကျောင်းပြန်လိုက်နေလို့ :D
ငါ့ သူငယ်ချင်း အဆင်ပြေပါစေကွာ။

NatShinNaung said...

Happy birthday my dear friend Tint Htoo Shwe. All the best to you . here is for you. Wish you be happy .

စိုးထက် - Soe Htet ! said...

တကူးတက လာပြီး ဆုတောင်းပေးတာပါ ညီလေးရေ ...

အပျော်ရွှင်ဆုံး မွေးနေ့ ပေါင်း များစွာ ပိုင်ဆိုင် နိုင်ပါစေ ...

Cheers !

tuzzaung said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေTHSရေ...
(၂၃)နှစ်ပြည့်မှသည်...
နောင်နှစ်ပေါင်းရာချီတိုင်အောင်
ငြိမ်းချမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ...။
ဆန္ဒနဲ့ဘ၀ထပ်တူကျပါစေ...။
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ...။

စိုးထက် - Soe Htet ! said...

[url=http://uk.youtube.com/watch?v=DMiBSt_ODN0&feature=related/] လက်ဆောင် ဗျို့ :P [/url]

စိုးထက် - Soe Htet ! said...

ဆောရီး လွဲ သွားတယ် ... ကူးပြီးသာ ၀င်ကြည့် လိုက်တော့ :P

Anonymous said...

Happy birthday THS !
ယနေ့မှာကျရောက်တဲ့မွေးနေ့လေးမှသည်
နှောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်မှု များစွာနဲ့ အတူ ပျော်ရွှင်ပါစေ...

Anonymous said...

ကိုရွှေတင့်ကြီးရေ့...မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ လေးပါခင်ဗျာ...ဤမွေးနေ့ မှစပြီး ချစ်သောသူနဲ့ အမြန်းဆုံးပေါင်းဖက်နိုင်ပါစေ အစ်ကိုရဲ့ ဆန္ဒနဲ့  ဘ၀ ထပ်တူကျတဲ့နေ့ ၇က်များကို ပိုင်ဆိုင်နိုင်ပါစေလို့  ဆုတောင်းပေးပါတယ်.....။
ကျနော်က မွေးနေ့ ကိုနောက်ကျမှသိလို့  ချိတ်ဆိုးနဲ့  အာဘွားး)

ဆိုးသွမ်း said...

လူချွန်လူကောင်း တစ်ယောက် ဖြစ်ပါစေ။
ငါ့ ညီရေ။

MM said...
This comment has been removed by the author.
MM said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ကိုတင့်ထူးရွှေရေ။ လိုအဆင်ဆန္ဒများပြည့်ဝပြီး အရာရာကို အခက်အခဲမရှိဆောင်ရွက်နိုင်ပါစေနော်။

ရွှေရောင်ကောင်းကင် said...

သူငယ်ချင်းရေ ဟတ်ပီးဘတ်ဒေး ပါ အခုမှကျောင်းကပြန်ရောက်လို့.... ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေကွာ.

Unknown said...

အမြဲပျော်ရွင်ရတဲ့မွေးနေ့ လေးဖြစ်ပါစေ။ 9 ဂဏန်းသမားတွေရဲ့ စွမ်းရည်အပြည့်ရပါစေ။ခင်မင်စွာနဲ့ ဆုတောင်းလိုက်တယ်.......
phoneyu

ဒဏ္ဍာရီည said...

Mg Lay Yay, Happy Birthday! May you be happy, healthy and successful with your career from this day on. May you be a very obedient son to your parents and May you be a very faithful soulmate to your LOVE.

ကြယ်စင်နတ်သမီး said...
This comment has been removed by the author.
ကြယ်စင်နတ်သမီး said...

ပျော်ရွှင်ဖွယ်ရာကောင်းသော မွေးနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေကွယ်...

တင့်ထူးရွှေ said...

ချစ်နယ် ရေ ပေးတဲ့ဆုနဲ့ပြည့်ရပါစေ :D

ကိုလွမ်းစေ - အိုကေပါတယ် ၊ကျောင်းမှန်မှန်တက်နော်ပေသီး

နတ်သျှင်နောင် - ကျေးဇူးတင်ပါတယ် .. ထမင်းချက်ထားမယ် :P

ကိုကြီးစိုးထက် - ကျေးဇူးတင်ပါတယ် အကိုကြီး :)

တူးတူး - ပေးတဲ့ဆုနဲ့ပြည့်ပါစေ :D

ခံစားချက်များ _ ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ :)

မောင်မျိုး _ နောက်မကျဘူး ညီရ ၊ ကျေးဇူးပါ အာဘွား :P

ကိုဆိုးသွမ်း - အကိုကြီး ရေ ဟုတ်ကဲ့ပါ ကျေးဇူးပါ :)

မ၀င်္ကပါ - ပေးတဲ့ဆုနဲ့ပြည့်ရပါစေ ၊ ကျေးဇူးပါ အမ

ရွှေရောင်ကောင်းကင် - သူငယ်ချင်းရေ ကျေးဇူးနော်

မဘုဏ်းယု - အမြဲလာ အားပေးတာ ကျေးဇူပါ :D အဲလိုပဲ အသံထွက်လိုက်တယ် :P

မဒဏ္ဍာရီည - Thank you very much !!!!

မကြယ်စင်နတ်သမီး - ကျေးဇူးတင်ပါတယ်ဗျာ :D

Layma said...

Happy Birthday !!!

Sophie said...

ပျော်ရွှင်ပါစေ အစ်ကို......မွေးနေ့ရှင်ပြန်ပေးတဲ့ လက်ဆောင်ကို အားမနာတမ်း ယူသွားပါတယ်။

ရွှန်းမီ said...

happy birthday ပါ ..
သူငယ်ချင်းတွေ အများကြီး ဘလော့ဂ် တူတူရေးနေတာ တွေ့ရတာ ပျော်စရာကြီးပါလား..

မင်းကျန်စစ်။ said...

သယ်ရင်း ဦးတင့် ငါ့လဲ ကိုးနတ်ရှင်မဆက်သနိုင်လို့ တော်တော် ဟ သွားတယ်ကွာ။ ခုမမှီ မကမ်းလေး သိလိုက်လို့ တော်သေးတယ်။ ပျော်ရွှင်ဖွယ် မွေးနေ့မှသည် နောင်နှစ်တိုင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကွာ။ ညိမ်းညိုကတော့ မင်းကို ပြောထားရက်လိုက်တာ တစ်ပိုင်းစာလောက်လေးတဲ့။ ခံနဲ့ ပြန်ချ :P

တင့်ထူးရွှေ said...

မမလေးမ - ကျေးဇူးပါ အမ :D

ရတနာစိုး - အိုကေ ညီမ အားမနာတမ်းယူပါ :P

ရွန်းမီ - ဟုတ်ကဲ့ ကဗျာလေးတွေ ရေးကြတာပါ ၊ မွေးနေ့ဆုတောင်း အတွက်ကျေးဇူးနော် :D ၊

မင်းကျန်စစ် - ဟုတ်လား သယ်ရင်း ခုကော ပြန်စိသွားပြီလား ၊ မွေးနေ့ဆုတောင်းအတွက် ကျေးဇူးပါ ၊ ပြောလို့ ရတော့ဘူး သူပြောတဲ့အတိုင်း နာက တေးတေးလေး :P

ပန်းခရေ said...

နောက်ဆုံးများဖြစ်နေမလားမသိဘူး...
ဒါပေမယ့်အပြည့်အ၀ဆုတောင်းပေးပါတယ်...
မွေးနေ့မှစ၍နောင်နှစ်ပေါင်းများစွာတိုင်အောင်.
စိတ်ချမ်းသာပျော်ရွှင်စွာနှင့်
မိဘကျေးဇူးဆပ်နိုင်တဲ့
သားကောင်းရတနာတစ်ယောက်
ဖြစ်ပါစေ....
အဆင်ပြေပါစေ

တင့်ထူးရွှေ said...

ဟုတ်ကဲ့ ပါ မပန်းခရေ - ပေးတဲ့ဆုနဲ့ပြည့်ပါစေ
ဆုတောင်းပေးတာ ကျေးဇူးနော် အမ

lwanthukha said...

မင်းအတွက်ဆန္ဒနဲ့ဘ၀ဆိုတာ တစ်ထပ်တည်းကျနိုင်ပါစေဗျာ ...ပြီးတော့ ဒုက္ခဘဲ ကြုံကြုံ သုခဘဲကြုံကြုံ မင်းသွားမယ့်လမ်းမှာ သူငယ်ချင်း မင်းပြီးယင် ငါလိုက်လာခဲ့ပါ့မယ်...လွမ်းသုခ

Related Posts Plugin for WordPress, Blogger...
Copyright 2007-2012. Tint Htoo Shwe

Copyright 2007-2012. Tint Htoo Shwe